ရှမ်းနှင့် မန္တလေး နယ်စပ်တွင် ရှမ်းပြည်နယ် အထိမ်းအမှတ်မုခ်ဦး စိုက်ထူသွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, September 25, 2019

ရှမ်းနှင့် မန္တလေး နယ်စပ်တွင် ရှမ်းပြည်နယ် အထိမ်းအမှတ်မုခ်ဦး စိုက်ထူသွားမည်


စုလှိုင်
.
မိတ္ထီလာ-သာစည်-ကလော -တောင်ကြီး ပြည်ထောင်စုလမ်းမ ကြီးပေါ်ရှိ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်အစပ် နေရာတွင် ရှမ်းပြည်နယ် အထိမ်းအမှတ် မုခ်ဦး စိုက်ထူရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပြီး ဒီဇိုင်းရေးဆွဲရန် ညွှန်ကြားထား ကြောင်း သိရသည်။
.
.
ပုံက တက်မလာသေးဘူး၊ အစိုးရအဖွဲ့ကို တင်ပြဖို့ရှိပါတယ်။ တာ ဝန်ပေးထားတုန်း စိစစ်နေတုန်း ရှိပါ သေးတယ်ဟု ရှမ်းပြည်နယ်အစိုး ရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည် နယ်လွှတ်တော် အစည်းအဝေးခန်း မတွင် ကျင်းပရာ လင်းခေးမြို့နယ်မဲ ဆန္ဒနယ် အမှတ် ()မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း အောင်မျိုးကျော်ကမိတ္ထီလာ- တောင် ကြီး-ကျိုင်းတုံ-တာချီလိတ် AH-2 လမ်းမကြီးပေါ်ရှိ မန္တလေးတိုင်းဒေ သကြီးနှင့် ရှမ်းပြည်နယ် နယ်စပ်မျဉ်း ပေါ်တွင် ရှမ်းပြည်နယ် အထိမ်းအ မှတ်ကွန်ကရစ်မုခ်ဦးတစ်ခု ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေး မြန်းရာ ပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လာမည့် ပွင့်လင်းရာသီကာလတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားထားသည်။
.
ယင်းကဲ့သို့ ရှမ်းပြည်နယ်အ ထိမ်းအမှတ်မုခ်ဦး ဆောက်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ တောင်ကြီး ဒေသခံ မြို့မိမြို့ဖ တစ်ဦးကလုပ်မယ်ဆိုရင်တော့ ရှမ်းပြည်နယ် ရဲ့ သင်္ကေတဖြစ်တဲ့ ရှမ်းအိုးစည်တို့၊ ရှမ်းနဲ့ သက်ဆိုင်တဲ့ အရာတွေပဲ ဖြစ် သင့်ပါတယ်ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ ဟိုပုံးမြို့နေ ဒေသခံ တစ်ဦးကလည်းရှမ်းပြည်နယ်ရဲ့ အထိမ်းအမှတ် သင်္ကေတတစ်ခု အနေနဲ့ လုပ်သင့်တာ ကြာလှပါပြီ။ အောက်ကနေ တက်လာကတည်း က ထင်ထင်ရှားရှား မုခ်ဦးဆိုရင် အေး သာယာက တောင်ကြီးမြို့အဝင် မုခ် ဦးတစ်ခုပဲ ရှိပါတယ်။ သာစည်နဲ့ ကလောအစပ်မှာ လက်ရှိက ဆိုင်းဘုတ်သေးသေး လေးပဲ ရှိတယ်။ အဲ ဒီမှာ ရှမ်းပြည်နယ် အထိမ်းအမှတ် တစ်ခုခု လုပ်သင့်ပါတယ်ဟု ၎င်း အမြင်ကို ပြောဆိုခဲ့သည်။
.
တောင်ပေါ်ဒေသ လမ်းဆောက် လုပ်ရေးကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ-တာချီလိတ် AH-2 လမ်းမပေါ်ရှိ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် အစပ်နေရာ၌ နယ်ခြားဆိုင်း ဘုတ် စိုက်ထူနိုင်ရေးအတွက် လမ်း ဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မ တီ အပါအဝင် သက်ဆိုင်ရာဌာနများ မှ ၂၀၁၉ ခုနှစ်၊ မေလတွင် ကွင်းဆင်း နေရာ ရွေးချယ်ခြင်းများ ဆောင် ရွက်ခဲ့ပြီးဖြစ်ကာ စိုက်ထူမည့် မုခ်ဦး ဗိသုကာ ပုံစံများ၊ ရေးသားမည့် စာသားများ ပါဝင်သော အဆိုပြုပုံစံ မျိုးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန် ညွှန်ကြားထားပြီး ပြည် နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံး ဖြတ်ချက်ဖြင့် လုပ်ငန်းများ စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats