တရုတ်နိုင်ငံ၊ ရွေလီကြယ် ခေါင်တွင် ဂျပန်ကျူးကျော်စစ် တော်လှန်ရေးအထိမ်းအမှတ်အဖြစ် ဥဩဆွဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 18, 2019

တရုတ်နိုင်ငံ၊ ရွေလီကြယ် ခေါင်တွင် ဂျပန်ကျူးကျော်စစ် တော်လှန်ရေးအထိမ်းအမှတ်အဖြစ် ဥဩဆွဲ


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ဂျပန်ကျူးကျော်စစ်ကို တော်လှန်သည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက လေကြောင်းရန် ဥဩဆွဲခြင်းကို ပြုလုပ်ခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
.



.
ဖက်ဆစ်ဂျပန်မှ တရုတ်နိုင်ငံကို ၁၄ နှစ်တိုင်တိုင် ကျူးကျော်အုပ်ချုပ်ခဲ့သည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ကမ႓ာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ ရှေ့ပြေးလမ်းစ အထိမ်းအမှတ်အဖြစ်လည်းကောင်း ယင်းကဲ့သို့ ဆောက်ရွက် ခြင်းဖြစ်သည်ဟု မူဆယ်အခြေစိုက် မြင့်မြတ်ောင်မယ် လူမှုကူညီရေးအသင်းမှ ကိုစန်ရဲက ပြောသည်။
.
“ဥဩသံက ကြောက်လန့်ရမယ့်အစား ဝမ်းနည်းတဲ့ အထိမ်းအမှတ်အသံမျိုး ဖြစ်နေတယ်။ တိုက်အမြင့်ကြီးတွေမှာ ကြိုတင်အသံသွင်းထားပြီး အသံချဲ့စက်နဲ့ ပြန်ဖွင့်တာမျိုး တစ်သံတည်းပါပဲ။ ကြိုတင်ကြေညာ ထားတော့ လူထုလည်း အထိတ်တလန့်မဖြစ်ကြပါဘူး။ ရွှေလီ၊ ကြယ်ခေါင် တစ်ပြိုင်တည်းဖွင့်တာ ဂိတ် ၃ ပေါက် လုံးမှာ ကြားရတယ်” ဟု ကိုစန်ရဲက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
စက်တင်ဘာလ ၁၈ ရက်၊ မြန်မာစံတော်ချိန် ၈ နာရီခွဲခန့်၊ တရုတ်စံတော်ချိန် နံနက် ၁၀ နာရီတွင် ကြိုတင်ကြေညာ ထားသည့်အတိုင်း လေကြောင်းရန်အချက်ပေးဥဩ ၄ မျိုး ဆွဲခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များဖြင့်သည့် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် (အလယ်ပေါက်) နှင့် မန်ဝိန်းဂိတ်တို့တွင် အဆိုပါ ဥဩဆွဲသံများကို ကြားခဲ့ကြရကြောင်း သိရသည်။
.
၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ဂျပန်တပ်များက ၎င်းတို့ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ လျောင်နင်းပြည်နယ်၊ ရှန်းယန်မြို့မှ ရထားလမ်းကို ဖောက်ခွဲခဲ့ပြီး တရုတ်တပ်များက ဖျက်ဆီးသည်ဟုဆိုကာ ဂျပန်မှ တရုတ်နိုင်ငံအား ကျူးကျော်စစ် ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ စက်တင်ဘာလ ၁၈ ရက်တွင်ပင် ဂျပန်တို့က ရှန်းယန်းမြို့အနီးရှိ တရုတ်စစ်တန်းလျားများကို ဗုံးကြဲခဲ့ပြီး ၁၄ နှစ်ကျော်ကြာသည့် ကျူးကျော်စစ်ကို စတင်ခဲ့ကာ ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် တစ်နိုင်ငံလုံးသို့ ကျူးကျော်ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်အထိ ကျုးကျော်ခဲ့ပြီး စစ်ပွဲအတွင်း တရုတ်စစ်သားနှင့် အရပ်သား သန်း ၂၀ မှ ၃၅ သန်းခန့် သေဆုံးခဲ့သည်ဟု သိရသည်။
.
ထိုစဉ်က တရုတ်မြို့တော် နန်ကျင်းကို သိမ်းပိုက်ပြီးနောက် ရက် ၄၀ ကြာ ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်တွင် လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ တရုတ်စစ်သားနှင့် အရပ်သား ၃ သိန်းကျော် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
.
မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ပြည်သူ့အစိုးရ၊ ပြည်ပရေးရာဌနမှ အကြောင်းကြား လာချက်အရ မူဆယ်၊ နမ့်ခမ်းနှင့် နယ်စပ်တစ်လျှောက်ရှိ ပြည်သူများနှင့် တပ်မတော်စစ်ကြောင်းများအား ဥဩသံ ကြားပါက အထိတ်တလန့်မဖြစ်စေရန် အသိပေးအကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats