ခွန်သက်ထူး
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့
မွေ တော်
ဘုရားကြီး အနီးတွင် အများ ပြည်သူ အနားယူ
အပန်းဖြေ နိုင်ရေး အတွက် ပန်းခြံ တည်ဆောက်သွား
မည် ဖြစ်ကြောင်း
သိရသည်။
.
.
“ထင်းရှူးပင်လေးတွေ၊အပင်
ငယ်လေးတွေ စစိုက်နေပြီ။ မြို့အဝင်
မှာ ပန်းခြံလည်းရှိတော့
ကောင်းတာ ပေါ့။ အများပြည်သူအတွက်
အား ကစား
ပစ္စည်းတွေလည်း လုပ်ပေး သွားမယ်။
ဘတ်ဂျက်နဲ့လုပ်တာ မ ဟုတ်ဘူး။
ပြည်သူ ထည့်ဝင်ငွေနဲ့
လုပ်တာလည်း မဟုတ်ဘူး။ အားတဲ့ အချိန်တွေမှာ အပင်လေးတွေ
သွား စိုက်နေတာပါ”
ဟု ဟိုပုံးမြို့နယ်စည်
ပင်သာယာရေးဌာနမှ ဦးမောင်မောင် မြင့်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ဟိုပုံးမြို့၊ မွေတော်ဘုရားကြီး ရှေ့တွင် ယခင်က အလှပန်းခြံ တည်ရှိ
ခဲ့သော်လည်း လမ်းနယ်ချဲ့ထွင်ခြင်း လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ဖျက်ခဲ့ရသဖြင့် ယခုအခါ မြို့အဝင် မွေတော်ဘုရားဘေးတွင် ပြန်လည် တည်ဆောက်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
"ပန်းခြံလေး ပြန်လုပ်ပေးတာ တော့ ကောင်းတာပေါ့။ အရင်ကဆို မနက်ခင်းစောစော
လမ်းလျှောက် ရင်း အပန်းဖြေ အားကစားလုပ်ဖို့ ပန် ခြံလေးက ကျောက်တိုင်ကွင်းနေရာ မှာရှိတယ်။ လမ်းပြုပြင်တော့
ဖျက် လိုက်ရတယ်"ဟု ဟိုပုံးမြို့နေ
ဒေသ ခံတစ်ဦးက
ပြောသည်။
.
ယခင် ကျောက်တိုင်ကွင်းပန်းခြံ အတွင်းရှိ အားကစားပစ္စည်းများ
အားလက်ရှိ အသစ်တည်ဆောက် မည့် ပန်းခြံအတွင်း ပြောင်းရွှေ့နေရာ ချထားမည်ဖြစ်ကြောင်းလည်း
သိရ သည်။
.
No comments:
Post a Comment