အပစ္အခတ္ရပ္စဲရး ၂၁ ရက္ ထပ္မံသက္တမ္းတိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, September 1, 2019

အပစ္အခတ္ရပ္စဲရး ၂၁ ရက္ ထပ္မံသက္တမ္းတိုး


မင္းေဇာ္မင္း
.
တပ္မေတာ္အေနျဖင့္ စစ္တိုင္း ၅ တိုင္းတြင္ အပစ္အခတ္ရပ္စဲမႈ ၂၁ ရက္ ထပ္မံသက္တမ္းတိုးေၾကာင္း ဩဂုတ္လ ၃၁ ရက္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ သတင္းထုတ္ျပန္ခဲ့သည္ဟု သိရသည္။
.
 
.
အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ပစ္ခတ္တိုက္ ခိုက္မႈကို လာမည့္ စက္တင္ဘာလ ၂၁ ရက္အထိ ရပ္စဲေၾကာင္း ေဖာ္ျပပါရွိသည္။
.
ထုတ္ျပန္ခ်က္မွာ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ားတြင္ သက္ေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ သက္တမ္းတိုးျခင္းမွာ စတုတၳအႀကိမ္ေျမာက္ျဖစ္ၿပီး ၂၀၁၈ ဒီဇင္ဘာလ ၂၁ ရက္မွ စတင္၍ အခ်ိန္ အားျဖင့္ ၈ လ ၾကာျမင့္ခဲ့ၿပီျဖစ္ကာ တပ္မေတာ္အေနျဖင့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ ၿငိမ္းခ်မ္းမႈ အေပၚ ေမွ်ာ္လင့္ခ်က္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ အဖြဲ႕အစည္းအားလံုး ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္မ်ားအား ယံုၾကည္မႈအျပည့္ျဖင့္ ဆက္လက္ေဆာင္ရြက္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) တို႔ႏွင့္ လက္ရွိ ေဆြးေႏြးဆဲ အေျခအေနမ်ား ဆက္လက္ေဆာင္ရြက္ႏိုင္ေရးအတြက္ တိုင္းစစ္ဌာန ခ်ဳပ္ ၅ ခု နယ္ေျမမ်ား၌ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္အထိ ရပ္ဆိုင္းေပး သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။
.
အဆိုပါေၾကညာခ်က္မွာ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တစ္ခုလံုးတြင္ အက်ိဳးသက္ေရာက္မႈရွိေသာ္လည္း လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္အခ်ိဳ႕တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနဆဲျဖစ္ၿပီး ဩဂုတ္လ ၃၁ ရက္က ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားရာမွ လက္နက္ႀကီးက်ည္ က်ေရာက္သျဖင့္ လူမမယ္ကေလးငယ္ ၂ ဦး အပါ အဝင္ ေဒသခံ ၅ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ျပဳလုပ္သည့္ NRPC ႏွင့္ ေျမာက္ပိုင္း ၄ ဖြဲ႕ ေတြ႕ဆံုမႈအၿပီး ထုတ္ ျပန္ခ်က္တြင္ လာမည့္ စက္တင္ဘာလ ၁၆ ႏွင့္ ၁၇ ရက္မ်ား၌ ထပ္မံေတြ႕ဆံုရန္ သေဘာတူညီခဲ့ၿပီး ပစ္ခတ္တိုက္ ခိုုက္မႈ ရပ္စဲသည့္ကာလမွ စက္တင္ဘာလ ၂၁ ရက္တြင္ သက္တမ္းကုန္ဆံုးမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
အပစ်အခတ်ရပ်စဲရး ၂၁ ရက် ထပ်မံသက်တမ်းတိုး
.
မင်းဇော်မင်း
.
တပ်မတော်အနေဖြင့် စစ်တိုင်း ၅ တိုင်းတွင် အပစ်အခတ်ရပ်စဲမှု ၂၁ ရက် ထပ်မံသက်တမ်းတိုးကြောင်း ဩဂုတ်လ ၃၁ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ ထုတ်ပြန်ချက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက် ခိုက်မှုကို လာမည့် စက်တင်ဘာလ ၂၁ ရက်အထိ ရပ်စဲကြောင်း ဖော်ပြပါရှိသည်။
.
ထုတ်ပြန်ချက်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် သက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သက်တမ်းတိုးခြင်းမှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်မှ စတင်၍ အချိန် အားဖြင့် ၈ လ ကြာမြင့်ခဲ့ပြီဖြစ်ကာ တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းမှု အပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နှင့် လက်ရှိ ဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းစစ်ဌာန ချုပ် ၅ ခု နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်အထိ ရပ်ဆိုင်းပေး သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါကြေညာချက်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကျိုးသက်ရောက်မှုရှိသော်လည်း လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်က ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီးကျည် ကျရောက်သဖြင့် လူမမယ်ကလေးငယ် ၂ ဦး အပါ အဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြုလုပ်သည့် NRPC နှင့် မြောက်ပိုင်း ၄ ဖွဲ့ တွေ့ဆုံမှုအပြီး ထုတ် ပြန်ချက်တွင် လာမည့် စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်များ၌ ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ပြီး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲသည့်ကာလမှ စက်တင်ဘာလ ၂၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats