မိုင်းဖြတ်၌ စားဝတ်နေရေး မပြေလည်မှုကြောင့် မိသားစုဝင် ၄ ဦး အဆိပ်သောက်သေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, September 13, 2019

မိုင်းဖြတ်၌ စားဝတ်နေရေး မပြေလည်မှုကြောင့် မိသားစုဝင် ၄ ဦး အဆိပ်သောက်သေ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ ဈေးတန်းကွက်သစ်ရပ်ကွက်တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက စားဝတ်နေရေး အဆင်မပြေမှုကြောင့် မိသားစုဝင် ၆ ဦးလုံး အဆိပ်သောက်ခဲ့ရာ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
.
မိုင်းဖြတ်မြို့၊ ဈေးတန်းကွက်သစ်ရပ်၊ စိတ္တသုခဘုန်းကြီးကျောင်းရှေ့ရှိ ဦးအားမြာ၏ နေအိမ်တွင် မိသားစုဝင် ၄ ဦး အဆိပ်သောက်သေဆုံးကြောင်း သတင်းအရ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်၊ မြို့မစခန်းမှူး ဒုရဲမှူး မြတ်နိုးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်တွင် မနောမ (၁၃ နှစ်)၊ ဆဋ္ဌမတန်းကျောင်းသူ၊ မောင်ဆီလှ ( ၉ နှစ်)၊ တတိယတန်း ကျောင်းသား၊တို့ ၂ ဦးအား ငိုနေသည်ကို တွေ့ရပြီး နေအိမ်အိပ်ခန်းအတွင်း၌ ဦးအားမြာ(၄၆ နှစ်)၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အီနား(၄၈ နှစ်)၊ သားကြီးဖြစ်သူ မောင်ထောမေ (၁၅ နှစ်)သတ္တမတန်းကျောင်းသား၊ သားအငယ်ဆုံးဖြစ်သူ နေလင်းထွန်း (၈ နှစ်)၊ ပထမတန်း ကျောင်းသားတို့ သည် နှာခေါင်းနှင့်ပါးစပ်များတွင် အမြှုပ်နှင့် သွေးများထွက်၍ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သမီးဖြစ်သူ မနေမိ ပြောပြချက်အရ ၎င်း၏ မိဘနှစ်ပါးသည် စားဝတ်နေရေး အဆင်မပြေဖြစ်၍ မကြာခဏ ညည်းတွားနေသည်ကို ကြားသိရ ကြောင်း၊ စက်တင်ဘာ ၁၂ ရက်ည ၉ နာရီခန့်တွင် လားဟူတိုင်းရင်းသား အခေါ် (နံငို့ပင်) အဆိပ်ပင်၏ အမြစ်နှင့် အရွက်တို့အား ရေနွေးခရားအိုးဖြင့် ကျိုချက်၍ သား၊ သမီးများ အား ဦးစွာတိုက်ကျွေးပြီး မိဘနှစ်ပါးမှာ နောက်ဆုံးသောက်၍ အိမ်ယာဝင်ခဲ့ကြကြောင်း ၄င်းနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် မိုင်းဖြတ်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats