ထိုင်းမှ ကြက်ဥများ တရားမဝင် တင်သွင်းနေမှုကြောင့် တာချီလိတ်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ အခက် တွေ့နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, September 18, 2019

ထိုင်းမှ ကြက်ဥများ တရားမဝင် တင်သွင်းနေမှုကြောင့် တာချီလိတ်ရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ အခက် တွေ့နေ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁)မှတစ်ဆင့် ထိုင်း နိုင်ငံမှ ကြက်ဥများတရားမဝင် တင် သွင်းနေမှုကြောင့် ကြက်မွေးမြူရေး လုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ် နေပြီး လုပ်ငန်း ရပ်ဆိုင်းထားရမည့် အခြေအနေ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
"တရားမဝင် တင်သွင်းမှုတွေ များလာတော့ ကျွန်တော်တို့ အတွက် ကြက်အစာဖိုးတောင် မရဘူး၊ အ ရင်ကတော့ တာချီလိတ်မှာ ဥစား ကြက် မွေးမြူရေးလုပ်ငန်း ၁၁ နေ ရာလောက် ရှိတယ်။ အခု ၄ နေ ရာလောက်ပဲ ကျန်တော့တယ်။ ၇ ခုလောက်က ဆိုးဆိုးရွားရွား အရှုံး ပေါ်ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့ အထိ ဖြစ်ခဲ့တယ်"ဟု တာချီလိတ် မြို့မှ ကြက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
.
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ ကြက် ဥများကို ဈေးနှုန်းလျှော့ချပြီး တရားဝင်/မဝင် ထွက်ပေါက်များမှ လည်းကောင်း၊ မြန်မာ-ထိုင်းအမှတ် (၁) ချစ် ကြည်ရေးတံတားမှတစ်ဆင့် တစ် ပိုင်တစ်နိုင်ဟုဆိုကာ မြောက်များစွာ ဝင်ရောက်လာပြီး တာချီလိတ်မြို့ နယ်အပြင် မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းဆတ် စသည့် မြို့နယ် များအတွင်းသို့ သယ်ယူပို့ဆောင် ရောင်းချခြင်းကြောင့် တာချီလိတ် ခရိုင်အတွင်းရှိ မွေးမြူရေး ခြံများအပြင်၊ အခြားမြို့နယ်များရှိ ဥစားကြက်မွေး မြူရေး လုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက် အရှုံးပေါ်လျက်ရှိပြီး လုပ် ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေ ရောက်ရှိနေကြောင်း ဒေသတွင်း ကြက်မွေးမြူရေး လုပ်ငန်းရှင်များထံ မှ သိရသည်။
.

"ထိုင်းနိုင်ငံဘက်က လတ်ဆတ် တဲ့ ကြက်ဥကို သူ့နိုင်ငံအတွက် တစ် ဈေးရောင်းတယ်၊ ရောင်းမကုန်တဲ့ ဥတွေကို သိုလှောင်ရုံနဲ့ထားပြီး မြန် မာနိုင်ငံအတွက် လျှော့ချပြီး တစ် ဈေးရောင်းတယ်။ ကိုယ့်ဘက်မှာ က ထိုင်းနိုင်ငံလို မရောင်းနိုင်တော့ လုပ်ငန်းတွေ အရှုံးပေါ်ပြီး ရပ်ဆိုင်း ရတဲ့ အခြေအနေဖြစ်ပေါ်နေတယ်။ တာဝန်ရှိသူတွေကို တိုင်တန်းထား တာကြာပြီ။ အရေးယူ ဆောင်ရွက်မှု အားနည်းနေတယ်"ဟု လုပ်ငန်းရှင် တစ်ဦးကပြောသည်။
.
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တာလေ၊ တာချီလိတ်၊ ကျိုင်းလပ်မြို့ များမှ ဥစားကြက် မွေးမြူရေး လုပ်ငန်းရှင်များက သက်ဆိုင်ရာ တာဝန် သူများထံ တိုင်တန်းထားသော်လည်း ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats