GYM နှင့် ကျန်းမာရေး ဆက်စပ် အတွေးများ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 9, 2019

GYM နှင့် ကျန်းမာရေး ဆက်စပ် အတွေးများ


ကျော်လင်းထွန်း(ချောင်းဦး)
.
ခေတ်ရေစီးကြောင်းထဲတွင် GYM ရေစီး ကြောင်း (Gym current) ကြီးလည်းစီးမျောပါ လာသည်။ ခေတ်ရေစီးကြောင်းဆိုတော့လည်း ရှောင်လွဲ၍မရ။ အတွန်းအတိုက်ခံရမည်။ သို့ သော်ရှောင်တိမ်းသူက ရှောင်တိမ်း၊ တွန်း တိုက်ခံရင်း မျောပါသူကမျောပါနှင့် လောက ဓမ္မတာပင်ဖြစ်သည်။
.
စာအုပ်စာပေ ဖတ်ရှုမှု အားနည်းလွန်း သော လူမှုဝန်းကျင်၏ ထုံးစံအတိုင်း စဉ်းစား ဆင်ခြင်မှုအားနည်းလာကြပြီ။ တစ်ဦးတစ် ယောက်စလုပ်လျှင် နောက်ကလိုက်လုပ်ကြ သည်။ တကယ်တတ်သိသော သူများသည် စူးစမ်းလေ့လာမှု၊ သုတေသနသေချာပြုလုပ်။ ဘေးထွက်ဆိုးကျိုးကို ဆင်ခြင်သုံးသပ်နိုင်ပြီး သူများယောင်တိုင်း မယောင်တတ်ကြပေ။ ယနေ့ခေတ်တွင် Gym များ အလျှိုလျှိုပေါ်ထွက် လာပြီး၊ Gym ကစားသူများကိုလည်း အလွန် ပေါများစွာ တွေ့နေရပါသည်။ Gym မကစား သူတွေပင် ခေတ်နောက်ကျသူများလို့ လက် ညိုးထိုးခံရတော့မလိုဖြစ်နေသည်။ ကြီးငယ် လတ်၊ ပျို အိုမရွှေး ကစားနေကြသည်။ တ ကယ်ရောကျန်းမာရေးအတွက် ထိရောက်မှုရှိ ရဲ့လားဆိုသည်မှာ Gym ဆော့ကစားသူများ၏ ဘဝနေထိုင်မှု ပုံစံနှင့်စားသောက်မှုပုံစံအပေါ် မှုတည်ပါသည်။
.
ကိုယ်လက်လှုပ်ရှား အားကစားသည် ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်ပါသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးအ တွက်မူ ကိုယ်လက်လှုပ်ရှား အားကစားသည် မဖြစ်မနေလိုအပ်ပါသည်။ ယနေ့ခေတ်မြို့ပြ သည် မွန်းကြပ်ပြွတ်သိပ်မှု များလာပြီး၊ ကျန်း မာရေးနှင့် ညီညွတ်သော လှုပ်ရှားသွားလာမှု အားနည်းလာကြသည်။ ကျောင်းသားလူငယ် ထု၏ သင်ကြားမှု ပုံသဏ္ဍာန် လွဲချော်မှု(သင် ကြားသင်ယူချိန်များလွန်းပြီး၊ လက်တွေ့နှင့် သုတေသနမရှိသလောက်အားနည်းမှု)နှင့်အ တူ ခေတ်စနစ်၏ အစားအစာ (ဓာတုပစ္စည်း ပါဝင်သောအစားအစာ) များကိုအားထားပြီး နှစ်သက်လာမှုကြောင့် လူငယ်အများစု၏ ကျန်းမာကြံ့ခိုင်မှု အားနည်းလာကြသည်။ ခေတ်၏ပြောင်းလဲမှုကြောင့် မော်တော်ယာဉ် နှင့် စွမ်းအင်လောင်စာအသုံးပြုမှု များပြားလာ ခြင်း၏ အကျိုးဆက်အဖြစ် လေထုကြီးနှင့်တစ် ကွ သဘာဝပတ်ဝန်းကျင် ပျက်စီးလာသည်။ နည်းပညာကိုအားကိုးလွန်း၊ အသုံးပြုလွန်းခြင်း ကြောင့် လူ့စွမ်းအားစိုက်ထုတ်မှု နည်းလာကြ ပြီး ကျန်းမာရေးချို့တဲ့လာကြသည်။ အဝလွန် အဆီများသူများ၊ မျက်စိအားနည်းလာသူများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းလာသူများမှာ တစ်နေ့တစ်ခြား ပိုများလာသည်မှာ အားလုံး အသိဖြစ်ပါသည်။
.
အားကစားခန်းမ (gym) များကို စာရေးသူ အားပေးချင်ပါသည်။ ထိုထက်ကျန်းမာရေးအ တွက် တကယ်အထောက်အကူပြုသော gym ခန်းများဖြစ်စေချင်ပါသည်။ ကိုယ်လက်လှုပ်  ရှားကျန်းမာရေးလေ့ကျင့်ခန်း (Physical exer cise) ပြုလုပ်ရန်အတွက် သွေးထဲသို့အောက် ဆီဂျင်များဝင်ရောက်စေသည့် အားကစား နည်း (aerobies) ဖြစ်ရန် လေ ကောင်းလေသန့် ဝင်ထွက်မှုကို ၀၀လင်လင်ရှူရှိုက်ရမည်။ ထို့ ကြောင့် gym ခန်းများသည် သစ်ပင်များကြား တွင် သစ်ပင်မှထုတ်လွတ် ပေးလိုက်သော လေကောင်းလေသန့်များ ဝင်ထွက်သွားလာ ရန် လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိဖွင့်လှစ်သင့်ပါသည်။ အောက်ဆီဂျင်များ သော လေကောင်းလေသန့်ရှူရှိုက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အဆုပ်၊ ကြွက်သားနှင့် အ စာချေအင်္ဂါ၊ အာရုံကြောစသော အဖွဲ့အစည်း များအတွက်လွန်စွာလိုအပ်ပါသည်။
.

(Photo - Internet)
 ယခုသော်အချို့ Gym ခန်းများမှာ ယာဉ် များဥဒဟို သွားလာနေသော လမ်းမကြီးဘေး၊ အိမ်ခြေထူထပ်သော မြို့ပြ တိုက်တာများအ ကြား မှန်လုံအခန်းများနှင့် Aircon နှင့် ဖွင့် ထားသည်။ ဘယ်မှာလဲလေကောင်းလေသန့်၊ ဘယ်မှာလဲအောက်ဆီဂျင်။ တချို့ gym ခန်း တွင် စုံစမ်းမေးမြန်းသောအခါ ပိုင်ရှင်က ဆရာ ဝန်ဟုဆိုသည်။ ဒါဆိုသေချာသည်။ ဒီဆရာ ဝန်သည် စာမဖတ်သောဆရာဝန်၊ ပြည်သူ့ ကျန်းမာရေးကို အာရုံမရှိ။ ငွေနောက်လိုက်နေ သော တစ်ကိုယ်ကောင်းဆန်သည့် စာတော် လူမိုက်ဆရာဝန်ဖြစ်ပါလိမ့်မည်။ အချို့ gym ခန်းပိုင်ရှင်များကျပြန်တော့ မိမိတို့က ပိုက်ဆံ ရှိပြီး၊ မိမိတို့သား (တက္ကသိုလ်ကျောင်းသား) ကို လုပ်ငန်းလုပ်စေချင်တာရော၊ ကြွားချင်တာ ရော၊ လူကြားကောင်းအောင်ရော၊ ကလေး တွေခြေငြိမ်အောင်ရော၊ စဉ်းစားပြီး ရေရှည်အ ကျိုး၊ လူထုအကျိုးမငဲ့သော စာမဖတ်သည့် လူ ချမ်းသာများ ဖြစ်နေတတ်သည်။
.
      gym နဲ့ပတ်သက်၍ အမျိုးမျိုးခွဲခြားရပေမည်။
      (၁) gym ပိုင်ရှင်၏ ရည်ရွယ်ချက်၊
      (၂) နည်းပြ၊ လေ့ကျင့်ပေးသူ၏ အရည်အချင်း။
      (၃) gym ဆော့ကစားသူ၏ gym ခန်းပြင် ပနေထိုင်မှုပုံစံ၊
      (၄) gym ခန်း၏တည်နေရာနှင့် ပတ်ဝန်း ကျင်၊
      (၅) gym ခန်းသုံးပစ္စည်းအမျိုးအစား
စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာသင့်ပါ သည်။
.
ယနေ့လူမှုဝန်းကျင်၏ အစိတ်အပိုင်းအ များစု (အားလုံးနီးပါး) မှာ စာအုပ်စာပေ ဖတ်ရှု မှု လေ့လာမှု မရှိသော ပတ်ဝန်းကျင်ဖြစ်သည် နှင့်အညီ လူအများစုမှာ ရေရှည်မျှော်မှန်းမှု၊ လူ့ ဘောင်လောကနှင့် ကမ္ဘာကြီး၏ အနာဂတ်ကို တွေးတောသူကရှားလာပါသည်။ လတ်တ လောအဆင်ပြေမှုကို ရှေ့တန်းတင်ကာ ပတ် ဝန်းကျင်ကောင်းကို ရေရှည်ထိန်းသိမ်းလို သူက နည်းပါးလာကြသည်။ ထို့ကြောင့်ပင် လောက၏ ပတ်ဝန်းကျင်ကောင်းကို ရေရှည် ထိန်းသိမ်းထားလိုသူက နည်းပါးလာကြသည်။ ထို့ကြောင့်ပင် လောကပတ်ဝန်းကျင်အသီးသီး ၌ အရည်အချင်းမပြည့်မီသူများက ခဏတာပဲ ဖြစ်ဖြစ်ရပ်တည်နိုင်ပြီးရောနှင့် ရေရှည်မကြည့် ဘဲ လက်တည့်စမ်းကြသည်။ ဤသို့သောသူ များကို စာမဖတ်ကြ၍ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိသော သူများကခေတ္တကိုမမြင်ဘဲ ယုံကြည် အားကိုးကြသည်။ (ဥပမာ ပညာရေး၊ ကျန်းမာ ရေး၊ အုပ်ချုပ်ရေး၊ ပြင်ပအလုပ်အကိုင်များစ သည်အားလုံးတွင် လူကြီး(သို့မဟုတ်) ဆရာ နေရာမှ) လူအများစုမှာ စာဖတ်အားနည်းလာ ကြသောကြောင့် စဉ်းစားဆင်ခြင်သုံးသပ်မှု အားနည်းနေကြသည်။ ထိုသူများကို ဆရာ တင်မိရာမှတစ်ဆင့် မိမိနစ်နာခဲ့ရသော "ဘယ် သူမပြု၊ မိမိမှု" ဆိုသည့်အတိုင်း မိမိလည်း စာ ပေဖတ်ရှုလေ့လာမှု အားနည်းခဲ့ရာမှ မိမိညံ့ခဲ့ သောကြောင့်သာဖြစ်သည်။ gym trainer ရဲ့ ရပ်တည်ချက်အချင်းအမှန်ကိုရော မိမိသိရဲ့ လား စဉ်းစားဖို့လိုသည်။ မိမိ၏ဆရာ (gym  နည်းပြ) မှာမူမမှန်အခြောက်ဖြစ်နေပါမူ၊ (သို့ မဟုတ်) လိင်တူစိတ်ရှိပါမူ သူ၏တပည့် မိမိဘ ဝ၊ မိမိအဖြစ်မှာ စဉ်းစားသာကြည့်ရုံရှိတော့ သည်။
.
(Photo - Internet)
Lifestyle (နေထိုင်မှုပုံစံ) မှာ စားချင်သလို စား၊ ထိုင်ချင်သလို ထိုင်ပြီးမှ သူ့အချိန်ရောက် ကာမှ လူမြင်ကောင်းအောင်သွား၊ မလွှဲမရှောင် သာသွား၊ သင်တန်းကြေးနှမြော၍သွားရခြင်း မှာ အဓိပ္ပာယ်မရှိပါ။ gym မှာသွားပြီး ဆော့က စားပြီး organic မဟုတ်သော ဓာတုအစားအ စာများ၊ ဓာတုပစ္စည်းဖြင့် ပြုလုပ်ထားသော  ready made အချိုရည်များနှင့် tubed snacks များကို စားနေလျှင် gym ကစားတာအလကား ဖြစ်ပေတော့မည်။ အချို့ကလေးတွေရှိသေး သည် gym တော့ဆော့ကစားပါ၏ သို့သော် ညသန်းခေါင်ကျော်အထိ handset နှင့် game ဆော့၊ online သုံးမနက်တိုင်း  ၈ နာရီ ၉ နာ ရီမှထ ဘယ်မှာကျန်းမာရေးနှင့် ညီညွတ်ပါဦး မည်နည်း။ သူများအမြင် အပေါ်ယံ (for show) သာလျှင် ကျန်းမာရေးလိုက်စားနေ ခြင်း ဖြစ်သည်။ သဘာဝအသီးအရွက်ကိုတော့ မကြိုက်၊ နေထိုင်မှုပုံစံကပျင်းရိပျင်းရွဲနှင့် မိမိ ပတ်ဝန်းကျင် သန့်ရှင်းရေးကိုပင် စိတ်မဝင်စား သူက gym ကစားလျှင် အချိန်နှင့်ငွေနှမြောဖို့ ကောင်းသည်။ တွေ့သမျှအငမ်းမရ၊ အဝစား သူက တစ်ရက်တစ်ခါ gym ကစား၊ အစားအ အိပ်က မက်မောနေပါမူ gym ကစားခြင်း၏ အကျိုးဘာထူးပါမည်နည်း။
.
ထို့ကြောင့် gym တည်ထောင်သူများက အားကစားသမားများအတွက် လေကောင်း လေသန့် ရရှိရေး၊ လေဝင်လေထွက် ကောင်း မွန်စေရေးကို ဦးစားပေးရန် လိုအပ်ပေသည်။ အရည်အသွေး စံချိန်စံညွှန်းမီ အားကစား ကိရိယာများ အသုံးပြုသင့်သည်။
.
ထို့အတူ gym trainer နှင့် gym  ကစား သူများ၏ အားကစားစိတ်ဓာတ်နှင့် ကျန်းမာ ရေးအမြင်များ၊ ရည်မှန်းချက်များ မှန်ကန်စေ ချင်သည်။ ပိန်ကလည်းပိန်ချင်၊ အစားအစာနှင့် အအိပ်ကမူမမှန်၊ အနေအထိုင်က ဖြတ်လတ် တက်ကြွမှုမရှိပါမူ gym ကစားခြင်းသည် ငွေ ကုန် အချိန်ကုန်၊ မိမိစိတ်ဓာတ်ပျက်စီးပြီး ''ရေ ပေါ်အရုပ်ရေး၊ သဲထဲရေသွန်" ဖြစ်နေမည်။
.
သို့ပါ၍ အဓိပ္ပာယ်ရှိသော gym ခန်းများ၊ gym အားကစားသမားများ ထွန်းကားပါစေ ကြောင်းနှင့် ကျန်းမာရေးကို ရှေးရှု စာအုပ်စာ ပေဖတ်ရှုကြစေကြောင်း အကြံပြုတိုက်တွန်း အပ်ပါသတည်း။
.

No comments:

Post a Comment

Journal Download

Photo of three cats