မင်းဇော်မင်း
.
ရှမ်းပြည်နယ်
တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဇုန်ဝင် ကြေးကိစ္စတွင် တင်ဒါလုပ်ထုံး လုပ်
နည်းများနှင့် ကိုက်ညီခြင်း မရှိသည့် အတွက် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်သို့
တိုင်ကြားခဲ့ မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အ စိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်
ဘဏ္ဍာရေးဝန်ကြီးဟောင်း အား ခေါ်ယူမှာကြား ကြပ်မတ်ခဲ့ပြီး ဖြစ်ကြောင်း အဂတိကော်မရှင်မှ
အ ကြောင်း ပြန်ကြားလာခဲ့သည်ဟု တိုင်ကြားခဲ့သူ Save The Inle Lake အဖွဲ့ အတွင်းရေးမှူး
ဦးညီညီထွန်း ထံမှ သိရသည်။
.
.
အင်းလေး ဇုန်ဝင်ကြေး
ပေးသွင်းမှု လုပ်ထုံးလုပ်နည်း မမှန်ကန်မှုအပြင် ငွေကြေး လျော့နည်းပေးသွင်းမှုကြောင့်
အင်းလေးဒေသ နစ်နာနေရသည်ဟုဆိုကာ ဦးညီညီထွန်း မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့
တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်း၏တိုင်ကြားစာအပေါ် ကော်မ ရှင်မှ ယခုကဲ့သို့ အကြောင်းပြန်ကြား
စာ ပေးပို့လာခြင်း ဖြစ်သည်ဟု သိရ သည်။
“ပြန်စာက
လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက ရောက်နေပါတယ်။ တိုင်ကြားတာကို အတိအကျ အရေးမယူဘဲ ညှိနှိုင်းနှစ်သိမ့်တဲ့စာ
ဖြစ်နေလို့ ခုမှ ပြောတာပါ။ အချင်း ချင်းပဲ အရေးယူတဲ့သဘော ဖြစ်နေ ပြီး ဆက်တိုင်ဖို့လည်း
နောက်ထပ် အဆင့် မရှိသလိုဖြစ်နေတာကို လူ ထုသိအောင်လို့ပါ” ဟု ဦးညီညီထွန်း က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဂတိလိုက်စားမှု
တိုက်ဖျက် ရေး ကော်မရှင်မှ ဇူလိုင်လ ၅ ရက် က ပေးပို့လာသည့် အကြောင်းပြန်ကြားစာတွင်
တိုင်ကြားစာအား အ ရေးယူ ဆောင်ရွက်နိုင်ရန် ကော်မ ရှင်ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်
ချက်အရ ရှမ်းပြည်နယ် အစိုးရ အ ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ပြည် နယ် အစိုးရအဖွဲ့၏
စိစစ်ချက်အ ရ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန် အားနည်းမှုကြောင့် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး
(လက်ရှိ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက် မှုဝန်ကြီး)အား နောင်တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ
ဆောင်ရွက် ရန် ပြည်နယ်ဝန်ကြီးချုပ်မှ ခေါ်ယူ မှာကြား ကြပ်မတ်ခဲ့ပြီး ဖြစ်ပါကြောင်း
ဖြင့် ဖော်ပြပါရှိသည်။
.
၂၀၁၇ ခုနှစ်၊
မတ်လ ၃၁ ရက်စွဲ ဖြင့် ချုပ်ဆိုထားသည့် အင်းလေးဇုန် စျေးပြိုင်အိတ်ပိတ် လေလံစာချုပ်ပါ
စည်းကမ်းချက်အတိုင်း လေလံ အောင်သူမှ လေလံ တင်သွင်းငွေ ၃၀၀၃၃ သိန်းအား အပြည့်အဝပေး သွင်းမှု
မရှိသည့်အပေါ် ဦးညီညီ ထွန်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က အဂတိ လိုက်စားမှုတိုက်
ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အင်းလေး ဇုန်ဝင်ငွေ ကောက်ခံခွင့် လေလံ အောင်ခဲ့သူ ဦးမြတ်မင်းစိုးအား
ဆက်သွယ်မေးမြန်းရာ “စာချုပ်မှာ ပြည့်မီအောင် ပေးသွင်းရန် ဆိုတဲ့ အချက် မပါဘူး။ နေ့စဉ်
ကောက်ခံ ရငွေကို ပေးသွင်းဖို့သာပါလို့ တာဝန် ပြည့်မီအောင် ပေးသွင်းနိုင်ခဲ့ပြီး ပေး
သွင်းရန် တာဝန်မရှိတော့ဘူးလို့ ခံ ယူထားပါတယ်၊ ပေးစရာငွေလဲ မရှိ ပါဘူး။ အစကတည်းက ဒေသအ
တွက်နိုင်ငံအတွက် အထောက်အကူ ဖြစ်စေဖို့ ဒီလုပ်ငန်းကို လုပ်ဆောင် ခဲ့တာဖြစ်လို့ လိပ်ပြာသန့်ပါတယ်။
လုပ်ငန်း ဝင်ငွေမပြည့်မီ ရတာက လည်း ရခိုင်ပြဿနာနဲ့ H1N1 ကိစ္စ က ထိခိုက်စေခဲ့တာ ဖြစ်တာပါ။
လူ ကြောင့် စီမံကိန်းကြောင့် ထိခိုက် ရတာ မဟုတ်တဲ့အတွက် စာချုပ်ပါ စည်းကမ်းအတိုင်း
ဖြေလျှော့ခွင့်တင် ပြခဲ့လို့ အစိုးရကခွင့်ပြုခဲ့တာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ပြီးခဲ့သည့်
ဇွန်လ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအ ကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက်
ပုံမှန်အစည်းအဝေး တွင် ကလောမြို့နယ် မဲဆန္ဒနယ်အ
မှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အ တွက်
အင်းလေးဇုန် ဝင်ခွင့်ရငွေ လျာ ထားချက်၊ လေလံအောင်မြင်သူနှင့် စာချုပ် ချုပ်ဆိုမှုအရ
လေလံကြေး နှင့် စာချုပ်ပါအတိုင်း ဆောင်ရွက် ထားရှိခဲ့မှု အခြေအနေနှင့် စပ်လျဉ်း ၍ မေးခွန်းမေးမြန်းရာ
ပြည်နယ်စီ မံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုး ညွန့်လွင်က အကြွေးကျန်ငွေ ၃၅၆ ဒသမ ၇၂၈
သန်းတွင် အရှုံးပေါ်ပြီး လေလံငွေ ပေးသွင်းနိုင်ခြင်း မရှိသေး သောကြောင့် ဖြေလျှော့ပေးနိုင်ရန်
လေလံရရှိသူမှ တင်ပြလာမှုအပေါ် ရှမ်းပြည်နယ် အစိုးရအနေဖြင့် ၅၀ ရာခိုင်နှုန်း ဖြေလျှော့ပြီး
ဖြစ်ကြောင်း ထို့ကြောင့် လေလံကြေး ငွေပေးသွင်း ရန် ၁၇၈ ဒသမ ၃၆၄ သန်း ကျန်ရှိ နေပါကြောင်း
ဖြေကြားထားသည်။
.
No comments:
Post a Comment