မိုင်းတုံတွင် ခင်ပွန်းမှ ဇနီးဖြစ်သူအား ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, September 8, 2019

မိုင်းတုံတွင် ခင်ပွန်းမှ ဇနီးဖြစ်သူအား ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးတွင် ယနေ့ စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက ခင်ပွန်း ဖြစ်သူမှ ဇနီးမယားအား ဓါးဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“တရားခံကို မိုင်းတုံအချုပ်ခန်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုကိုစစ်နေပါတယ်” ဟု နားကောင်းမူးနယ်မြေ ရဲစခန်းမှူး ရဲအုပ်သိန်းလွင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာ၊ ရပ်ကွက် (၄) နေ သေဆုံးသူ၏မိခင် ဒေါ်အာလေးမသည် သားမက်ဖြစ်သူ မူးရှည် (၃၆ နှစ်) နေထိုင်မကောင်းသဖြင့် လည်ပင်းအား မက်ကလောင်ခြစ်ပေးခဲ့ပြီး မူးရှည်၏ ညီဖြစ်သူ အားဆာနှင့်အတူ ဆေးဝယ်ရန် သွားရောက်စဉ် မူးရှည်နှင့် မနားခါမတို့ လင်မယား စကားများ ရန်ဖြစ်နေကြောင်း အိမ်နီးချင်းများမှ ဖုန်းဆက်အကြောင်းကြားသဖြင့် နေအိမ်သို့ပြန်လာရာတွင် သမီးဖြစ်သူ မနားခါမ (၁၉ နှစ်)မှာ သွေများ ပေကျံကာ လဲကျသေဆုံးနေသည်ကို တွေ့ရပြီး သေဆုံးသူ၏ဘေးတွင် သားမက်ဖြစ်သူ မူးရှည်မှာ “ငါ့ကိုငါလည်း ထိုးသတ်မယ်” ဟု ပြောဆိုနေသဖြင့် အားဆာမှ ဓါးအား လုယူသိမ်းဆည်းပြီး မိုင်းတုံ နယ်မြေရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဇနီးဖြစ်သူ မနားခါ (၁၉ နှစ်) အား ဓါးဖြင့်ထိုးသတ်ခဲ့သူ မူးရှည်အား နားကောင်းမူးနယ်မြေရဲစခန်းမှ (ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats