လူကုန်ကူးမှုတွင် လက်ထပ်ရန် တရုတ်သို့ စေခိုင်းခြင်းသည် အများဆုံး ဖြစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, September 12, 2019

လူကုန်ကူးမှုတွင် လက်ထပ်ရန် တရုတ်သို့ စေခိုင်းခြင်းသည် အများဆုံး ဖြစ်


ထက်တိုင်းကျော်
.
၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ဖြစ်စဉ် များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့ ရာ တရုတ်နိုင်ငံအတွင်းသို့ အဓမ္မ လက်ထပ်ရန်အတွက် လူကုန်ကူးခံရ မှု အများဆုံး ဖြစ်သည်ဟု သိရသည်။
.
 
.
ယင်း လူကုန်ကူးမှုများတွင် လူကုန်ကူးခံရသူ စုစုပေါင်း ၄၆ ဦး ရှိပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် အရွယ်မရောက်သေးသည့် ကလေးငယ် ကျား ၁ ဦး၊ မ ၁၃ ဦးတို့ဖြစ်သည်ဟု လူကုန်ကူးမှု တား ဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
.
“လူကုန်ကူးခံရတာနဲ့ ပတ်သက် လို့ ပြောရရင် ဆင်းရဲလို့၊ ပညာမတတ် လို့ဆိုပြီး တစ်ထစ်ချ မှတ်ချက်ပြုဖို့ ခက်ပါတယ်။ မိန်းကလေးတချို့ဆို ရင် ဆယ်တန်းအောင်ပြီးလို့ တက္က သိုလ်ကျောင်းသူထဲက ဖြစ်ပါတယ်” ဟု အငြိမ်းစားရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏အတွေ့အကြုံအား ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
“ကျွန်မတို့ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ စာ သင်ကျောင်းတွေ၊ ရပ်ရွာတွေနဲ့ လူအ များ သွားလာတတ်တဲ့ လေဆိပ်၊ ကားဂိတ်၊ မြို့အဝင်အထွက် နေရာ တွေမှာ အဆက်မပြတ် ပညာပေး ဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာကို လုပ်နေပါတယ်”ဟု ကျိုင်းတုံမြို့၊ အမှတ် (၁၈) လူကုန် ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး မီမီကိုက ပြောသည်။
.
၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှု၂၇ မှု တွင် ကျူးလွန်ခဲ့သည့် တရားခံ ၇၃ ဦး ရှိခဲ့ပြီး ရှမ်းပြည်နယ်တွင် ၈ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ မှု၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် ၃ မှုစီ၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ၁ မှုစီ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats