တောင်ကြီးတွင် ကုန်တင်ကား တစ်စီးမှ နေအိမ်နှင့်ဈေးဆိုင်အား ဝင်တိုက်၍ ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 29, 2019

တောင်ကြီးတွင် ကုန်တင်ကား တစ်စီးမှ နေအိမ်နှင့်ဈေးဆိုင်အား ဝင်တိုက်၍ ၂ ဦး ဒဏ်ရာရ


ခွန်သက်ထူး
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ကုန်တင်ကား တစ်စီးမှ ဘရိတ်ပေါက်၍ နေအိမ်နှင့် ဈေးဆိုင်အား စက်တင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက ဝင်တိုက် ဝင်တိုက်မိခြင်းကြောင့် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
" ဟုတ်ပါတယ်။ ယာဉ်မောင်းကိုတော့ အမှုဖွင့် အရေးယူထားတယ်။ ဖြစ်စဉ် အသေးစိတ် စစ်ဆေးဆောင်ရွက်နေပါတယ်။"ဟု တောင်ကြီးမြို့၊ အမှတ်(၁၈)ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။
.
အဆိုပါ မော်တော်ယာဉ်အား မောင်းနှင်သူ ယာဉ်မောင်းမှာ ကိုကျော်ငြိမ်း ဆိုသူ ဖြစ်ပြီး တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ရတနာလိုဏ်ဂူလမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်နေစဉ် ကုန်း အဆင်း၌ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဦးဘိုနီ၏ ဈေးဆိုင်နှင့် တွဲလျက်နေအိမ်အား ဝင်ရောက် တိုက်မိ၍ ဈေးဆိုင်အတွင်း ရှိနေသူ အမျိုးသမီး ၂ ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ဝင်ရောက်တိုက်မိမှုကြောင့် မဝေနှင်းအောင်၏ ဦးခေါင်းနောက်စေ့ ဖူးယောင် ဒဏ်ရာ(စိုးရိမ်ရ)နှင့် မအေးအေးအောင်၏ ဝဲဘက် နောက်စေ့ပေါက်ပြဲ၊ မေးစေ့ ပွန်းပဲ့၊ ဝဲ/ယာခြေသလုံး ပွန်းပဲ့၊ ယာခြေမျက်စိ ပေါက်ပြဲ၊ ဝဲခြေဖမိုး ပွန်းပဲ့ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့သည့် အပြင် ဦးဘိုနီ၏ နေအိမ် အရှေ့ဘက်ခြမ်း ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကျော်ငြိမ်းအား တောင်ကြီးမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats