တာချီလိတ်မြို့နယ်ရှိ ကျေးရွာ ၄၅ ရွာကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း အပြီး ဆိုလာမီးများ တပ်ဆင်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 11, 2019

တာချီလိတ်မြို့နယ်ရှိ ကျေးရွာ ၄၅ ရွာကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း အပြီး ဆိုလာမီးများ တပ်ဆင်မည်


မိုင်းမော (တြိဂံနယ်မြေ)
.
ကျေးလက် မီးလင်းရေး မဟာဓာတ်အားလိုင်း ပြင်ပစနစ်ကို အ ကောင်အထည်ဖော်သည့် အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တာချီ လိတ်မြို့နယ် အတွင်းရှိ ကျေးရွာ ၄၅ ရွာကို စက်တင်ဘာလအတွင်း ဆိုလာမီးများ အပြီးတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ကျေးလက်မီးလင်းရေး စီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် နေခြင်းဖြစ်ပြီး ယခု ဘဏ္ဍာနှစ်တွင် တာချီလိတ်မြို့ နယ်အတွင်းရှိ နား ယောင်းကျေးရွာ အုပ်စု၊ လွယ်တော် ခမ်းကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာ အုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု အ တွင်းရှိ ကျေးရွာပေါင်း ၄၅ ရွာတွင် ဆိုလာမီးများ တပ်ဆင်သွားရန် ဆောင်ရွက်နေကြောင်း တာချီလိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သိရသည်။
.
“မဟာဓာတ်အားလိုင်း ပြင်ပ စနစ်နဲ့ လျှပ်စစ်မီး မရသေးတဲ့ ဒေသတွေမှာ တစ်အိမ်သုံးဆိုလာစနစ်၊ အသေးစား ဓာတ်အားလိုင်း စနစ်တွေနဲ့ လျှပ်စစ်မီး ဆောလျင်စွာ ရရှိရေး ဆောင်ရွက် နေတာ ဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မိုးက ပြောသည်။
.
ထိုသို့ ကျေးရွာ ၄၅ ရွာတွင် ဆိုလာမီး တပ်ဆင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ အတွင်း အပြီးသတ် တပ်ဆင်သွားမည်ဖြစ်ရာ တပ်ဆင်သူများသည် ကျပ် ၄ သိန်းခန့် တန်ဖိုးရှိသည့် ဆိုလာမီး ၆၀ ဝပ် အားတစ်စုံကို ကျပ် ၅ သောင်း ပေး သွင်းရမည်ဖြစ်ပြီး ကျပ် ၅ သိန်းခွဲ ခန့် တန်ဖိုးရှိသည့် ဆိုလာမီး ၁၀၀ ဝပ်အား တစ်စုံကို ကျပ်တစ်သိန်းခွဲ ခန့်သာ ပေးသွင်းရမည် ဖြစ်သည်။
.
တာချီလိတ်မြို့နယ်အတွင်း ကျေးလက် မီးလင်းရေး စီမံကိန်း ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၉၇ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၇ ရွာ ဆိုလာမီး တပ်ဆင်ပြီးဖြစ်ကာ ယခု ဘဏ္ဍာနှစ်တွင် ကျေးရွာ ၄၅ ရွာ ထပ်မံ တပ်ဆင်သွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats