ရှမ်းပြည်နယ်အတွင်းရှိ ဆရာဖြစ် လက်မှတ် မရသေးသည့် ကျောင်း ဆရာ/ဆရာမများအား စာပေးစာယူသင်တန်း ပေးမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 20, 2019

ရှမ်းပြည်နယ်အတွင်းရှိ ဆရာဖြစ် လက်မှတ် မရသေးသည့် ကျောင်း ဆရာ/ဆရာမများအား စာပေးစာယူသင်တန်း ပေးမည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အတွင်းရှိ ဆရာ ဖြစ်လက်မှတ် မရရှိသေးသည့် မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ/ ဆရာမများအား အခြေခံပညာ မူလတန်းနှင့် အလယ်တန်းဆရာ အတတ်သင် စာပေးစာယူ အနီးကပ် သင်တန်းများ ပို့ချပေးသွားမည် ဖြစ် ကြောင်း သိရသည်။
.
 
.
ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် ဆရာဖြစ်လက်မှတ် မရှိသေးသည့် မူလတန်းပြနှင့် အလယ်တန်းပြ ရာ/ဆရာမများ ရှိနေသဖြင့် ဆရာ၊ ဆရာမအားလုံး ဆရာဖြစ်လက်မှတ် ရရှိစေရေးနှင့် မူလတန်းနှင့် အလယ် တန်းအဆင့် ဘာသာရပ်များကို စနစ် တကျ သင်ကြားပြသနိုင်ရေး အတွက် ယင်းကဲ့သို့ စာပေး စာယူသင်တန်း များ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း  သိရသည်။
.
ဆရာဖြစ်လက်မှတ် မရှိတဲ့ ဆရာ/ဆရာမတွေကတော့ ပညာရေးကောလိပ်ကနေ နှစ်စဉ်နှစ်တိုင်း ပိတ်ရက်တွေမှာ မူလတန်းဆရာ အတတ် စာပေးစာယူသင်တန်း (မစ) အလယ်တန်းဆရာ အတတ် စာပေးစာယူ သင်တန်း (လစယ) သင်တန်းတွေ ပေးတယ်။ ပညာရေး ကောလိပ်က အောက်တိုဘာ ပိတ် ရက်တွေ ရှိတယ်။ အဲဒီမှာ ကျောင်း သားမရှိဘူးဆိုရင် သင်တန်းတွေပေး နေတယ်ဟု  ရှမ်းပြည်နယ် အစိုးရ အဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
မူလတန်းနှင့် အလယ်တန်း ရာအတတ် စာပေးစာယူ အနီးကပ် ပို့ချသင်တန်းကို တစ်နိုင်ငံလုံးရှိ ညာရေး ကောလိပ်များတွင် ၂၀၁၉ အောက်တိုဘာ ၁၂ ရက်မှ ၂၆ ရက် အထိ ပထမအကြိမ်၊ ၂၀၂၀ ဧပြီ ၂၀ ရက်မှ ၂၇ ရက် အထိ ဒုတိယအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
.
အနီးကပ် ပို့ချသင်တန်းကို မူလ တန်းပြနှင့် အလယ်တန်းပြဆရာဖြစ် လက်မှတ် မရှိသည့် ဆရာ၊ ဆရာမ များ မပျက်မကွက် တက်ရောက်နိုင် ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ပ ညာရေးမှူးရုံးများမှ ကြပ်မတ်ဆောင် ရွက်သွားရန် အခြေခံပညာ ဦးစီးဌာ နမှ ညွှန်ကြားထားကြောင်း သိရ သည်။
.
မူလတန်းဆရာအတတ် စာပေး စာယူသင်တန်း (မစယ)သင်တန်း တက်ရောက်သူများသည် ၂၀၂၀-၂၁ ပညာသင်နှစ် ဇွန်၊ ဇူလိုင်လများ အတွင်း မိမိတာဝန်ထမ်းဆောင်ရာ အခြေခံပညာ ကျောင်းများ၌ လက် တွေ့တန်းပြ လေ့ကျင့်ရမည် ဖြစ် ကြောင်း သိရသည်။
.
အခြေခံပညာကဏ္ဍတွင် ဆရာ/ဆရာမ လိုအပ်ချက်အရ ၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင်၍ တစ်နိုင်ငံ လုံး အတိုင်းအတာအနေဖြင့် ဘွဲ့ရ ပြီးသူများကို  နေ့စားလပေး မူလတန်း ပြများအဖြစ် ခေါ်ယူခဲ့ကြောင်း သိရ သည်။
.
နေ့စားလပေး မူလတန်းပြ ရာထူးနေရာများအတွက် အသက်(၄၀) နှစ်နှင့်အောက် ပါရဂူဘွဲ့ရများ၊ သက်(၃၅)နှစ်နှင့်အောက် မဟာဘွဲ့ ရများ၊ အသက် (၃၀)နှစ်နှင့် အောက် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ရေးဖြေ၊နှုတ် ဖြေ စစ်ဆေး၍ ခန့်ထားကာ မြို့နယ် အခြေပြု ဆရာအတတ်ပညာသင် တန်းများ တက်ရောက် ပြီးဆုံးပါက နေ့စားလပေး မူလတန်းပြမှ နိုင်ငံ့ ဝန်ထမ်းမူလတန်းပြအဖြစ် ခန့်အပ် သွားမည်ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats