ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုမှ မြန်မာနိုင်ငံသား ၂ ဦး အသက်ရှင်သန်ခွင့်ရရှိရေးအတွက် မြန်မာလူ့အခွင့်အရေး ကော်မရှင်မှ ထိုင်းလူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံစာ ပေးပို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, September 10, 2019

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုမှ မြန်မာနိုင်ငံသား ၂ ဦး အသက်ရှင်သန်ခွင့်ရရှိရေးအတွက် မြန်မာလူ့အခွင့်အရေး ကော်မရှင်မှ ထိုင်းလူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံစာ ပေးပို့


မင်းဇော်မင်း
.
ထိုင်းနိုင်ငံတောင်ပိုင်း၊ လိတ်ကျွန်းလူသတ်မှုမှ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး အသက်ရှင်သန် ခွင့် ရရှိရေးအတွက် ကူညီပေးနိုင်ရန် မြန်မာလူ့အခွင့်အရေးကော်မရှင်မှ ထိုင်းလူ့အခွင့်အရေးကော်မရှင်သို့ စက်တင်ဘာလ ၉ ရက်က မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မေတ္တာရပ်ခံစာတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ၂ ဦး၏ နောက်ဆုံးအယူခံအား ဩဂုတ်လ ၂၉ ရက်က နွမ်ထဘူရီခရိုင်တရားရုံးမှ ပယ်ချပြီး သေဒဏ်အတည်ပြုခဲ့သည့် အတွက် ၎င်းတို့နှစ်ဦး သေဒဏ်မှ လွတ်ကင်းကာ အသက်ရှင်သန်ခွင့်ရရှိခံစားနိုင်ရေးအတွက် ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းမေတ္တာရပ်ခံ ပါကြောင်း ဖော်ပြပါရှိသည်။
.
ယင်းကဲ့သို့ မေတ္တာရပ်ခံစာ ပေးပို့ခြင်းသည် တတိယအကြိ်မြောက်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် တစ်ကြိ်၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ဖူးကြောင်း သိရသည်။
.
“သူတို့ရဲ့ တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသော်လည်း အခြေခံလူ့အခွင့်အရေးတွေကို လေးစားသော အားဖြင့် သူတို့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်ရရှိအောင် ကူညီပံ့ပိုးပေးနိုင်ဖို့ မေတ္တာရပ်ခံတာပါ” ဟု အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံသား ၂ ဦးကို မျှတစွာ စီရင်ခွင့်ရရှိရေး၊ ညှဉ်းပန်းနှိပ်စက်မှု မရှိရေး၊ တရားစီရင်ရာတွင် ကြန့်ကြာမှု မရှိစေရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ရရှိရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှု မရှိစေဘဲ ခံစားခွင့် ရရှိရေး၊ အသက်ရှင်သန်ခွင့် ရရှိရေးတို့အတွက် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍ သေဒဏ်အတည်ပြုသည့် ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်ထံ အသနားခံစာ တင်သွင်းနိုင်ရန် မြန်မာအစိုးရ ကိုယ်စားလှယ်များမှ ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း၍ စနစ်တကျ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats