မိုင်းပန်တွင် စော်ဘွားများ လက်ထက်က ဟစ်တိုင်အဖြစ် အသုံးပြုခဲ့သော နေရာကို လွှတ်တော်ကိုယ်စားလှယ်ရုံးအဖြစ် လွှဲပြောင်းပေးရန် ပြည်နယ်အစိုးရ ငြင်းဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, September 11, 2019

မိုင်းပန်တွင် စော်ဘွားများ လက်ထက်က ဟစ်တိုင်အဖြစ် အသုံးပြုခဲ့သော နေရာကို လွှတ်တော်ကိုယ်စားလှယ်ရုံးအဖြစ် လွှဲပြောင်းပေးရန် ပြည်နယ်အစိုးရ ငြင်းဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့တွင် စော်ဘွားများလက်ထက်က လူထုဟစ်တိုင်အဖြစ် အသုံးပြု ခဲ့သောနေရာကို လွှတ်တော်ကိုယ် စားလှယ်များ ရုံးအဖြစ် လွှဲပြောင်း ပေးနိုင်ရန် ရှမ်းပြည်နယ်လွှတ်တော် မှတစ်ဆင့် ပြည်နယ်အစိုးရသို့ မေး မြန်းရာ၌ လွှဲပြောင်းပေးရန် မရှိ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
.
.
မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမည်ပေါက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ယာယီရုံးအဖြစ် အသုံးပြုထား သော မြေနေရာအား မြို့နယ်လွှတ် တော်ကိုယ်စားလှယ်ရုံးအဖြစ် လွှဲ ပြောင်းပေးနိုင်ရန် ကြယ်ပွင့်မပြမေး ခွန်းအဖြစ် မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်က မေး မြန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“စော်ဘွားများ လက်ထက်ကတည်းက ဒီနေရာမှာ ပြည်သူတွေ က သူတို့ရဲ့ နစ်နာချက်၊ ဆောင်ရွက် ချက်တွေကို စော်ဘွားတွေသိအောင် အသံနဲ့ တင်ပြလွှာတွေ လက်ခံခဲ့တဲ့ နေရာဖြစ်တယ်။ ဒဏ္ဍာရီလာ မြင်း ပျံကိုယ်စားပြုအဖြစ် ကားဂိတ်ဖွင့် ပြီး အဆောက်အဦဆောက်ခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ ကွပ်ကဲရေး လုပ်ရာကနေ ကော်မရှင်ရုံးလုပ်လာ တယ်။ ထွေအုပ်ဂရန် ပေါက်ဖြစ် လာတယ်။ သမိုင်းလာနေရာရော၊ ကားဂိတ်ရန်ပုံငွေအရ ဆောက်ထား ခဲ့တဲ့အဆောက်အဦလည်း ရှိတာဖြစ် လို့ ပြည်သူလူထု ကိုယ်စားပြုလွှတ် တော်ကိုယ်စားလှယ်ရုံးအဖြစ် လွှဲ ပြောင်းပေးနိုင်ဖို့ မေးမြန်းတာမရပါဘူး”ဟု ဦးစိုင်းနောင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဦးစိုင်းနောင့်မှ ကြယ်ပွင့်မပြ မေးခွန်းအဖြစ် မေးမြန်းခဲ့သည့် တင်ပြစာတွင် ယင်းမြေနေရာသည် အ များပြည်သူတို့၏ အသံများ စော်ဘွား သိစေရန် တင်ပြသည်ကို လက်ခံ သည့် သမိုင်းလာ နေရာတစ်ခု ဖြစ်ပြီး မြစိမ်းတောင်စေတီ တည်ရှိရာ မြင်းဖြူပျံဂူကို ကိုယ်စားပြုသည့် မြင်းပျံဂိတ် ဖွင့်လှစ်ကာ ရရှိသည့် ရန်ပုံ ငွေများဖြင့်၂ ထပ်ဆောင် တစ်ဆောင် ဆောင်လုပ်ထားကြောင်း ဖော်ပြ ထားသည်။
.
တပ်မတော် အစိုးရလက်ထက် တွင် ယင်းနေရာအား ကွပ်ကဲရေးရုံး အဖြစ် ခေတ္တအသုံးပြုခဲ့ပြီး ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ အသုံးပြုခြင်း မရှိ ဘဲ ၂၀၁၆ ခုနှစ်တွင် မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အ ဖြစ် အသုံးပြုခဲ့ပြီး အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနပိုင်အဖြစ် ဂရန် ပေါက် ပိုင်ဆိုင်ထားကြောင်း သိရသ ဖြင့် စော်ဘွားများလက်ထက်က အသုံးပြုခဲ့သည့်အတိုင်း ပြည်သူလူထု အသံများကို အစိုးရထံ တင်ပြနိုင် ရေးအတွက် ထွေအုပ်မှ အမြန်ဆုံး စွန့်လွှတ်ပြီး အများအကျိုးအတွက် လူထုကိုယ်စားလှယ်များ ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ ရုံး မြေနေရာအဖြစ် အသုံးပြုနိုင်ရေး ပြန်လည် လွှဲပြောင်းပေးရန် တင်ပြ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
.
ဦးစိုင်းနောင့်၏ မေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ပြန်လည် ဖြေကြားရာတွင် အဆိုပါ မြေနေရာ သည် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အမည်ဖြင့် ၂၀၁၁ ခုနှစ်၊ မေလ ၂၅ ရက်မှ စတင်ကာ နှစ် ၃၀ မြေငှားဂရန် ရရှိထားကြောင်း၊ ယင်းမြေပေါ်တွင် နံကပ် ၂ ထပ်အ ဆောက်အဦကို ကိုယ့်အားကိုယ်ကိုး ဖြင့် ဆောက်လုပ်ထားပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ကွပ် ကဲရေးရုံးအဖြစ် ဖွင့်လှစ်ခဲ့ပြီး ရုံးဖျက် သိမ်းပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်လက် ထိန်းသိမ်းခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် တွင် ဌာနမှ ဒုတိယဦးစီးမှူးနေထိုင် ခဲ့ပြီး ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အတွက် မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ဖွင့်လှစ်ခဲ့သော်လည်း ဌာနမှ ဝန်ထမ်း ဖွဲ့စည်းပုံအတိုင်း ပြန်လည်နေထိုင် မည်ဖြစ်သဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် အမည် ပေါက် နှစ်ရှည်မြေငှားဂရန် ရရှိထား သောကြောင့် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်ရုံးအဖြစ် လွှဲပြောင်း ပေးရန် အစီအစဉ် မရှိပါကြောင်း ဖော်ပြပါရှိသည်။
.
မိုင်းပန်မြို့နယ်သည် ရှမ်းပြည် နယ်တောင်ပိုင်း၊ လင်းခေးခရိုင် အတွင်းတည်ရှိပြီး မြို့နယ်လူဦး။ရေ ၁၆၃၂၀ ဦး ရှိကြောင်း အထွေထွေ အုပ်ချုုပ်ရေးဦးစီးဌာန၏ ဒေသဆိုင် ရာ အချက်အလက်များအရ သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats