စွန့်ပစ်ခံ ကလေးငယ်အား ဟိုပုံးဆေးရုံတွင် ဆက်လက် ပြုစု စောင့်ရှောက်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 9, 2019

စွန့်ပစ်ခံ ကလေးငယ်အား ဟိုပုံးဆေးရုံတွင် ဆက်လက် ပြုစု စောင့်ရှောက်ထား

ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အထွက် အောင်သပြေ ရေဆေး ဆီလိုက် အနီးရှိ ရေမြောင်းအတွင်း တွေ့ရှိခဲ့သော စွန့်ပစ်ခံ ကလေးငယ်(ယောကျ်ားလေး) အား ဟိုပုံးဆေးရုံတွင် ဆက်လက် ပြုစု စောင့်ရှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။
.
"ကလေးကိုတော့ ဆေးရုံမှာပဲ ပြုစု စောင့်ရှောက်ထားတယ်။ နို့ဘူး တိုက်တယ်။ အောက်စီဂျင်တွေ ချိတ်ပေးထားတယ်။ နို့ဘူးကို ကောင်းကောင်း စို့တတ်ပြီဆိုမှ ကိုယ့် သားသမီးအရင်းလို စောင့်ရှောက်မယ့် သူကို စာချူပ်တွေနဲ့ ပေးမယ်။ မွေးစားမယ့်သူ မရှိရင်တော့ ဆေးရုံမှာ ၆ လ အထိ စောင့်ရှောက်မယ်။ ပြီးရင်တော့ လူကယ်ပြန်ကို အပ်ပါမယ်"ဟု  ဟိုပုံးမြို့နယ် ပြည်သူဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ကလေးငယ်အား စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက  ဟိုပုံးမြို့အထွက် အောင်သပြေ ရေဆေးဆီလိုက် ဆိုင်ရှေ့ ရေမြောင်းအတွင်း၌ ဆိုင်ရှင် ဦးစိုးညွှန့်မှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိချိန်တွင် ကလေးငယ်သည် မွေးဖွားပြီး တစ်ရက်သာ ရှိသော ကလေးငယ် တစ်ဦး ဖြစ်ကာ ထိခိုက် ဒဏ်ရာ အနည်းငယ် ရရှိနေသဖြင့် ဟိုပုံးမြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေခြင်း ဖြစ်သည်။
.
"ကလေးကို မွေးစားမယ့် မိဘတွေကလည်း ကိုယ့်သားသမီး အရင်း တစ်ယောက်လို မွေးစားရင် ကောင်း တာပေါ့။ လက်ရှိ ဆေးရုံမှာ ပြုစုစောင့်ရှောက်နေတယ် ဆိုတော့ ကလေး ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့” ဟု ဟိုပုံးဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဟိုပုံးမြို့တွင် မွေးကင်းစကလေး စွန့်ပစ်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ကလေးငယ်အား စွန့်ပစ်သူများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ဟိုပုံးမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats