ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်များတွင် သတ်မှတ်ရွှေအလေးချိန်ထက် ပိုမိုသယ်ဆောင်ခြင်းမပြုရန် လိုအပ် ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, September 14, 2019

ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်များတွင် သတ်မှတ်ရွှေအလေးချိန်ထက် ပိုမိုသယ်ဆောင်ခြင်းမပြုရန် လိုအပ် ဟုဆို


မင်းဇော်မင်း
.
ဂေါတမဘုရားရှင် ပွင့်တော်မူရာဒေသဖြစ်သော အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာသို့ ဘုရားဖူးခရီးစဉ် သွားရောက် ရာတွင် အိန္ဒိယနိုင်ငံမှ သတ်မှတ်ထားသည့် ရွှေအလေးချိန်ထက် ပိုမိုသယ်ဆောင်သွားခြင်းမပြုရန် လိုအပ်သည်ဟု ဘုရားဖူး လုပ်ငန်းကော်မတီထံမှ သိရသည်။
.
Photo - Internet
.
အိန္ဒိယနိုင်ငံ၊ ဂါယာလေဆိပ်တွင် ယခုနှစ်ဘုရားဖူးရာသီ၌ ပိုမိုတင်းကြပ်လာမည့် စည်းကမ်းချက်များအရ ဘုရားဖူးများ အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံဘက်မှလည်း လိုအပ်သည့် လိုက်နာဆောင်ရွက်ဖွယ် ရာများကို သာသနာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ဗုဒ္ဓဂါယာဘုရားဖူးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးမောင် မောင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အများဆုံးလာကြတာက သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်းတို့ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာက ရွှေသယ်လုပ်ငန်း လုပ်လာကြလို့ မနှစ်က ဂါယာလေဆိပ်မှာ ပိုတင်းကြပ်တဲ့ စစ်ဆေးမှုတွေ လုပ်လာတော့ နိုင်ငံအတွက်ရော၊ ဘာသာ အတွက်ရော မကောင်းဘူးဖြစ်လာတယ်။ ဘုရားဖူးတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်ရတော့ ဒီနှစ်မှာ အဲ ဒီလိုမဖြစ်အောင် ကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေကလည်း လိုက်နာ၊ ဘုရားဖူးတွေလည်း သိအောင် သတင်းပေးပို့ နှိုး ဆော်ရခြင်းဖြစ်ပါတယ်ဟု ဦးမောင်မောင်မြင့်က ပြောသည်။
.
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ရွှေဈေးနှင့် အရည်အသွေး ကွာဟမှုများကြောင့် ရွှေသယ်ယူမှုများကို လေ ကြောင်းမှ ပြုလုပ်လာကြရာ ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့များတွင် ရွှေများဝတ်ဆင်စေပြီး ကုန်ကူးမှုများ ရှိလာသဖြင့် ယင်း ကဲ့သို့ လုပ်ဆောင်သည့် ကုမ္ပဏီများကို အရေးယူဆောင်ရွက်သွားရန် ရှိနေကြောင်း သိရသည်။
.
ဘုရားဖူးများကို ဈေးလျှော့ပေးမည်ဟုဆိုကာ ရွှေဝတ်ဆင်စေ၍ ကုန်ကူးခိုင်းခြင်းများ ရှိနေသဖြင့် ယင်းကဲ့ သို့သော ကုမ္ပဏီများနှင့် မသွားမိစေရန် လိုအပ်ကြောင်း၊ ဗုဒ္ဓဂါယာလေဆိပ်တွင် ဝတ်ဆင်လာသည့် ရွှေထည် ၃၀ ဂရမ်မှာ အလေးချိန် ဒသမ ကျပ်သားသာ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကျပ်သိန်း ၁၀၀ အောက် တန်ဖိုးရှိ ရွှေ ထည်ပစ္စည်းများကို ဝတ်ဆင်သွားလိုပါက မှတ်တမ်းတင်ပြီး ထွက်ခွာခွင့်ပြုသော်လည်း ပြန်လာချိန်တွင် ထွက်သွား စဉ်က စာရင်းအတိုင်း ပြန်လည်အစစ်ခံရကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံတွင် လူတစ်ဦးလျှင် ရူပီး သိန်း (မြန်မာငွေ ၂၂ သိန်းခန့်) တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကိုသာ ဝတ်ဆင်ခွင့်ပြုသဖြင့် နှစ်နိုင်ငံ ဥပဒေကွာဟမှုက ပြဿနာ ဖြစ်လာကြောင်း၊ သို့ အတွက် ဘုရားဖူးများအနေဖြင့် ကြိုတင်ရှောင်ရှားနိုင်ရန် တိုက်တွန်းနှိုးဆော်လိုကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
.
အလားတူ ခင်နန္ဓာဘုရားဖူးအဖွဲ့မှ ဒေါ်ခင်နန္ဒာကလည်း ကုမ္ပဏီလုပ်ငန်းများ အပြိုင်အဆိုင် ကြော်ငြာရင်း အခြားတစ်ဘက်တွင် ရွှေလုပ်ငန်းကို လုပ်ကိုင်လာကြသဖြင့် မှန်မှန်ကန်ကန် လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ ဂုဏ် သိက္ခာ ထိခိုက်ရခြင်းမျိုး မဖြစ်သင့်ကြောင်း၊ ယခုအခါ ကုမ္ပဏီများသာမက ခရီးသွားများမှလည်း ရွှေကုန်ကူးလုပ်ငန်း ကို လုပ်ကိုင်လာကြရာ ဘုရားဖူးလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း၊ ဘုရားဖူးများအနေဖြင့် သတ်မှတ်ရွှေအလေးချိန် ကိုသာ ဝတ်ဆင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
.
ကျွန်မတို့ သွားတုန်းကတော့ အဲဒီလိုကိစ္စမျိုး မရှိခဲ့ပါဘူး။ ရှိနေရင်လည်း မလုပ်သင့်ဘူး။ ကိုယ်က ဘုရားဖူး တာလေ။ စီးပွားရှာတာမှ မဟုတ်တာ။ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာရမယ့်ကိစ္စတွေ မလုပ်သင့်ပါဘူး။ ပိုဝတ်သွား တာမျိုးမဖြစ်အောင် အစကည်းက ရွှေမဝတ်သွားတာ အကောင်းဆုံးပါပဲဟု ဗုဒ္ဓဂါယာသို့ ဘုရားဖူး သွားရောက်ခဲ့ သူ မိုင်းတုံမြို့နေ ဒေါ်နန်းမိုခမ်းက ၎င်း၏အမြင်ကို ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံများရှိ ဂေါတမမြတ်စွာဘုရား ဖွား၊ ပွင့်၊ ဟော၊ စံ ဌာနသို့ ဘုရားဖူးသွားရောက် ကြသည့် ခရီးသွားရာသီဖြစ်သော နှစ်စဉ် အောက်တိုဘာလမှ ဧပြီလများအတွင်း ခရီးစဉ်နှင့် ကြာမြင့်ရက်အပေါ် မူ တည်၍ ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်းအထိ ဝန်ဆောင်ခ ပေးချေရပြီး ၂၀၁၈-၂၀၁၉ ခရီးသွားရာသီတွင် ဗုဒ္ဓဂါယာ သို့ မြန်မာနိုင်ငံမှ ဘုရားဖူးဧည့်သည် ၄၀၀၀၀ ကျော် သွားရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats