ကလောမြို့နယ် ရေယားကျေးရွာ ရေချောင်းအတွင်း အမည်မသိ အမျိုးသားတစ်ဦးအလောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 14, 2019

ကလောမြို့နယ် ရေယားကျေးရွာ ရေချောင်းအတွင်း အမည်မသိ အမျိုးသားတစ်ဦးအလောင်း တွေ့ရှိ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု ရေယားကျေးရွာ ရေချောင်းအတွင်း စက်တင်ဘာလ ၁၃ ရက်၊ ညပိုင်းက အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
ရေယားကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ ရေယားချောင်းအတွင်း အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ရေချောင်းအတွင်း အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွလျက် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘဲ မှောက်ခုံအနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး အလောင်းအား မှုခင်းဆေးစာဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ သေဆုံးသူ နှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ကလောမြို့မ ရဲစခန်းတွင် သေမှု၊သေခင်း အမှတ်စဉ် (၁၀/၂၀၁၉) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats