မြန်မာ-လာအိုနယ်စပ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ် ၁၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, September 12, 2019

မြန်မာ-လာအိုနယ်စပ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ် ၁၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများဖမ်းမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ မြန်မာ-လာအိုနယ်စပ် မုခ်ဦး အနီးတွင် စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီးပေါ်မှ တန်ဖိုးငွေကျပ် ၁၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါး ၅၀၀ ကီလိုဂရမ်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ဝမ်ပုံနယ်မြေရဲစခန်းမှ တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက သက်သေများနှင့်အတူ ဝမ်ပုံ ကျေးရွာအဝင်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် တာချီလိတ်ဘက်မှ ဝမ်ပုံကျေးရွာဘက်သို့ မောင်းနှင်လာသည့် MISUBISHI PAJERO(GTI) အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်ခိုင်းရာ မရပ်ဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ဝမ်ပုံကျေရွာအဝင် မုခ်ဦးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်အား စစ်ဆေးရာ မောင်းနှင်သူမှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) အုပ်စဟု၊ စံဖူးရွာနေ အိုက်ဝန်း ဆိုသူဖြစ်ပြီး ၎င်းတွင် နဖူးကွဲဒဏ်ရာ၊ ဝဲဘက်ဒူး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ယာဉ်အားစစ်ဆေးရာ ယာဉ်နောက်ခန်းနှင့် နောက်ဖုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဆာလာအိတ် ၂၅ လုံးအား တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ အစိမ်းရောင် တရုတ်လက်ဖက်ခြောက်အိတ်များဖြင့် ထည့်ထားသည့် မက်သာအက်ဖက်တမင်း အိုက်စ် ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၅၀၀ ကီလိုခန့်၊ ကာလတန်ဖိုး ၁၀ ဘီလီယံခန့်အား ရှာဖွေတွေ့ရှိသိမ်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ အိုက်ဝန်း (၄၅ နှစ်) အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ (ပ) ၁၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats