လယ်ယာမြေသည် လယ်သမားများအတွက် အသက်သွေးကြော ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြော - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, September 12, 2019

လယ်ယာမြေသည် လယ်သမားများအတွက် အသက်သွေးကြော ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြော


မောင်မောင်သန်း
.
ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က စိုက်ပျိုးမြေကို အခြေခံသော နိုင်ငံတွင် လယ်ယာမြေသည် လယ် သမားများအတွက် အသက်သွေး ကြောဖြစ်သည်ဟု ပြောဆိုခဲ့သည်။
.
 
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အတွင်းရှိ စက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ် အပ်နှံ လာသည့် မြေယာများအား မူလ တောင်သူများထံသို့ ယာယီလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ပွဲ ကို စက်တင်ဘာလ ၆ ရက်၊ နံနက် ပိုင်းက ကလောမြို့နယ်ခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
အခမ်းအနားတွင် ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတွင် လယ်ယာမြေသည် လယ် သမားများတွက် အသက်သွေးကြော ဖြစ်ပြီး လယ်ယာမြေများအတွက် အသက်တမျှ အရေးကြီးလှသော လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် အစိုးရအနေဖြင့် ဦးစားပေး အထူးတာဝန်တစ်ရပ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊သိမ်း ဆည်းလယ်ယာမြေများ အနက်မှ အ သုံးမပြုတော့သည့် မြေယာများကို ပြန်လည် စွန့်လွှတ်ရာတွင် မူလပိုင် ရှင်များထံ ဆောလျင်စွာ စနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
.
အဆိုပါ အခမ်းအနားတွင် က လောမြို့နယ်အတွင်း စက်မှုဝန်ကြီး ဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ပြန် လည်စွန့်လွှတ် အပ်နှံသော မြေဧရိ ယာ ၁၆၉ ဒသမ ၁၂ ဧက အနက် လယ်ယာမြေ ၁၅၄ ဒသမ ၂၇ ဧက၊ ဦးပိုင် ၁၄၃ ခုအား တောင်သူ ၁၂၄ ဦးသို့ ယာယီ လုပ်ပိုင်ခွင့်ပြု လက် မှတ်ပုံစံ(၃) လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ပြန်လည် စွန့်လွှတ်မြေများကို သက်ဆိုင်ရာ တောင်သူများထံသို့ ပြန်လည်လွှဲ ပြောင်း ပေးအပ်နိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိရာ မြေစွန့် လွှတ်သည့် စက်မှုဝန်ကြီးဌာန၊ တောင်သူများ လက်ဝယ်သို့ ပြန် လည်ပေးအပ်နိုင်ရေးအတွက် ကြိုး ပမ်းခဲ့ကြသော ဌာနဆိုင်ရာ အသီး သီးမှ တာဝန်ရှိသူများ၊ လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရ မှုများ ပြန်လည်စိစစ်ရေး ကော်မတီ ကိုယ်စား အသိအမှတ်ပြုပါကြောင်း နှင့် တောင်သူများအနေဖြင့် ရရှိလာ သော မြေကွက်များကို စိုက်ပျိုးလုပ် ကိုင်ရာတွင် မိမိတို့ တစ်ကိုယ်ရေ၊ တစ်မိသားစု ဝမ်းစာဖူလုံမှုမှ တစ် ဆင့် နိုင်ငံစီးပွားတိုးတက်မှုကို အ ထောက်အကူ ပြုနိုင်သော ကုန်ထုတ် လယ်ယာမြေများဖြစ်အောင် ကြိုး ပမ်း ဆောင်ရွက်သွားစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်မှ ပြောသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က ရှမ်းပြည်နယ်အတွင်း မြေယာ ကိစ္စတိုင်ကြားစာများအပေါ် ဖြေရှင်း ဆောင်ရွက်မှု အခြေအနေနှင့် စွန့် လွှတ်မြေများကိုမူလ တောင်သူများ ထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ် မှု အခြေအနေအား ရှင်းလင်းတင်ပြ ပြီး လယ်ယာမြေ ယာယီလုပ်ပိုင်ခွင့် ပုံစံ (၃)များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ရှိသူများသည် ပင်း တယမြို့နယ် ကျုံးကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ ရွေ့လျားဝန် ဆောင်မှု ဆောင်ရွက်နေသော ဌာန များအား လှည့်လည်ကြည့်ရှုအား ပေးပြီး၊ ဝန်ဆောင်မှုအတွင်း ဆောင် ရွက်ပြီးစီးသော နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးကတ် လယ်ယာမြေပုံစံ (၇) မွေးစာရင်း၊ ယာဉ်မောင်း လိုင်စင် ကတ် သစ်ပင်တို့ကို ဒေသခံပြည် သူများအား အသီးသီး ပေးအပ်ခဲ့ ကြောင်း သိရသည်။
.
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပင်းတယမြို့နယ်သို့ သွား ရောက်ခဲ့ပြီး စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက အ သုံးပြုရန် လိုအပ်မှု မရှိသဖြင့် ပြန် လည် စွန့်လွှတ်ခဲ့သည့် မြေဧရိယာ ၄၈၀ ဧကအနက်မှ မြေယာအငြင်း ပွားမှု ကင်းရှင်းသော တောင်သူ ၂၇ ဦးအား ဧရိယာ ၁၂၃ ဧကကို တောင်သူများလက်ဝယ်သို့ ယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။
.
ထို့အတူ ကျန်မြေဧရိယာ ၃၅၇ ဧကကိုလည်း မြေပြင်တွင် စိုက်ပျိုး လုပ်ကိုင်နေသော တောင်သူများနှင့် မြေမဲ့ယာမဲ့ တောင်သူများကို လုပ် ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးနိုင် ရေးအတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ အဖြစ် လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားသွားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ် လယ် ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည် နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က ရှင်းလင်းတင်ပြခဲ့ပြီး ယာယီလုပ် ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၃)များပေး အပ်ရာ ပေါစံသီးကျေးရွာနေ တောင် သူအား ရှမ်းပြည်နယ်လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော် မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လည်း ကောင်း၊ ပေါစံသီးကျေးရွာ၊ ပဲရင်း တောင်ကျေးရွာ တောင်သူများအား ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီး ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်၊ အ မျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် အသီးသီးတို့ မှ ပေးအပ်ခဲ့ကြပြီး တောင်သူ တစ် ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats