ထာဝရ အပစ်အခတ်ရပ်စဲရေးဆီသို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, September 5, 2019

ထာဝရ အပစ်အခတ်ရပ်စဲရေးဆီသို့


ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကော် မရှင်ဘက်မှ ဒုတိယဥက္ကဌ ဦးသိန်းဇော် တက်ရောက်သလို မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါသည်။
.
ဆွေးနွေးပွဲတွင် တပ်နေရာချထားရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာများကို နှစ်ဘက်ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးမှု ရလဒ်ကို အားရကျေနပ်မှုရှိကြောင်း ခေါင်းဆောင်များက ပြောဆိုခဲ့ ပါသည်။ အပြုံးများကိုယ်စီဖြင့် ကျိုင်းတုံ Amazing မှ အောင်မြင်စွာ ထွက်ခွာသွားကြပါသည်။
.
သို့သော် တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမ်းငွေ့များက ဝေနေဆဲဖြစ်သည်။ ကွတ်ခိုင်မြို့နယ်၊ မော်ဟိတ်စုစည်းကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူမမည်အရွယ် ကလေးငယ်နှင့် ကလေးမိခင် အပါအဝင် ၅ ဦး သေဆုံးခဲ့ရသည်။ ဩဂုတ်လ ၃၁ ရက်ကား ခေါင်းဆောင်များအတွက် ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးနိုင်ခဲ့သည့် မင်္ဂလာနေ့ရက်တစ်ခုဖြစ်သလို ကွတ်ခိုင်မြို့လေးအတွက်ကား ထိတ်လန့်တုန်လှုပ် မှုများ၊ မျက်ရည်စများဖြင့် အတိပြီးခဲ့ရသည်။

.
နှစ်ဘက် ဆွေးနွေးမှုရလဒ်အဖြစ် တပ်မတော်မှ စစ်တိုင်း ၅ ခုတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ ၂၁ ရက် ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့သည်။
.
တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းမှုအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှု အပြည့်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ် ၅ ခု နယ်မြေ များ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်အထိ ရပ်ဆိုင်းပေးသွားမည် ဖြစ် ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
.
မည်သို့ပင် အပစ်ရပ်သည်ဟု ဆိုသော်ငြားလည်း လက်တွေ့ မြေပြင်တွင် ထိတွေ့တိုက်ပွဲများက ဖြစ်ပွားနေ ဆဲ ဖြစ်သည်။ လတ်တလော ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသ စစ်ရေးပဋိပက္ခများအတွင်း အပြစ်မဲ့ ပြည်သူအများ အပြား ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိနေသည်။ ထို့အပြင် စစ်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ခြင်းနှင့်အတူ ကုန်စျေးနှုန်း ကြီးမြင့်ခြင်း ဒဏ်ကိုလည်း ပြည်သူများ ခံစားနေကြရသည်။
.
နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်က တိုင်းပြည်အတွက် ဘာများ ကောင်းကျိုးပြုခဲ့သည်ဟူ သည်ကို ပြန်လည်သုံးသပ်ရန် လိုပါသည်။ စစ်ဆိုသည်မှာ ကောင်းကျိုးပေးသည့် အရာတစ်ခု မဟုတ်ချေ။ အထူး သဖြင့် ပြည်တွင်းစစ်ဟူသည် ဘယ်သူပဲရှုံးရှုံး ကိုယ့်နိုင်ငံက ရှုံးတာပဲ ဖြစ်သည်။ ဘယ်သူပဲ ရှုံးရှုံးနိုင်နိုင် ကြားထဲက မြေဇာပင် ဖြစ်ရသည်ကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက ပြည်သူတွေပဲဖြစ်သည်။
.
ပြီးခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်မှ စတင်၍ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပြီး NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ခုနှင့် ချုပ်ဆိုနိုင်ခဲ့သည်။ ယခု NLD အစိုးရ လက်ထက်တွင်လည်း ၂၁ ရာစုပင်လုံခေါ် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
.
သို့သော် စစ်ဘေးရှောင်များက ရှိနေဆဲဖြစ်သည်။ တိုက်ပွဲဖြစ်တော့ ပြေးလိုက်၊ မဖြစ်တဲ့အချိန် ပြန်ပြီးတော့ စိုက်ပျိုးရေး လုပ်လိုက်နဲ့ သံသရာလည်နေဆဲ ဖြစ်သည်။ နှစ်ဘက်ခေါင်းဆောင်များကလည်း လက်ဆွဲနှုတ်ဆက် မြဲ၊ နှစ်ဘက် အောက်ခြေတပ်သားများကလည်း ပစ်မြဲ၊ ခတ်မြဲ၊ ဖမ်းမြဲပင် ဖြစ်သည်။
.
ပြည်သူများအဖို့ တောင်ပေါ်မြေတွင် မြူခိုးများကိုသာ လိုချင်သည်။ ယမ်းခိုးများကို မလိုချင်ပါ။ သာယာ လှပသည့် ရှမ်းတောင်တန်းတွင် ယမ်းခိုးများကင်း အမုန်းအာဃာတများ ရှင်း၍ အေးချမ်းသည့် ဘဝကို ဖြတ် သန်းချင်ကြသည်။ ကိုယ့်ရေကိုယ့်မြေပေါ်မှာ ကိုယ့်မိသားစု ဘဝလေးနဲ့ ရိုးစင်းစွာ ဖြတ်သန်းချင်ကြသည်။ ယခု လက်ရှိ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးကာလမှသည် ထာဝရအပစ်အခတ်ရပ်စဲရေးကာလဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုန္ဒပြုလိုက်ရပါသည်။
.
=========================================================================================
ထာဝရ အပစ္အခတ္ရပ္စဲေရးဆီသို႔
.
ကေမၻာဇတိုင္း
.
ၿပီးခဲ့သည့္ ဩဂုတ္လ ၃၁ ရက္က ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕တြင္ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၄ ဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါသည္။ ၿငိမ္းခ်မ္းေရးေကာ္ မရွင္ဘက္မွ ဒုတိယဥကၠဌ ဦးသိန္းေဇာ္ တက္ေရာက္သလို ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားလည္း တက္ေရာက္ခဲ့ပါသည္။
.
ေဆြးေႏြးပြဲတြင္ တပ္ေနရာခ်ထားေရး၊ အပစ္အခတ္ ရပ္စဲေရးဆိုင္ရာမ်ားကို ႏွစ္ဘက္ေဆြးေႏြးခဲ့ၾကသည္ဟု သိရပါသည္။ ေဆြးေႏြးပြဲအၿပီးတြင္ ေဆြးေႏြးမႈ ရလဒ္ကို အားရေက်နပ္မႈရွိေၾကာင္း ေခါင္းေဆာင္မ်ားက ေျပာဆိုခဲ့ ပါသည္။ အျပဳံးမ်ားကိုယ္စီျဖင့္ က်ိဳင္းတုံ Amazing မွ ေအာင္ျမင္စြာ ထြက္ခြာသြားၾကပါသည္။
.
သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ယမ္းေငြ႕မ်ားက ေဝေနဆဲျဖစ္သည္။ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေမာ္ဟိတ္စုစည္းေက်းရြာတြင္ လက္နက္ႀကီးက်ည္ က်ေရာက္မႈေၾကာင့္ လူမမည္အရြယ္ ကေလးငယ္ႏွင့္ ကေလးမိခင္ အပါအဝင္ ၅ ဦး ေသဆုံးခဲ့ရသည္။ ဩဂုတ္လ ၃၁ ရက္ကား ေခါင္းေဆာင္မ်ားအတြက္ ၿငိမ္းခ်မ္းေရး စကားဝိုင္း ေဆြးေႏြးနိုင္ခဲ့သည့္ မဂၤလာေန႔ရက္တစ္ခုျဖစ္သလို ကြတ္ခိုင္ၿမိဳ႕ေလးအတြက္ကား ထိတ္လန႔္တုန္လႈပ္ မႈမ်ား၊ မ်က္ရည္စမ်ားျဖင့္ အတိၿပီးခဲ့ရသည္။
.
ႏွစ္ဘက္ ေဆြးေႏြးမႈရလဒ္အျဖစ္ တပ္မေတာ္မွ စစ္တိုင္း ၅ ခုတြင္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးကာလ ၂၁ ရက္ ထပ္မံတိုးျမႇင့္ေၾကာင္း ေၾကညာခဲ့သည္။
.
တပ္မေတာ္အေနျဖင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား၏ ၿငိမ္းခ်မ္းမႈအေပၚ ေမၽွာ္လင့္ခ်က္၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ အဖြဲ႕အစည္းအားလုံး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအား ယုံၾကည္မႈ အျပည့္ျဖင့္ ဆက္လက္ ေဆာင္ရြက္နိုင္ေရး၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) တို႔ႏွင့္ လက္ရွိေဆြးေႏြးဆဲ အေျခအေနမ်ား ဆက္လက္ေဆာင္ရြက္နိုင္ေရးအတြက္ တိုင္းစစ္ဌာနခ်ဳပ္ ၅ ခု နယ္ေၿမ မ်ား၌ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္အထိ ရပ္ဆိုင္းေပးသြားမည္ ျဖစ္ ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။
.
မည္သို႔ပင္ အပစ္ရပ္သည္ဟု ဆိုေသာ္ျငားလည္း လက္ေတြ႕ ေျမျပင္တြင္ ထိေတြ႕တိုက္ပြဲမ်ားက ျဖစ္ပြားေန ဆဲ ျဖစ္သည္။ လတ္တေလာ ျဖစ္ပြားေနသည့္ ရွမ္းေျမာက္ေဒသ စစ္ေရးပဋိပကၡမ်ားအတြင္း အျပစ္မဲ့ ျပည္သူအမ်ား အျပား ထိခိုက္ဒဏ္ရာရ ေသဆုံးမႈမ်ား ရွိေနသည္။ ထို႔အျပင္ စစ္ပြဲေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ ျခင္းႏွင့္အတူ ကုန္ေစ်းႏႈန္း ႀကီးျမင့္ျခင္း ဒဏ္ကိုလည္း ျပည္သူမ်ား ခံစားေနၾကရသည္။
.
ႏွစ္ေပါင္း ၇၀ ေက်ာ္ ျဖစ္ပြားခဲ့သည့္ ျပည္တြင္းစစ္က တိုင္းျပည္အတြက္ ဘာမ်ား ေကာင္းက်ိဳးျပဳခဲ့သည္ဟူ သည္ကို ျပန္လည္သုံးသပ္ရန္ လိုပါသည္။ စစ္ဆိုသည္မွာ ေကာင္းက်ိဳးေပးသည့္ အရာတစ္ခု မဟုတ္ေခ်။ အထူး သျဖင့္ ျပည္တြင္းစစ္ဟူသည္ ဘယ္သူပဲရႈံးရႈံး ကိုယ့္နိုင္ငံက ရႈံးတာပဲ ျဖစ္သည္။ ဘယ္သူပဲ ရႈံးရႈံးနိုင္နိုင္ ၾကားထဲက ေျမဇာပင္ ျဖစ္ရသည္ကေတာ့ ပဋိပကၡျဖစ္ပြားရာ ေဒသေတြက ျပည္သူေတြပဲျဖစ္သည္။
.
ၿပီးခဲ့သည့္ နိုင္ငံေတာ္သမၼတ ဦးသိန္းစိန္လက္ထက္မွ စတင္၍ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ လက္နက္ကိုင္ပဋိပကၡ ခ်ဳပ္ၿငိမ္းေရးအတြက္ အားသြန္ခြန္စိုက္ ေဆာင္ရြက္လ်က္ရွိၿပီး NCA စာခ်ဳပ္ကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း ၁၀ ခုႏွင့္ ခ်ဳပ္ဆိုနိုင္ခဲ့သည္။ ယခု NLD အစိုးရ လက္ထက္တြင္လည္း ၂၁ ရာစုပင္လုံေခၚ ျပည္ ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံမ်ားကိုလည္း က်င္းပျပဳလုပ္ေပးလ်က္ရွိသည္။
.
သို႔ေသာ္ စစ္ေဘးေရွာင္မ်ားက ရွိေနဆဲျဖစ္သည္။ တိုက္ပြဲျဖစ္ေတာ့ ေျပးလိုက္၊ မျဖစ္တဲ့အခ်ိန္ ျပန္ၿပီးေတာ့ စိုက္ပ်ိဳးေရး လုပ္လိုက္နဲ႔ သံသရာလည္ေနဆဲ ျဖစ္သည္။ ႏွစ္ဘက္ေခါင္းေဆာင္မ်ားကလည္း လက္ဆြဲႏႈတ္ဆက္ ျမဲ၊ ႏွစ္ဘက္ ေအာက္ေျခတပ္သားမ်ားကလည္း ပစ္ျမဲ၊ ခတ္ျမဲ၊ ဖမ္းျမဲပင္ ျဖစ္သည္။
.
ျပည္သူမ်ားအဖို႔ ေတာင္ေပၚေျမတြင္ ျမဴခိုးမ်ားကိုသာ လိုခ်င္သည္။ ယမ္းခိုးမ်ားကို မလိုခ်င္ပါ။ သာယာ လွပသည့္ ရွမ္းေတာင္တန္းတြင္ ယမ္းခိုးမ်ားကင္း အမုန္းအာဃာတမ်ား ရွင္း၍ ေအးခ်မ္းသည့္ ဘဝကို ျဖတ္ သန္းခ်င္ၾကသည္။ ကိုယ့္ေရကိုယ့္ေျမေပၚမွာ ကိုယ့္မိသားစု ဘဝေလးနဲ႔ ရိုးစင္းစြာ ျဖတ္သန္းခ်င္ၾကသည္။ ယခု လက္ရွိ အပစ္အခတ္ရပ္စဲေရး သက္တမ္းတိုးကာလမွသည္ ထာဝရအပစ္အခတ္ရပ္စဲေရးကာလဆီသို႔ အျမန္ဆုံး ေရာက္ရွိနိုင္ပါေစေၾကာင္း ဆုႏၵျပဳလိုက္ရပါသည္။
.

No comments:

Post a Comment

Journal Download

Photo of three cats