စားသုံးသူ ယုံကြည်မှု အားနည်းနေဆဲ ဖြစ်၍ ကျိုင်းတုံတွင် ဝက်သားသတ်လုပ်ငန်း လျှောက်ထားသူ မရှိသေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, September 12, 2019

စားသုံးသူ ယုံကြည်မှု အားနည်းနေဆဲ ဖြစ်၍ ကျိုင်းတုံတွင် ဝက်သားသတ်လုပ်ငန်း လျှောက်ထားသူ မရှိသေး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  ကျိုင်းတုံမြို့တွင် ဝက်သေဆုံးမှုများ ဖြစ် ပေါ်ခဲ့သောကြောင့် စားသုံးသူပြည် သူများ၏ ယုံကြည်မှု လျော့နည်းနေ ဆဲဖြစ်သဖြင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွက် ဝက်သားသတ် ထုတ်လုပ်ရောင်းချရေး လုပ်ငန်း ခေါင်းခွန်လိုင်စင်အတွက်လာရောက်လျှောက် ထားသူ မရှိခဲ့ကြောင်း သိရသည်။
.
 
.
ကျိုင်းတုံမြို့နယ်တွင်ဝက်သား သတ်ထုတ်လုပ် ရောင်းချသူ လုပ် ငန်းရှင် ၃၆ ဦးခန့် ရှိသော်လည်း သာရေး၊ နာရေးနှင့် လူမှုရေးလုပ်ငန်း များရှိသည့် ရက်များတွင်လည်း နေ့စဉ် ထုတ်လုပ်ရောင်းချရန်အ တွက် သတ်မှတ်စာရင်းပေးထား သော ဝက်ကောင်ရေအတိုင်းအခွန် ပေးဆောင်နေရခြင်းနှင့် လတ်တ လောတွင် ဝက်သားဝယ်ယူစားသုံးမှု ကျဆင်းနေသဖြင့် ဝက်သားသတ် ထုတ်လုပ်ရောင်းချခွင့် လျှောက်ထား လိုသူ နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ခုလည်း နေ့စဉ် ကျွန်တော်တို့ က ဝက်သားရောင်းပါတယ်။ ဒါပေမဲ့ ရောင်းမကုန်လို့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး နောက်နေ့မှာ ပြန် ရောင်းပါတယ်။ အရင်ကဆိုရင် မနက် နာရီလောက်မှာ ရောင်းကုန်ပါ တယ်ဟု ကျိုင်းတုံမြို့မစျေးအတွင်း ဝက်သားရောင်းချသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဝက်သား စားသုံးနေသူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ စည်ပင်ရဲ့ အခွန်ငွေရရှိရေးက ဝက် သားရောင်းချနေသူတွေ  အဆင်ပြေ ဖို့ လိုအပ်ပြီး စားသုံးသူတွေရဲ့ ယုံ ကြည်မှုကိုရအောင် ဌာနဆိုင်ရာ သာမကဘဲ မြို့မိမြို့ဖ၊ လေးစားရ သူတွေ ပါဝင်ကြမှအောင်မြင် နိုင်မှာ ဖြစ်ပါတယ်ဟု ကျိုင်းတုံမြို့နေ ဦးမျိုးဇင်ဝင်းကလည်း ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာ ယာရေးကော်မတီမှ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဝက်သား သတ် ထုတ်လုပ်ရောင်းချခွင့် ခေါင်း ခွန်စနစ်အား လျှောက်ထားကြရန် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ ကြေညာခဲ့ သော်လည်း လျှောက်ထား သူ မရှိ၍ ဒုတိယအကြိမ် ထပ်မံကြေ ညာခဲ့ရာတွင်လည်း လျှောက်ထား သူ မရှိခဲ့သည့်အတွက် တတိယအ ကြိမ်ထပ်မံ ကြေညာသွားမည် ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats