အင်းလေးဒေသတွင် အရည်အသွေးရှိ ခရမ်းချဉ်သီးများ ပေါ်ထွန်းလာရေးအတွက် နယ်သာလန်နိုင်ငံမှ လာရောက်ကူညီ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, September 12, 2019

အင်းလေးဒေသတွင် အရည်အသွေးရှိ ခရမ်းချဉ်သီးများ ပေါ်ထွန်းလာရေးအတွက် နယ်သာလန်နိုင်ငံမှ လာရောက်ကူညီ


မင်းဇော်မင်း
.
အင်းလေးဒေသတွင် နိုင်ငံတ ကာအဆင့်မီ အရည်အသွေးရှိ ခရမ်းချဉ်သီးများ ပေါ်ထွန်းလာရေးအတွက် နယ်သာလန်နိုင်ငံမှ မျိုးစေ့ပညာရှင် PUM Netherlands Senior experts Mr. Cor De Vries က အသိပညာပေး လုပ်ငန်းများအပြင် လက်တွေ့ စိုက်ပျိုးခြင်းဖြင့် ကူညီလျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ နယ်သာလန် ပညာရှင်၏ ပံ့ပိုးမှုဖြင့် မျိုးစေ့များ စမ်းသပ် စိုက်ပျိုးရာတွင် အစုအဖွဲ့များမှ စု ပေါင်း၍ လုပ်ဆောင်လျက်ရှိကြောင်း Save The Inle Lake အဖွဲ့မှ အ တွင်းရေးမှူး ဦးညီညီထွန်းထံက သိ ရသည်။
.
“အရင်ကဆိုရင် အင်းသီးဆိုပြီး အင်းလေးထွက် ခရမ်းချဉ်မျိုးက စျေးကွက်မှာလည်း အရမ်းနာမည်ရှိ ခဲ့တယ်။ နောက်ပိုင်းမှာတော့ ရာသီ ဥတုကပြောင်း၊ မြေဆီက ဓါတုများ လာ၊ စိုက်ပျိုးရေး နည်းစနစ်က သ မားရိုးကျပဲ ဖြစ်နေတော့ အင်းသီးနာ မည် မကောင်းတော့ဘူး။ ဒါကို အ ရင်အစိုးရ လက်ထက်က အကူအ ညီနဲ့ PUM အဖွဲ့က ပညာရှင်တွေ လာရောက် သုတေသနပြု ကူညီပံ့ပိုး နေတာမှာ လက်တွေ့လုပ်ပြမှ ဒေ သခံတွေ လိုက်လုပ်လာတာ ဖြစ်တဲ့ အတွက် အခုပညာရှင်က ဒီမှာခေတ္တ လုပ်ဆောင်နေတာပါ။ ကုန်ကျငွေက တော့ ကျပ်သိန်း ၂၀၀ လောက် အနည်းဆုံး ကုန်မှာဖြစ်ပေမယ့် ဒေသ အကျိုးအတွက် စုပေါင်းလုပ်ဆောင် သွားကြမှာပါ” ဟု ဦးညီညီထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နယ်သာလန်နိုင်ငံမှ မြေကြီးပ ညာရှင်၊ ကုန်ထုတ်မြှင့်တင်ရေး ပ ညာရှင်၊ မျိုးစေ့ပညာရှင်၊ စျေးကွက် ဖော်ထုတ်ရေး ပညာရှင်များသည် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ ဒေသခံများအား ရက်တိုသင်တန်း များဖြင့် တွေ့ဆုံဆွေးနွေး ပညာ ပေးခြင်းများ လုပ်ဆောင်ခဲ့သော် လည်း လက်တွေ့ မပါသည့်အတွက် ဒေသခံများမှ သမားရိုးကျ စိုက်ပျိုး နည်း၊ မြေပြုပြင်နည်းနှင့် မျိုးစေ့ သုံးစွဲခြင်းများဖြင့်သာ လုပ်ဆောင် ခဲ့ကြရာ ယခင်က အင်းသီးဟု နာမည် ရခဲ့သည့် အင်းလေး ခရမ်းချဉ်မှာ နိုင်ငံတကာ အရည်အသွေး ပြည့်မီ ခြင်း မရှိတော့သဖြင့် ယခုအခါ ပ ညာရှင်က ထိုင်းနိုင်ငံမှ မျိုးစေ့ကို စမ်းသပ်စိုက်ပျိုးခဲ့ပြီး လက်တွေ့ သရုပ်ပြသနေခြင်း ဖြစ်သည်ဟု ၎င်းထံ မှ သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက် တိုဘာလမှ စတင်ကာ ရာသီဥတု၊ ဒေသနှင့် ကိုက်ညီမည့် ထိုင်းခရမ်းချဉ် မျိုးစေ့များကို ပညာရှင်များမှ ညောင် ရွှေ ရေပေါ် စိုက်ခင်းများတွင်လည်း ကောင်း၊ အင်းလေးကန်အတွင်းရှိ ကုန်းမြေပေါ်တွင် လည်းကောင်း၊ မြေသားကုန်းမြေပေါ်တွင် လည်း ကောင်း အော်ဂဲနစ်နည်းဖြင့် စမ်း သပ် စိုက်ပျိုးထားပြီး နေ့စဉ်မှတ်တမ်း များဖြင့် ပြုစုကာ လက်တွေ့လုပ် ဆောင်နေပြီး တစ်ချိန်တည်းမှာပင် ဒေသအသီးများကိုလည်း ဒေသ နည်းဖြင့် စိုက်ပျိုးထားရှိကာ ထွက် ရှိမှုနှင့် နိုင်ငံတကာ စျေးကွက်ဝင်မှု ကို သိရှိနိုင်စေရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
.
အဆိုပါ လုပ်ငန်းစဉ်များကို Save The Inle Lake အဖွဲ့အပြင် SFT အဖွဲ့မှ CEO ဦးရဲရင့်၊ BMH ကုမ္ပဏီမှ MD ဦးကျော်မိုးဇော်၊ Tri ကုမ္ပဏီမှ ဦးအောင်ရဲကျော်သူ၊ Ho-ticulture Expert and Trainer မှ ဦးအောင်မိုးဟိန်းနှင့် PUM Local Representative ဦးကျော်မျိုးကို၊ UM country coordinator Myanmar မှ Mr.Jan Van Den Crommencker တို့က နိုင်ငံတကာ အဆင့်မီ ခရမ်းချဉ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အ တွက် ပူးပေါင်းပံ့ပိုးကူညီလုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats