ချင်းရွှေဟော်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် အဆင့် မြှင့်တင်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, September 17, 2019

ချင်းရွှေဟော်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် အဆင့် မြှင့်တင်သွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုး ကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို သင့် တင့်သည့်အချိန်တွင် အပြည်ပြည် ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် အဆင့် မြှင့်တင်သွားမည်ဖြစ်သည်ဟု လုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ပြော ဆိုခဲ့သည်။
.
.
ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်း အဝေးကို စက်တင်ဘာလ ၁၀ ရက် က နေပြည်တော်တွင် ပြုလုပ်ရာ ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးကျော်နီနိုင်၏ မေးခွန်းအား ပြည်ထောင်စုဝန်ကြီးမှ ယင်းကဲ့သို့ ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
.
လက်ရှိတွင် ချင်းရွှေဟော်နှင့် ရန်လုံကျိုင်းဂိတ်များမှာ နယ်စပ်ဖြတ် သန်းခွင့် လက်မှတ်ဖြင့်သာ ဝင်ထွက် နေရသဖြင့် အကယ်၍ အပြည်ပြည် ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် အဆင့် မြှင့်တင်ပြီး နိုင်ငံကူး လက်မှတ် (Passport)ဖြင့် ဝင်ထွက်သွားလာ ခွင့် ရပါက တစ်ဦးလျှင် အခွန်ငွေအ ဖြစ် အမေရိကန်ဒေါ်လာ ၅၀ ရရှိနိုင် မည်ဖြစ်ကြောင်း ဦးကျော်နီနိုင်က ပြောဆိုခဲ့သည်။
.
ပြည်ထောင်စုဝန်ကြီးက ချင်းရွှေ ဟော်ဂိတ်ကို လက်ရှိနေရာမှ မီတာ ၉၀၀ ခန့် အကွာတွင် နယ်စပ်ကုန် သွယ်ရေးစခန်းအဖြစ် ပြောင်းလဲဖွင့် လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသော်လည်း လက်ရှိ နယ်စပ်ကုန် သွယ်ရေးစခန်းအဖြစ် ဆက်လက် အသုံးပြုမည်ဖြစ်ပြီး နှစ်နိုင်ငံလုံး ပြောင်းရွှေ့ ဖွင့်လှစ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ သို့အတွက် ဂိတ်နေ ရာ ပြောင်းလဲ ဖွင့်လှစ်ရန် သို့မဟုတ် ထပ်မံ ဖွင့်လှစ်ရန် ရှမ်းပြည်နယ်အ စိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ သဘောတူညီချက် ရရှိပါ က အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနအနေဖြင့် ဌာနဆိုင်ရာ လုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက်သွား မည်ဟု ပြန်ကြား ထားကြောင်း၊ ချင်း ရွှေဟော် စခန်းသည် မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုဇုန် တည်ဆောက် အကောင် အထည်ဖော်ရန် ရွေးချယ်ထားသည့် စာရင်းတွင် ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားခဲ့သည်။
.
ထို့အပြင် တရုတ်အကူအညီ ဖြင့် တည်ဆောက်နေသည့် ကွမ်းလုံ တံတားအသစ် တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံသား ပညာရှင် များကို ချင်းရွှေဟော် ဂိတ်မှပင် ဝင် ထွက်ခွင့်ပြုထားကြောင်း၊ ရန်လုံ ကျိုင်းဂိတ်မှာမူ လတ်တလောတွင် အဆင့်မြှင့်တင်ရန် မရှိသေးပါ ကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လ ရက်က တိုက်ခိုက်ခံရပြီး လဝက ဝန်ထမ်း ဦး ကျဆုံး ခဲ့ရသဖြင့် ခန်းကို ယာယီ ပိတ်ထားခဲ့ကာ မေ ရက်တွင် မူလစစ်ဆေးရေးစခန်း အနီး ဧည့်ကြိုအဆောက်အဦတွင် ယာယီစစ်ဆေးရေးစခန်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဇန်န ဝါရီလ  ၃၀ ရက် တွင် မူလနေရာ၌ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း ပြည် ထောင်စုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။
.
မြန်မာနိုင်ငံတွင် နိုင်ငံကူးလက် မှတ် (Passport) ဖြင့် ဝင်ထွက်ခွင့် ရှိသည့် အပြည်ပြည်ဆိုင်ရာဂိတ် ခုရှိရာ ယင်းတို့မှာ တာချီလိတ်-မယ် ဆိုင်ဂိတ်၊ မဲဆောက်-မြဝတီဂိတ်၊ ရနောင်း-ကော့သောင်းဂိတ်၊ ဖူနာ ရွန်-ထီးခီးဂိတ်၊ မိုရေး-တူးဂိတ်၊ ဇို ခေါ်ဒါရ် (ရိခေါ်ဒါရ်) ဂိတ်တို့ ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats