ဒီဇင်ဘာလတွင် ရှမ်းနီ (တိုင်းလိုင်) အမျိုးသား ညီလာခံ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, September 14, 2019

ဒီဇင်ဘာလတွင် ရှမ်းနီ (တိုင်းလိုင်) အမျိုးသား ညီလာခံ ကျင်းပမည်


မင်းဇော်မင်း
.
ဒုတိယအကြိမ် ရှမ်းနီ (တိုင်း လိုင်) အမျိုးသားညီလာခံကို လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
ရှမ်းနီအမျိုးသားညီလာခံ ဖြစ် မြောက်ရေးအတွက်  စက်တင်ဘာ လ  ၈ ရက်က မိုးညှင် မြို့၊ အရှေ့ကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ရှမ်းနီ အမျိုးသားများ ပူးပေါင်း ဆောင်ရွက် ရေး ကော်မတီနှင့် ရှမ်းနီအဖွဲ့အစည်း အသီးသီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
" ရှမ်းနီ တစ်မျိုးသားလုံးအတွက် လိုအပ်နေတဲ့ အရေးကိစ္စ အားလုံး သဘောတူညီချက်ရမှ ဖြစ်မှာပါ။ အဲဒီ အပေါ်မှာ မူတည်ပြီး ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ ကျွန်တော်တို့အတွက် ညီလာခံတစ်ခု ထပ်မံ လိုအပ်နေပြီလို့ ယူဆပါတယ်” ဟု ရှမ်းနီအမျိုးသားများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီမှ ဦး စောဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါညီလာခံ ကျင်းပနိုင်ရေးအတွက် ရှမ်းနီအမျိုးသားများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၊ ရှမ်းနီစာပေ နှင့် ယဉ်ကျေးမှု ကော်မတီများ၊ ပါဝင် သင့် ပါဝင်ထိုက်သူများဖြင့် ညီလာခံ ဖြစ်မြောက်ရေး ကော်တီကို ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းနီတိုင်းရင်းသားများတွင် ရှမ်း နီလူမျိုးဖြင့် မှတ်ပုံတင် ရရှိနိုင်ရေးသည် အရေးကြီးကိစ္စရပ် ဖြစ်နေသည်ဟု ရှမ်းနီအရပ်ဘက် အဖွဲ့အစည်းများမှ ပြောဆိုလျက် ရှိသည်။
.
ပထမအကြိမ် ရှမ်းနီအမျိုးသား ညီလာခံတွင် ရှမ်းနီပြည်နယ် သတ် မှတ်ပေးရန်နှင့် ကွဲပြားနေသည့် လူ မျိုး အမည်နာမများကို ရှမ်းနီဟု တစ်မျိုးတည်း သတ်မှတ်ခေါ်ဆိုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
.
ရှမ်းနီ (ခေါ်) တိုင်းလိုင် လူမျိုး များသည် ရှမ်းလူမျိုး တစ်မျိုး ဖြစ်ပြီး၊ မြန်မာပြည် အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မိုး ညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်း တော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင် ဘိုတာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်းပါး၊ လုံး ခင်း၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်း ဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats