E Guard အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာသည် လိုအပ်ချက် များစွာ ရှိနေဟု MATA အဖွဲ့ ဝေဖန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 27, 2019

E Guard အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာသည် လိုအပ်ချက် များစွာ ရှိနေဟု MATA အဖွဲ့ ဝေဖန်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသရှိ တီကျစ် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ E-Guard Consultant Company မှ ထုတ်ပြန်ခဲ့သည့် ပတ် ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာ ချက်အစီရင်ခံစာ-EIA သည် လိုအပ် ချက်များစွာ ရှိနေသည့် အစီရင်ခံ စာတစ်ရပ် ဖြစ်သည်ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာ မိတ်အဖွဲ့ (MATA) မှ ဦးအောင် ကျော်မိုးက ပြောဆိုခဲ့သည်။
.
 
.
E-Guard Consultant Com-pany တီကျစ် ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်သည့် ပတ်ဝန်း ကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ-EIA နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်ပ ညာရှင်များ၏ အကူအညီဖြင့် လေ့ လာဆန်းစစ် သုံးသပ်ဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ရေအေးကွင်းရပ် ကွက်ရှိ တောင်ကြီး စီးတီးဟိုတယ် တွင် စက်တင်ဘာလ ၁၆ ရက်က ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအ နားတွင် ဦးအောင်ကျော်မိုးက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“E-Guard က ထုတ်ပြန်တဲ့ စီရင်ခံစာဟာ ကောင်းမွန်တဲ့ အစီ ရင်ခံစာမဟုတ်ဘဲ လိုအပ်ချက်တွေ ရှိနေတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ နိုင်ငံတော်က ဆုံးဖြတ်ချက် ချပေး နိုင်သူတွေကို ဝေဝါးအောင် ပြုလုပ် ထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ EIA နဲ့ ပတ်သက်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စာတင်ထားတာလည်း ရှိပါတယ်ဟု ဦးအောင်ကျော်မိုးက ပြောသည်။
.
ထို့အပြင် တီကျစ် ကျောက်မီး သွေးစက်ရုံကို မည်သည့်အတွက် ကြောင့် နှစ်သက်တမ်း တိုးမြှင့် လုပ်ကိုင်ခွင့် ပြုခဲ့သည်ကို သိရှိလို ကြောင်း မေးမြန်းမှုကို ယနေ့အထိ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ E-Guard ကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်အောင်မိုးအား ကမ္ဘောဇတိုင်း မှ ဆက်သွယ်မေးမြန်းရာ “E-Guard ကနေ ပြင်ဆင်ထားတဲ့ ဒီအစီရင်ခံ စာဟာ နိုင်ငံတော်က တာဝန်ရှိတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနနဲ့ သက်ဆိုင်ရာဌာန အသီးသီး ကို တင်ပြပြီးတော့မှ စိစစ်မှုကို ခံယူ နေပါတယ်။ အပြင်အဖွဲ့တွေက  သူ တို့ ဘယ်အချက်အလက်ပေါ် အခြေပြီး တော့မှားသည် မှန်သည် ပြောလည်း နားမလည်ပါဘူး။ ကျွန်တော်တို့ ပြင် ဆင်ထားတာကတော့ နိုင်ငံတော်ရဲ့ စည်းကမ်း စည်းမျဉ်းတွေနဲ့ အညီပြင် ဆင်ထားတာဖြစ်တဲ့အတွက် ကျွန် တော်တို့ဘက်က ဘာမှ ပြောစရာ မရှိပါဘူးဟု ပြန်လည်ဖြေကြားခဲ့ သည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူများ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ရပ်ဘက် မဟာမိတ်အဖွဲ့ (MATA)အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စု စုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ တည်ရှိသည့် ယင်း တီကျစ်ဓာတ်အားပေး စက်ရုံ တွင် ကျောက်မီးသွေးလောင်စာသုံး၊ ရေနွေးငွေ့ဘွိုင်လာ(၂လုံး၊ တာဘိုင် ()လုံး၊ စက်တပ်ဆင်အား မဂ္ဂါဝပ် (၆ဝ) စက်()စုံ၊ ကျောက်မီးသွေး ရရှိနိုင်မှု (၂ဝ.)သန်း တန်၊ တစ်နှစ် ဓာတ်အား ထုတ်လုပ်ရာတွင် သုံးပြု ကျောက်မီးသွေး ပမာဏ (၆၄ဝဝဝဝ)တန်၊ နှစ်စဉ်ထုတ်လုပ် နိုင်မှု ဓာတ်အားယူနစ်သန်းပေါင်း (၉၆ဝ)ခန့်၊ ဓာတ်အားဖြန့်ဖြူးပေး သည့် နေရာ Power Grid System စက်တပ်ဆင်သည့်နေ့ ၂ဝဝ၂ ခုနှစ်၊ စက်တင်ဘာလ ရက်၊ ရင်းနှီးမြုပ် နှံမှု အမေရိကန်ဒေါ်လာ ၄၃.၁၅ဝ သန်း၊ ပြည်တွင်းကျပ်ငွေသန်းပေါင်း ၂၈၈၆၆ ဒသမ ၁၉၉၊ စတင် လည် ပတ်သည့်နေ့ အမှတ် ()စက် (၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလ၂၄ ရက်) အမှတ်()စက် (၂၀၀၅ ခုနှစ်၊ မေလ ရက်) ဓာတ်အားပေး စက်များပြု ပြင်ပြီးပြန်လည် မောင်းနှင်သည့်ရက် ၂ဝ၁၇ ခုနှစ်၊ မေလ ၂၆ ရက်တို့ ဖြစ် ကြောင်း စီမံကိန်း စာရွက်စာတမ်း များအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats