ကလောမြို့နယ်တွင် ဆေးခြောက် သယ်ဆောင်သူကို ဖမ်းဆီး - Kanbawza Tai News

Breaking

Monday, September 9, 2019

ကလောမြို့နယ်တွင် ဆေးခြောက် သယ်ဆောင်သူကို ဖမ်းဆီး

မင်းဇော်မင်း 
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာ၊ ပြည်ထောင်စုလမ်းမပေါ်တွင် ပူးပေါင်းအဖွဲ့မှ ရှာဖွေရေးလုပ်ငန်းများ ပြုလုပ်နေစဉ် မော်တော်ဆိုင်ကယ်ဖြင့် ဆေးခြောက်များ သယ်ဆောင်လာသူ တစ်ဦးကို စက်တင်ဘာလ ၈ ရက်၊ ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.

မူးယစ်တပ်ဖွဲ့စု(၂၅)နှင့် ကလောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စက်တင်ဘာလ ၈ ရက်၊ ည ၈နာရီခန့်တွင် ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာ ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်(၆၅/၃) အနီးတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကလောဘက်မှ သာစည်ဘက်သို့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်နေ နေလင်းထက် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်၏ နောက်ဘက်တွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဆေးခြောက်ဟု ယူဆရသည့် တန်ဖိုးငွေကျပ် ၄၆၈၀၀၀ ခန့် တန်ဖိုးရှိ အရွက်အခြောက် အတုံးအခဲများအား ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆေးခြောက်ဟု ယူဆရသော အရွက်အခြောက် အတုံးများကို သယ်ဆောင်လာသူ နေလင်းထက်အား ကလော မြို့မရဲစခန်းမှ မယ(ပ) ၁၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats