လားရှိုးရှိ လိုင်စင်မဲ့ကား ရောင်းဝယ်မှု မပြုရန် တားမြစ်ထားသည့် နေရာတွင် ရောင်းဝယ်မှုများ ပြုလုပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, September 21, 2019

လားရှိုးရှိ လိုင်စင်မဲ့ကား ရောင်းဝယ်မှု မပြုရန် တားမြစ်ထားသည့် နေရာတွင် ရောင်းဝယ်မှုများ ပြုလုပ်နေ

ကောင်းမွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ လိုင်စင်မဲ့ကားများ ရောင်းဝယ်ခြင်း မပြုရန် တားမြစ်ထားသော်လည်း ရောင်းဝယ်မှုများ ရှိနေကြောင်း သိရသည်။
.
လားရှိုးမြို့ အပါအဝင် ရှမ်းပြည် နယ်အတွင်းရှိ မြို့များတွင် လိုင်စင်မဲ့ကား စီးနင်းမှု များပြားနေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်းများ ရှိနေကြောင်း သိရသည်။
.

မရောင်းရ ဆိုတဲ့စာသာ ကပ်ထားတာ ရောင်းနေတဲ့သူတွေက နေ့တိုင်း ရှိတယ်။ လာကြည့်တဲ့ သူလည်း များတယ်။ အနှောင့်အယှက်ဖြစ်လားဆိုတော့ အရမ်းကြီးတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ တားမြစ်ထားတဲ့နေရာမှာ အခုလို ရောင်းဝယ်တာမျိုး တော့ မလုပ်သင့်ပါဘူး။ သက်ဆိုင်ရာ တွေကလည်း လာမစစ်ဘူးဟု လားရှိုးဒေသခံ တစ်ဦးက ပြောသည်။
.
ယင်း လိုင်စင်မဲ့ကားများမှာ အများအားဖြင့် တစ်ဘက်နိုင်ငံများမှ ဝင်ရောက်လာခြင်း ဖြစ်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နယ်စပ်ဒေသများတွင် အများဆုံး စီးနင်း နေကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့ရှိ အမှတ် (၂၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းအောင်အား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းရာကျွန်တော်တို့က တိုင်ချက်ဖွင့်မှ ဖမ်းဆီးလို့ ရတယ်။ ရောင်းချနေတာ၊ စီးနင်းနေတာတွေက ဥပဒေနဲ့ မညီဘူး။ တရားလည်း မဝင်ဘူး။ အကယ်၍ သတင်းပေးတိုင်ချက် ဖွင့်တဲ့သူ ရှိရင်တော့ စည်ပင်၊ ကညန၊ ပို့ဆက် အဲဒီလို ဌာနဆိုင်ရာ တွေနဲ့ ပူးပေါင်း လုပ်ဆောင်ရတာပါဟု ပြန်လည် ဖြေကြားခဲ့သည်။
.

လားရှိုးမြို့တွင် လူသိများသော လိုင်စင်မဲ့ကား ရောင်းဝယ်သည့်ကားပွဲစားတန်း ၃ ခုခန့် ရှိနေပြီး အတည်တကျ ပွဲစားတန်း မဟုတ်သော်လည်း ချိန်းဆို ရောင်းဝယ်သည့် နေရာများလည်း ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats