တာချီလိတ်တွင် ဟိုက်ဒရိုကလိုရစ် လီတာ ၈၀၀၀ ကျော် ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, September 10, 2019

တာချီလိတ်တွင် ဟိုက်ဒရိုကလိုရစ် လီတာ ၈၀၀၀ ကျော် ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) တွင် စက်တင်ဘာလ ၉ ရက်၊ ညနေပိုင်းက ကန့်သတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ဟိုက်ဒရိုကလိုရစ်အက်ဆစ် လီတာ ၈၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.



.
မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၉ ရက်၊ ညနေ ၅ နာရီခန့်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) တွင် စစ်ဆေးနေစဉ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ တာချီလိတ်မြို့ဘက်သို့ အိုက်စံဆိုသူ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အား တားဆီးစစ်ဆေးရာ ၂၀ လီတာဝင် ဂါလံပုံးနှင့်ထည့်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပုံး ၆၅ ပုံး၊ စုစုပေါင်း ၁၃၀၀ လီတာကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် ညနေ ၅ နာရီခွဲခန့်တွင် မယ်ဆိုင်ဘက်မှ မျိုးမင်းသူ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို ထပ်မံစစ်ဆေးရာ လီတာ ၂၀ ဆန့် ပုံး ၅၀ ဖြင့်ထည့်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် လီတာ ၁၀၀၀ ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ အက်ဆစ်များ သယ်ဆောင်ခိုင်းသူမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နေ စိုင်းလှမောင်ဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား သွားရောက်စစ်ဆေးရာ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် အိုက်လူ ဆိုသူ မောင်းနှင်သော CANTER အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ် အက်ဆစ်ပုံး ၅၀၊ စိုင်းလှမောင် မောင်းနှင်သည့် ISUZU အမျိုးအစား မော်တော်ယာဉ်ပေါ်မှ အက်ဆစ် ၈၅ ပုံးနှင့် မင်းမင်းဆိုသူ မောင်းနှင်သည့် သုံးဘီးဆိုင်ကယ်ပေါ်မှ အက်ဆစ်ပုံး ၁၄ ပုံး၊ စုစုပေါင်း အက်ဆစ်ပုံး ၂၉၉ ပုံး၊ အက်ဆစ် ၅၉၈၀ လီတာကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယင်းနေ့တွင် ဖမ်းဆီးရမိသည့် စုစုပေါင်း ဟိုက်ဒရိုကလိုရစ်အက်စစ်ပမာဏသည် ၈၂၈၀ လီတာ (ကာလတန်ဖိုး ၆၆၂ ဒသမ ၄ သိန်းကျပ်) ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဟိုက်ဒရိုကလိုရစ်အက်ဆစ်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းလှမောင်၊ အောင်သူ၊ အိုက်ဆင်း၊ မျိုးမင်းသူ၊ နန်းဝင်းနှင့် မင်းမင်းတို့အား တာချီလိတ်မြို့မရဲစခန်းက ၁၆(ခ)/၂၁ အရ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိခြင်းမရှိသေးသည့် မင်းမင်းကို အား ဖမ်းဆီးနိုင်ရေးအတွက် ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)