ကလောတွင် ကား ၃ စီး ဆင့်တိုက်၍ လူ ၅ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, September 21, 2019

ကလောတွင် ကား ၃ စီး ဆင့်တိုက်၍ လူ ၅ ဦး ဒဏ်ရာရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ မကွေရွာအနီးတွင် စက်တင်ဘာလ ၂၀ ရက်၊ ညပိုင်းက ၁၂ ဘီးယာဉ် ၂ စီးနှင့် ဟိုင်းလက်ယာဉ် ၁ စီး တို့ ဆင့်တိုက်မိရာမှ လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားကြီးယာဉ်နောက်လိုက် ကိုကျော်ငြိမ်းမှာ ဝဲဒူးအောက် ပြတ်ထွက်းဒဏ်ရာ ရရှိခဲ့ပြီး ကလောဆေးရုံသို့ တင်ပို့ပေးခဲ့သည်ဟု အောင်ပန်းနာရေးကူညီမှုအသင်းမှ ဦးစိုးနိုင် (ပန်းချယ်ရီ) က ကမ္ဘောဇတိုင်း သို့ပြောသည်။
.
“အားလုံး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရတယ်။ ကလောဆေးရုံကို အားလုံးတင်ပို့လိုက်ပါတယ်။ ဒဏ်ရာရသူတစ်ယောက်ကတော့ ယာဘက်ခြေထောက် ကျိုးပါတယ်” ဟု ဦးစိုးနိုင်က ပြောသည်။
.

ကလောဘက်မှ သာစည်ဘက်သို့ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာနေ မောင်မောင်ငြိမ်း (၃၇ နှစ်) မောင်းနှင်လာသော ၁၂ ဘီး မော်တော်ယာဉ် သည် စက်တင်ဘာလ ၂၀ ရက်၊ ည ၇ နာရီခွဲခန့်တွင် ဝက်ဖြူရေ ကျေးရွာအုပ်စု၊ မကွေကျေးရွာအကျော် အင်ကြင်းမြိုင်စားသောက်ဆိုင်ရှေ့၊ မိုင်တိုင်အမှတ် ၅၅/၅ နှင့် ၅၅/၆ အကြား အရောက်တွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ လားရာတူ မောင်းနှင်နေသော သာစည်မြို့နယ်နေသူ ဦးစိန်မောင် မောင်းနှင်သည့် Vigo ဟိုင်းလက် အနက်ရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး မျက်နှာချင်းဆိုင် တစ်ဘက်ယာဉ်ကြောမှ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်နေ လွင်ကိုကိုဦး (၄၆ နှစ်) မောင်းနှင်လာသည့် ၂၂ ဘီးယာဉ်အား ထပ်မံတိုက်မိခဲ့ပြီး လမ်း၏ ဝဲဘက်ခြမ်းရှိ အင်ကြင်းမြိုင်စားသောက်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း မောင်မောင်ငြိမ်းတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများနှင့် ဝဘြက်ဒူးခေါင်း ပြတ်ရှဒဏ်ရျာား ရရှိခဲ့ပြီး တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာနေ ယာဉ်နောက်လိုက် ကျော်ငြိမ်း (၂၀ နှစ်) တွင် ဝဲဘက်ခြေသလုံးပြတ်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာ ဟိုင်းလက်ယာဉ်မောင်း ဦးစိန်မောင်တွင် ခါးနာဒဏ်ရာနှင့် ယာဉ်ပေါ်ပါ စိုးလွင် (၃၅ နှစ်) တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ၂၂ ဘီးယာဉ်မောင်း လွင်ကိုကိုဦးတွင် ထိခိုက် နာကျင်ဒဏ်ရာများ ရရှိခဲ့ကာ ကလောမြို့နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်များ ထိခိုက်ပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၁၂၀ နှင့် အင်ကြင်းမြိုင် စားသောက်ဆိုင် ပျက်စီးမှုတန်ဖိုး ကျပ် ၁၀ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၁၃၀ ရှိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး အခြားသူများကို ပြင်းထန်စွာ ဒဏ်ရာရရှိစေသူ ယာဉ်မောင်း မောင်မောင်ငြိမ်းအား ယာဉ်(ပ) ၁၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၄၂၇ တို့ဖြင့် စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၂ နာရီတွင် ဖမ်းဆီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats