၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) အား ပြည်နယ်လွှတ်တော်တွင် ဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, September 19, 2019

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) အား ပြည်နယ်လွှတ်တော်တွင် ဆွေးနွေး


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပ‌ဒေ (မူကြမ်း) အား ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
.
ဒုတိယအကြိ်မ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ယနေ့ ကျင်းပသော ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦးရှိသည့်အနက် ၁၂၁ ဦး တက်ရောက်ပြီး ခွင့်ပန်ကြားသူ ၁၉ ဦး ရှိခဲ့သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
.
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၁ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဖွဲ့အစည်းဝင်များမှ ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၆ ရက်ကြာ ကျင်းပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats