မိုးနဲ၌ ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Wednesday, September 25, 2019

မိုးနဲ၌ ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း


မျိုးညွန့်ရွှေ (မိုးနဲ)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်၊ မိုးနဲမြို့တွင် စက်တင်ဘာ ၁၇ ရက်က မြို့နယ် ဆန်စက်လုပ် ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။
.
 
.
အဆိုပါ ဆန်စက် လုပ်ငန်းရှင် များအသင်းကို မိုးနဲမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ ဆန်စက် လုပ်ငန်းရှင် ၃၂ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
ထိုသို့ ဖွဲ့စည်းခြင်း အခမ်းအ နားတွင် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် လွိုင်လင်ခရိုင် စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မှူး ဦးကျော်တိုးတို့က အဖွင့်အမှာ စကားများအသီးသီး ပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးခွန်ကျော်ဌေးက ဆန်စက် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများကိုလည်းကောင်း၊ ရှမ်း ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းရခြင်းနှင့် ပတ်သက် ၍လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် ဆန်စက်လုပ်ငန်းရှင် များအသင်း ဖွဲ့စည်းရေးကော်မတီ ဖွဲ့စည်းခြင်း ၊ဆန်စက်လုပ်ငန်းရှင် များအသင်း အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် အသင်းဥက္ကဌ ရွေး ခြယ်တင်မြှောက်ခြင်းများကို ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats