ေတာင္ႀကီးတြင္ ဂု႐ုနာနက္(က္)အ႐ွင္သူျမတ္ ပြင့္ေတာ္မူရာ ႏွစ္ ၅၅၀ ျပည့္အထိမ္းအမွတ္အျဖစ္ စတုဒိသာ ေကၽြးေမြး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, September 3, 2019

ေတာင္ႀကီးတြင္ ဂု႐ုနာနက္(က္)အ႐ွင္သူျမတ္ ပြင့္ေတာ္မူရာ ႏွစ္ ၅၅၀ ျပည့္အထိမ္းအမွတ္အျဖစ္ စတုဒိသာ ေကၽြးေမြး


ေကာင္းမြန္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ အ႐ွင္သူျမတ္ ဂု႐ုႀကီးနာနက္(က္) ပြင့္ေတာ္ မူရာ ႏွစ္ ၅၅၀ ျပည့္အထိမ္းအမွတ္အေနျဖင့္ ဩဂုတ္လ ၃၁ ရက္က စတုဒိသာကုသိုလ္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.

.
ဂု႐ုႀကီးနာနက္(က္)သည္ ဆစ္(ခ္)ဘာသာကို တည္ေထာင္ခဲ့သူျဖစ္ၿပီး ဆစ္(ခ္)စမၼလမ္းစဥ္ကို စတင္ခ်မွတ္ခဲ့ေသာ ပထေျမာက္ဂု႐ုျဖစ္ရာ အဆိုပါ ဂု႐ုႀကီးပြင့္ေတာ္မူသည့္ (၁၄၆၉-၂၀၁၉) ႏွစ္ ၅၅၀ ျပည့္ အထိမ္းအမွတ ္အေနျဖင့္ ၂၀၁၉ခုႏွစ္ အတြင္းစတုဒိသာကုသိုလ္ျပဳျခင္း၊ ဆုေတာင္းျခင္း တို႔အား ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
.
အဆိုပါအထိမ္းအမွတ္ပဲြအား ျမန္မာတစ္ႏိုင္ငံလံုးတြင္ ျပဳလုပ္လ်က္ေနေၾကာင္း ႏွင့္ ႐ွမ္းျပည္နယ ္ေတာင္ပိုင္း ေတာင္ျကီးၿမိဳ႕တြင္ စက္တင္ဘာလ ၁ ရက္ေန႔က ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
.
“ဒါကၽြန္ေတာ္တို႔ရဲ႕ ပထမေျခလွမ္းျဖစ္သလို ဆစ္(ခ္)စမၼလမ္းစဥ္ေတြကို စတင္ခ်မွတ္ခဲ့တဲ့ အ႐ွင္ျမတ္လဲ ျဖစ္ပါ တယ္။ ဂု႐ုႀကီးမိန္႔ၾကားခဲ့တဲ့ထဲမွာ လူတိုင္း သမာအာဇီဝ က်က် လုပ္ကိုင္ရန္ ၊ တရားေတာ္နဲ႔ အညီေနထိုင္ရန္ ၊  မ႐ွိသူမ်ားကိုေပးကမ္းစြန္႔ၾကဲေပးရန္ အဲဒါေတြပါဝင္တယ္။ ၿပီးေတာ့ လူတိုင္းကို ဆင္းရဲခ်မ္းသာမေရြး လွဴႏိုင္ရမယ္ ဆိုတဲ့ အတိုင္း ဂု႐ုႀကီးရဲ႕အထိမ္းအမွတ္ ပဲြကိုလဲ အခုလို လွဴဒါန္းရျခင္းျဖစ္ပါတယ္။"ဟု ေတာင္ႀကီးၿမိဳ႕ ဆစ္(ခ္)ဓမၼ ေက်ာင္းထိုင္ဆရာ ဦးထြန္းထြန္းၿဖိဳး (Bhai Uchet Singh) က ေျပာသည္။
.
အဆိုပါ အထိမ္းအမွတ္ပဲြတြင္ အားလူးပူရီ ႏွင့္ ဟလဝါ ဘူး ၁၁၅၀ လွဴဒါန္းခဲ့ေၾကာင္း ႏွင့္ ဆစ္(ခ္)ဘာသာဝင္ ၂၀၀ ေက်ာ္ခန္႔ တတ္ေရာက္ခဲ့ေၾကာင္းသိရသည္။
.
============================================================ တောင်ကြီးတွင် ဂုရုနာနက်(က်)အရှင်သူမြတ် ပွင့်တော်မူရာ နှစ် ၅၅၀ ပြည့်အထိမ်းအမှတ်အဖြစ် စတုဒိသာ ကျွေးမွေး
.
ကောင်းမွန်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အရှင်သူမြတ် ဂုရုကြီးနာနက်(က်) ပွင့်တော် မူရာ နှစ် ၅၅၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ဩဂုတ်လ ၃၁ ရက်က စတုဒိသာကုသိုလ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဂုရုကြီးနာနက်(က်)သည် ဆစ်(ခ်)ဘာသာကို တည်ထောင်ခဲ့သူဖြစ်ပြီး ဆစ်(ခ်)စမ္မလမ်းစဉ်ကို စတင်ချမှတ်ခဲ့သော ပထမြောက်ဂုရုဖြစ်ရာ အဆိုပါ ဂုရုကြီးပွင့်တော်မူသည့် (၁၄၆၉-၂၀၁၉) နှစ် ၅၅၀ ပြည့် အထိမ်းအမှတ ်အနေဖြင့် ၂၀၁၉ခုနှစ် အတွင်းစတုဒိသာကုသိုလ်ပြုခြင်း၊ ဆုတောင်းခြင်း တို့အား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
အဆိုပါအထိမ်းအမှတ်ပွဲအား မြန်မာတစ်နိုင်ငံလုံးတွင် ပြုလုပ်လျက်နေကြောင်း နှင့် ရှမ်းပြည်နယ ်တောင်ပိုင်း တောင်ကြီးမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
.
“ဒါကျွန်တော်တို့ရဲ့ ပထမခြေလှမ်းဖြစ်သလို ဆစ်(ခ်)စမ္မလမ်းစဉ်တွေကို စတင်ချမှတ်ခဲ့တဲ့ အရှင်မြတ်လဲ ဖြစ်ပါ တယ်။ ဂုရုကြီးမိန့်ကြားခဲ့တဲ့ထဲမှာ လူတိုင်း သမာအာဇီဝ ကျကျ လုပ်ကိုင်ရန် ၊ တရားတော်နဲ့ အညီနေထိုင်ရန် ၊  မရှိသူများကိုပေးကမ်းစွန့်ကြဲပေးရန် အဲဒါတွေပါဝင်တယ်။ ပြီးတော့ လူတိုင်းကို ဆင်းရဲချမ်းသာမရွေး လှူနိုင်ရမယ် ဆိုတဲ့ အတိုင်း ဂုရုကြီးရဲ့အထိမ်းအမှတ် ပွဲကိုလဲ အခုလို လှူဒါန်းရခြင်းဖြစ်ပါတယ်။"ဟု တောင်ကြီးမြို့ ဆစ်(ခ်)ဓမ္မ ကျောင်းထိုင်ဆရာ ဦးထွန်းထွန်းဖြိုး (Bhai Uchet Singh) က ပြောသည်။
.
အဆိုပါ အထိမ်းအမှတ်ပွဲတွင် အားလူးပူရီ နှင့် ဟလဝါ ဘူး ၁၁၅၀ လှူဒါန်းခဲ့ကြောင်း နှင့် ဆစ်(ခ်)ဘာသာဝင် ၂၀၀ ကျော်ခန့် တတ်ရောက်ခဲ့ကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats