ကျိုင်းတုံမြို့၊ အဝေးပြေးကားဝင်းအတွင်း သော့မပါသည့်ဆိုင်ကယ်ကို တွန်း၍ လိုက်လံရောင်းချနေသူအား ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 8, 2019

ကျိုင်းတုံမြို့၊ အဝေးပြေးကားဝင်းအတွင်း သော့မပါသည့်ဆိုင်ကယ်ကို တွန်း၍ လိုက်လံရောင်းချနေသူအား ဖမ်းဆီး

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ယန်းခ်းအဝေးပြေးကားဝင်းအတွင်း စက်တင်ဘာလ ၇ ရက်၊ ညနေပိုင်းက သော့မပါသည့် ဆိုင်ကယ်အား တွန်း၍ လိုက်လံရောင်းချနေသော အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်လှစ်ထားကြောင်း သိရသည်။
.
.
ယင်းဆိုင်ကယ်မှာ ထိုင်းနိုင်ငံထုတ် Honda Wave 110 အမျိုးအစား အနီရောင် ဆိုင်ကယ်ဖြစ်ပြီး ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ နမ့်ချပ်ရပ်နေ စိုင်းစွမ်စီချုင်း (၂၆ နှစ်) မှ သော့မပါဘဲ တွန်းလာပြီး ယန်းခန်းကားဝင်း အတွင်း လိုက်လံရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
.
“တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ လိုက်လံရှာဖွေတော့ တောင်ကြီးလမ်းဘေး ဆိုင်ကယ်ပြင်ဆိုင် နားမှာ တွေ့ရပြီး ဆိုင်ကယ်နဲ့ပတ်သက်တဲ့ ဘာအထောက်အထားမှ မပြနိုင်တာကြောင့် တစ်နေရာရာကနေ ခိုးယူလာတယ်လို့ သံသယရှိပြီး အမှုဖွင့်အရေးယူဖို့ တိုင်ကြားထားပါတယ်” ဟု ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် လင်းလင်းထွန်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
“ဆိုင်ကယ်က အလွယ်တကူ ငွေဖြစ်မြန်တော့ ခိုးသူတွေ မျက်စေ့ကျပါတယ်။ ဆိုင်ကယ်ပိုင်ရှင်တွေက ပျောက်ရင်လည်း ရဲစခန်းတိုင်ကြားတာနဲ့ မသင်္ကာတာတွေ့ရင်လည်း ရဲစခန်းကို သတင်းပေးတာလုပ်မှ အခုလို သူခိုးကို ဖမ်းမိမှာပါ” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းမြို့မရဲစခန်းတွင် ဩဂုတ်လအတွင်းက ဆိုင်ကယ် ၁၂ စီး ခိုးယူမှုအား မသင်္ကာသူများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats