တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံရှိ CCTV မှာ ကုန်တင်ကားများနှင့် မလွတ်ကင်းသဖြင့် ထပ်မံ မြှင့်တင်ပေးရန် လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, September 7, 2019

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံရှိ CCTV မှာ ကုန်တင်ကားများနှင့် မလွတ်ကင်းသဖြင့် ထပ်မံ မြှင့်တင်ပေးရန် လိုအပ်နေ


ခွန်သက်ထူး
.
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ဝါးပြားလမ်းဆုံ တောင်ဘက် ခြမ်း၌ တပ်ဆင်ထားသော CCTV လုံခြုံရေး ကင်မရာမှာ ကုန်တင်ကား ကြီးများနှင့် လွတ်ကင်းမှုမရှိသဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် စိုး ရိမ်နေရပြီး အပေါ်သို့  ထပ်မံမြှင့်တင် ပေးရန် လိုအပ်နေကြောင်း ဒေသခံ များထံမှ သိရသည်။
.
.
“CCTV တပ်ထားတာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ အခုတပ် ထားတာက ကုန်အများကြီး တင်လာတဲ့ ကားတွေနဲ့ဆိုရင် မလွတ်ဘူးဖြစ် နေတယ်။ ကားတွေက အဲဒါကို ရှောင် ပြီး မောင်းနေရတော့ တစ်ဘက်က လာတဲ့ကားနဲ့ ယာဉ်အန္တရာယ် ဖြစ် နိုင်တယ်။ CCTV ကို အပေါ်နည်း နည်း ထပ် တင်ပေးရင်တော့ ပိုပြီး ကောင်းတာပေါ့ ဟု အဆိုပါ ဝါးပြား လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အ မှတ်(၁၈) ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ မှူးရုံးများသို့ ဆက်သွယ်မေးမြန်းရာ  တွင်  တိတိကျကျ ပြန်လည်ဖြေကြား ခဲ့ခြင်း မရှိချေ။
.
တောင်ကြီးမြို့ပေါ်တွင် လုံခြုံ ရေးအတွက် နေရာ ၂၁ ခု၌ CCTV ကင်မရာ အလုံး ၈၀ ကျော် တပ်ဆင် ထားပြီး ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး မှ ထိန်းချုပ်၍ ၂၄ နာရီ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats