ပြည်သူ့စစ်များအား တပ်မတော်မှ ကွပ်ကဲနေသော်လည်း အရပ်ဘက် အဖွဲ့အစည်းသာ ဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, September 17, 2019

ပြည်သူ့စစ်များအား တပ်မတော်မှ ကွပ်ကဲနေသော်လည်း အရပ်ဘက် အဖွဲ့အစည်းသာ ဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဆို


မင်းဇော်မင်း
.
ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များ ညွှန်ကြားရေးမှူးရုံးမှ ကွပ် ကဲနေသည့် ပြည်သူ့စစ်များသည် တပ်မတော်သားများ မဟုတ်ဘဲ ရပ်ဘက် အဖွဲ့အစည်းများသာ ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုခဲ့သည်။
.
 
.
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် (၁၃) ကြိမ်မြောက်ပုံမှန် စည်းအဝေး ၁၉ ရက်မြောက်နေ့ကို စက်တင်ဘာလ ၁၁ ရက်က နေပြည် တော်တွင် ကျင်းပရာ ယင်းအစည်း အဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်မိကွန်ချမ်း မေးမြန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအ တွင်းရှိ ကျေးရွာ ပြည်သူ့စစ်များကို မည်သည့်အတွက်ကြောင့် ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက် များနှင့်  ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက တာဝန်ခံသည်ကို သိရှိလို ကြောင်း မေးခွန်း မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်မိကွန်ချမ်းက ပြည်သူ့စစ် များ၏ စည်းကမ်းချက်တွင် ပြည်သူ လူထုနှင့်အတူ ပြည်သူလူထု၏ သက်အိုးအိမ်ကို ကာကွယ်ရမည် ဟု ပြဌာန်းထားသည်ကို တွေ့ရှိရ ကြောင်း၊ သို့သော် လက်ရှိတွင် မူး ယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၊ သစ် မှောင်ခို ခိုးထုတ်များကို မြင်တွေ့နေ ရကြောင်း၊ ပြည်သူများနှင့်အတူ နီး ကပ်စွာ နေထိုင်ရမည့် ပြည်သူ့စစ် အဖွဲ့ကို လက်နက်၊ အာဏာ၊ လုပ် ပိုင်ခွင့်များ ပေးထားပါက အချိန်မ ရွေး လူမှုရေး ပဋိပက္ခများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ အာဏာအလွဲသုံး စားမှုများ ပြုလုပ်နေသည်ကို တွေ့ ရှိရကြောင်း လွှတ်တော်တွင် မေး ခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မေးခွန်းနှင့် ပတ်သက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့ စစ်များသည် တပ်မတော်သား ဖွဲ့အစည်း မဟုတ်ကြောင်း၊ အရပ် ဘက် အဖွဲ့အစည်းသာဖြစ်ကြောင်း၊ ပြည်သူ့စစ် အဖွဲ့များကို တပ်မတော် (ကြည်း/ရေ/လေ)တပ်ရင်း တပ်ဖွဲ့ များက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက် တပ်ဆင်ရေးနှင့် တာဝန်ခွဲ ဝေ သတ်မှတ်ပေးရေးတို့ကို တာဝန် ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ က ၎င်းတို့ နယ်မြေအလိုက်ဖွဲ့စည်း ထားသော ပြည်သူ့စစ်အဖွဲ့များအား ကြီးကြပ်ကွပ်ကဲပြီး တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပြည်သူ့စစ်နှင့် နယ် ခြားတပ်များ ညွှန်ကြား ရေးမှူးရုံးက ကြီးကြပ် ကွပ်ကဲလျက် ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
စစ်ရေး လိုအပ်ချက်ရှိသည့် နေ ရာများတွင် လုံခြုံရေးကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း လက်နက်ကိုင် သောင်း ကျန်းမှုအန္တရာယ်ကို ချေမှုန်းနိုင်ရေး အတွက် ရေတိုရည်မှန်းချက်အရ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး ရေရှည်တွင် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော် အား ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ် မဟာဗျူဟာ၏ အစိတ် အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင် မည့် ပြည်သူ့စစ်ဌာနေအဖွဲ့များ ဖြစ် ဖွဲ့စည်းထားရှိခြင်းဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.
ယင်း ဖြေကြားချက်အပေါ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိ ကွန်ချမ်းက ထပ်ဆင့်မေးခွန်း ဖြစ်ပြည်သူ့စစ်ကို မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ဖွဲ့စည်းထားတယ်လို့ သိရတယ်။ ပြည်သူ့စစ် အဖွဲ့တွေ မှာ ဥပဒေရော ရှိသလား။ ပြည်သူ့ စစ်ရဲ့တရားဥပဒေမဲ့ လုပ်ရပ်တွေကို ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ ရှိနိုင်သလဲ။ တရားစီရင်ရေးကို ဘယ် အဖွဲ့က အရေးယူဆောင်ရွက်မလဲ ဆိုတာကိုလည်း သိရှိလိုပါတယ်ဟု မေးမြန်းခဲ့သည်။
.
အဆိုပါ ထပ်ဆင့် မေးခွန်းကို ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ် ဟာဗျူဟာ အကောင်အထည်ဖော် မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဆိုထားကြောင်း၊ နိုင်ငံ၏ ကာကွယ် ရေး မူဝါဒအရ ဆက်လက်ဖွဲ့စည်း ထားရှိခြင်း ဖြစ်ကြောင်း၊ ကာကွယ် ရေးမူဝါဒ မပြောင်းလဲမချင်း ဆက် လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
ပေါင်မြို့နယ်တွင် ပြည်သူ့စစ်ရှိ သော ကျေးရွာ ၄၅ ရွာရှိပြီး ပြည်သူ့ စစ်အဖွဲ့ဝင် ၁၁၂၆ ဦးရှိကာ လက် နက်အရေအတွက် ၂၄၆ လက်နှင့် ကျည်ဆံ ၇၅၁၃ တောင့်ရှိကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က ပြည် သူ့စစ်နှင့် ကျေးရွာလူထုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း၊ အမှန်တစ်ကယ် ကျေးရွာလုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကို တာဝန်ယူထားရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် သာ ဖြစ်သည်ဟု ယူဆကြောင်း၊ အာဏာကို သုံးစွဲပြီး ပြည်သူကိုခြိမ်း ခြောက်သည့် စကားများပါ သုံးစွဲ သည့်အတွက် ပြည်သူများမှ စိုးရိမ် ပူပန်မှုများဖြင့် နေထိုင်နေရကြောင်း ဒေါ်မိကွန်ချမ်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
,
ဒေါ်မိကွန်ချမ်း၏ မေးခွန်းမေး မြန်းမှုအရ တစ်နိုင်ငံလုံး ပြည်သူ့ စစ် အဖွဲ့ပေါင်း ၆၀၅၀ ဖွဲ့ရှိပြီး တစ် ဖွဲ့လျှင် ၂၀ ဦးမှ ၆၀ ဦးအထိ ဖွဲ့ စည်းရန် ခွင့်ပြုထားကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats