ဟိုပုံးမြို့ပေါ် ရပ်ကွက်များအတွင်း အမှိုက်သိမ်းယာဉ် လာရောက် သိမ်းဆည်းခြင်း မရှိဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 20, 2019

ဟိုပုံးမြို့ပေါ် ရပ်ကွက်များအတွင်း အမှိုက်သိမ်းယာဉ် လာရောက် သိမ်းဆည်းခြင်း မရှိဟု ဆို


ခွန်သက်ထူး
.
ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်ရပ်ကွက်များတွင် စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်း ယာဉ်များ လာရောက် သိမ်းဆည်းခြင်း မရှိကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
"ရပ်ကွက်တွေထဲကို မကြာခဏ အမှိုက်ကား လာပေးသင့်တယ်။ အခုက မလာတာကို တော်တော် ကြာနေပြီ။ ရပ်ကွက်ထဲလည်း အမှိုက်ကန် တို့၊ ပစ်မယ့် နေရာတို့ စီစဉ်ပေးထားတာ မရှိဘူး။ အဲဒီလို မရှိတော့ တချို့ဆို ချောင်းတွေ၊ မြောင်းတွေထဲ ပစ်ကြတယ်။ သက်ဆိုင်သူတွေ အနေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပေးသင့်ပါတယ်ဟု ဟိုပုံး ဒေသခံ တစ်ဦးက ပြောသည်။
.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးမောင်မောင်မြင့်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ လောလောဆယ်က မိုးတအား ရွာတော့ အမှိုက်ကွင်းမှာ ကားနစ်တယ်။ သွားဖို့ ခက်တယ်။ ရာသီဥတု ကောင်းရင်တော့ ပုံမှန်အတိုင်း ရပ်ကွက်တွေထဲ ပြန်ပတ်ပေးမှာပါဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ဟိုပုံးမြို့တွင် မြို့ပေါ် ၆ ရပ် ကွက်၊ အိမ်ခြေ ၃၇၇၁ အိမ်၊ လူဦးရေ ၁၈၃၃၁ ဦး ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။
.
ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနတွင် အမှိုက်သိမ်းယာဉ် တစ်စီးသာ ရှိပြီး မြို့ပေါ်မှ ထွက်ရှိသည့် အမှိုက်များကို နောင်တောင်ကျောင်း သွားလမ်းရှိ အမှိုက်ကျင်းတွင် သွားရောက် စွန့်ပစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats