ဟိုပုံးတွင် မြို့နှင့်အလှမ်းဝေးပြီး သွားလာရေး ခက်ခဲသော ကျေးရွာများသို့ မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရန် ကွင်းဆင်းကြည့်ရှု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 8, 2019

ဟိုပုံးတွင် မြို့နှင့်အလှမ်းဝေးပြီး သွားလာရေး ခက်ခဲသော ကျေးရွာများသို့ မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရန် ကွင်းဆင်းကြည့်ရှု



ခွန်ရဲထွေး (ဆီဆိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ မြို့နှင့် အလှမ်းဝေးပြီး သွားလာရေး ခက်ခဲသော ကျေးရွာများသို့ မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရေးအတွက် စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဟိုပုံးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဦးစောသန်း ချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
.
.
ဒေသခံ တိုင်းရင်းသားပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေချောမွေ့စေရေးနှင့် ဒေသထွက်ကုန် များ သယ်ယူပို့ဆောင်ရာတွင် ပိုမိုလွယ်ကူလျှင်မြန်စေရန်အတွက် မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၂၃ ဒသမ ၁၀၅ သန်းဖြင့် Golden Top Point ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးသည့် နောင်ဒေးကျေးရွာအုပ်စု၊ စဝ်တော-နောင်ဒေးလမ်း ၁၂ မိုင်အနက် ၂ မိုင် ကျောက် ချောလမ်း ခင်းကျင်းဆောင်ရွက်ထားမှုနှင့် ကျန် ၁၀ မိုင်အား ၂ မိုင် ကျောက်ချောခင်းနိုင်ရေး ဆောင်ရွက်နေမှု၊ နောင်ဝယ်-မီးရဲ-မတ်စောင့်-ဖက်နမ်ကျေးရွာသွား ကျေးရွာချင်းဆက် မြေသားလမ်း ၄ မိုင် အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စော်တာ-ပါမိုက် ကျေးရွာချင်းဆက် မြေသားလမ်း ၂ မိုင်၊ မောက်မွန်ကျေးရွာအုပ်စု၊ ကန်တရား-ပုံခ်း-ပန်ယာဉ်-မဲ့တချောင်း ကျေးရွာချင်းဆက် မြေသား လမ်း ၃ မိုင်၊ ၄ ဖာလုံ အကောင်အထည်ဖော် ဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats