တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ ၅ ထပ်လူနာဆောင်အား ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 6, 2019

တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ ၅ ထပ်လူနာဆောင်အား ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ

စိုင်းရာဇာ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ၅ ထပ်လူနာဆောင် အသစ်အား ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆောက်လက်စ စဝ်စံထွန်းဆေးရုံ ၅ ထပ်လူနာဆောင်အား လာရောက် ကြည့်ရှုစစ်ဆေးစဉ် (ဓါတ်ပုံ - နိုင်ငံတော်သမ္မတရုံး)
.
အဆိုပါ စဝ်စံထွန်းဆေးရုံ တိုးချဲ့ လူနာဆောင် ၅ ထပ် အဆောက်အဦ အား ငွေကျပ် ၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ကုန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီး စီးမည်ဖြစ်ကာ ကျန်ရှိသော အတွင်း ပိုင်းလုပ်ငန်းများကို အောက်တိုဘာ လအတွင်း အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
“အဓိကကတော့ စဝ်စံထွန်း ဆေးရုံမှာရှိတဲ့ အရိုးတို့၊ ခွဲစိတ်ခန်းတို့ ဆိုတာ နှစ်ပေါင်းတော်တော်ကြာ သွားပြီ။ အခု အဆောင်သစ်ကို ပြောင်းလိုက်ရုံနဲ့ တော်တော်လေး အဆင်ပြေသွားမှာပါ။ ကျန်းမာရေးဌာနနဲ့  ညှိနှိုင်းပြီးတော့ အစောဆုံး ဖွင့်နိုင်အောင် လုပ်သွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည် နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုး ထွန်းက ပြောသည်။
.
စဝ်စံထွန်းဆေးရုံ ၅ ထပ်လူနာ ဆောင်အသစ်တွင် မြေညီထပ်အား အရေးပေါ် လူနာဌာနအဖြစ် အသုံး ပြုမည်ဖြစ်ပြီး ပထမထပ်အား အရိုး ကုသဆောင်အဖြစ် လည်းကောင်း၊ ဒုတိယထပ်အား ခွဲစိတ်ကုသဆောင် အဖြစ်လည်းကောင်း၊ တတိယထပ် အား ရုံးခန်းအဖြစ်လည်းကောင်း၊ စ တုတ္ထထပ်အား ခွဲစိတ်ဆောင်အဖြစ် လည်းကောင်း အသုံးပြုမည် ဖြစ် သည်ဟု သိရသည်။
.
စဝ်စံထွန်းဆေးရုံရှိ ၅ ထပ် လူနာကုသဆောင်အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ထားသော ဆေးရုံတစ်ရုံဖြစ် ကြောင်းသိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကို လည်း၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်နိုင် ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အရေးပေါ် ကုသမှုဆေးပ ညာဌာနများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ ၇ ရုံ တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံကြီးများ၊ ခရိုင်နှင့် မြို့နယ်ဆေးရုံများတွင် အရေးပေါ်ကုသမှု ဆေးပညာဌာနများ ဖွင့်လှစ်နိုင်ရေး ဆန်းစစ် သုံးသပ်လျက်ရှိပြီး ဆေးရုံအဆင့်အလိုက် လိုအပ်မည့်ဆေးနှင့် ဆေးပစ္စည်းကိရိယာ၊ အဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် စသည်များကို ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုထားသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ဆေးရုံ စုစုပေါင်း ၁၆၄ ခု၊ ခွင့်ပြုခုတင် စု စုပေါင်း ၅၇၆၆ ခု၊ တိုက်နယ်ကျန်း မာရေးဆေးရုံ၊ ၄၈ ခု၊ ကျေးလက် ကျန်းမာရေးဌာန ၁၇၄ ခု၊ ကျေး လက် ကျန်းမာရေးဌာနခွဲ ၉၂၁ ခု ရှိကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ သိရသည်။
.
=========================================================================================
ေတာင္ႀကီး စဝ္စံထြန္းေဆး႐ုံ၊ ၅ ထပ္လူနာေဆာင္အား ယခုႏွစ္အတြင္း ဖြင့္လွစ္နိုင္ရန္ ေဆာင္ရြက္ေန
.
စိုင္းရာဇာ
.
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းေဆး႐ုံရွိ ၅ ထပ္လူနာေဆာင္ အသစ္အား ယခုႏွစ္အတြင္း ဖြင့္လွစ္နိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
အဆိုပါ စဝ္စံထြန္းေဆး႐ုံ တိုးခ်ဲ႕ လူနာေဆာင္ ၅ ထပ္ အေဆာက္အဦ အား ေငြက်ပ္ ၂ ဒသမ ၆ ဘီလီယံ အကုန္အက်ခံ တည္ေဆာက္ခဲ့ျခင္း ျဖစ္ၿပီး စက္တင္ဘာလ ကုန္တြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ား ၿပီး စီးမည္ျဖစ္ကာ က်န္ရွိေသာ အတြင္း ပိုင္းလုပ္ငန္းမ်ားကို ေအာက္တိုဘာ လအတြင္း အၿပီးေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။
.
“အဓိကကေတာ့ စဝ္စံထြန္း ေဆး႐ုံမွာရွိတဲ့ အရိုးတို႔၊ ခြဲစိတ္ခန္းတို႔ ဆိုတာ ႏွစ္ေပါင္းေတာ္ေတာ္ၾကာ သြားၿပီ။ အခု အေဆာင္သစ္ကို ေျပာင္းလိုက္႐ုံနဲ႔ ေတာ္ေတာ္ေလး အဆင္ေျပသြားမွာပါ။ က်န္းမာေရးဌာနနဲ႔  ညႇိႏွိုင္းၿပီးေတာ့ အေစာဆုံး ဖြင့္နိုင္ေအာင္ လုပ္သြားမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္ နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳး ထြန္းက ေျပာသည္။
.
စဝ္စံထြန္းေဆး႐ုံ ၅ ထပ္လူနာ ေဆာင္အသစ္တြင္ ေျမညီထပ္အား အေရးေပၚ လူနာဌာနအျဖစ္ အသုံး ျပဳမည္ျဖစ္ၿပီး ပထမထပ္အား အရိုး ကုသေဆာင္အျဖစ္ လည္းေကာင္း၊ ဒုတိယထပ္အား ခြဲစိတ္ကုသေဆာင္ အျဖစ္လည္းေကာင္း၊ တတိယထပ္ အား ႐ုံးခန္းအျဖစ္လည္းေကာင္း၊ စ တုတၳထပ္အား ခြဲစိတ္ေဆာင္အျဖစ္ လည္းေကာင္း အသုံးျပဳမည္ ျဖစ္ သည္ဟု သိရသည္။
.
စဝ္စံထြန္းေဆး႐ုံရွိ ၅ ထပ္ လူနာကုသေဆာင္အား ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ စတင္ေဆာက္ လုပ္ခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ေဆာက္လုပ္ထားေသာ ေဆး႐ုံတစ္႐ုံျဖစ္ ေၾကာင္းသိရသည္။
.
ထို႔အတူ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရွိုးၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံကို လည္း၂၀၂၀ ခုႏွစ္တြင္ ဖြင့္လွစ္နိုင္ ရန္ စီစဥ္ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။
.
အထူးကုဆရာဝန္ႀကီးမ်ား ပါဝင္သည့္ အေရးေပၚ ကုသမႈေဆးပ ညာဌာနမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ျပည္သူ႔ေဆး႐ုံ ၇ ႐ုံ တြင္ ဖြင့္လွစ္နိုင္ရန္ စီစဥ္ေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔အျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေဆး႐ုံႀကီးမ်ား၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္ေဆး႐ုံမ်ားတြင္ အေရးေပၚကုသမႈ ေဆးပညာဌာနမ်ား ဖြင့္လွစ္နိုင္ေရး ဆန္းစစ္ သုံးသပ္လ်က္ရွိၿပီး ေဆး႐ုံအဆင့္အလိုက္ လိုအပ္မည့္ေဆးႏွင့္ ေဆးပစၥည္းကိရိယာ၊ အေဆာက္အအုံႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ စသည္မ်ားကို ဝန္ႀကီးဌာနအေနျဖင့္ အတတ္နိုင္ဆုံး ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာဆိုထားသည္။
.
ရွမ္းျပည္နယ္အတြင္း၌ ေဆး႐ုံ စုစုေပါင္း ၁၆၄ ခု၊ ခြင့္ျပဳခုတင္ စု စုေပါင္း ၅၇၆၆ ခု၊ တိုက္နယ္က်န္း မာေရးေဆး႐ုံ၊ ၄၈ ခု၊ ေက်းလက္ က်န္းမာေရးဌာန ၁၇၄ ခု၊ ေက်း လက္ က်န္းမာေရးဌာနခြဲ ၉၂၁ ခု ရွိေၾကာင္း က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာနမွ သိရသည္။
.

No comments:

Post a Comment

Journal Download

Photo of three cats