ရေနုတ်မြောင်း မရှိတဲ့ မိုးသည်းတဲ့ နေ့ရက်များ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 8, 2019

ရေနုတ်မြောင်း မရှိတဲ့ မိုးသည်းတဲ့ နေ့ရက်များ

အောင်ဆန်းဝင်း
.
ဒီရက်ပိုင်း မိုး တော်တော် ကောင်းတယ်။ မိုးတွေ သည်းသည်းမည်းမည်း ရွာတယ်။ ရွာ လိုက်တိုင်း မိုးရေတွေ အလုံးအရင်းပါတယ်။ ဒီ တစ်နှစ်ပြည့်မှ ပြည့်ပါ့မလား ရင်တထိတ်ထိတ် စောင့်ကြည့်နေရတဲ့ ရေကန်ကြီး နှစ်မိုးလောက် ကျလိုက်တာ အခုရေတောင် ဖောက်ချနေ တယ်။ လပေါင်းများစွာ ပတ်ကြား အက်နဲ့နေ လာတဲ့ရေကန်ကြမ်းပြင်က နေ့ချင်းညချင်း နေ့ မြင်ညပျောက် ဖြစ်သွားပေါ့။ မရွာတုန်းကလည်း မရွာလို့ မျှော်ရ။ ရွာပြန်တော့လည်း အိမ်ခေါင် ရိုးကျိုးမတတ်။ သူ့အချိန် ရောက်လာတော့ ဝတ္တရားမပျက်ဘူး ပြောရမယ်ထင်ပါတယ်။ နေ့ အချိန်ရွာ တဝုန်းဝုန်း၊ ညအချိန်ရွာလည်း တ ဒုန်းဒုန်းနဲ့။ တစ်ခါတစ်ခါ အချက်မပေး ဘာမ ပေးရွာတာများ မိုးပုဆိန် ကျလာသမား မှတ်ရ တယ်။ မျှော်တာက မိုးပုလဲကျတာက မိုးပုဆိန်။ အသွားထက်ထက်နဲ့ လောကကြီးထဲက လော ဘသားတွေကို အပြစ်ပေးနေသလိုလို။
.
ခပ်ရမ်းရမ်း ခပ်ကြမ်းကြမ်း မိုးပေါက်တွေ အောက်မှာ ဖြတ်သွားဖြတ်လာ ထီလှည်းတွေ ပေါ်က မိုးနဲ့ ပတ်သက်တဲ့ သီချင်းမျိုးစုံ ကြားရ တာလည်း မိုးရာသီရဲ့ အရသာတစ်ခု။ ရေဖွေး ဖွေး လမ်းမပေါ် တအိအိ သွားနေတဲ့ လှည်းပေါ် ဆောင်းဘောက်စ်က အချစ်မိုး ဘယ်တော့ရွာ မှာလဲတဲ့။ အမှန်တော့ မိုးတွေ သည်းနေတာ။ သူက ခုချိန်ထိ အချစ်မိုးခေါ်တုန်း တမ်းတ တုန်း။ နောက်တစ်စီးပေါ်က မိုးကုတ်စက်ဝိုင်း အောက်မှာ အခါဦးမိုးတို့ အကြိမ်ကြိမ် ပြိုတဲ့ဝါ ဆိုမိုးနဲ့ ပြန်ခဲ့ပါ။ ဘယ်နေရာ ခြေဦးပေါက်မှန်း မသိတဲ့ ချစ်သူကို ရာမညတိုင်းဆီ ပြန်လာဖို့ ဖိတ်ခေါ်နေတာပေါ့။ ကျိုက်ထီးရိုးဆံတောင်ရှင် မှာလည်း တောင်းဆုတွေ ချွေခဲ့ဖူးတယ်ဆိုပဲ။ မိုးစက်မှုန်ရီတွေ အောက်က ရေအလုံးအရင်း ကြောက်ရတဲ့ မွန်ပြည်နယ်ရှိရာ ပြန်လာဖို့ နောက်တွန့်တာနဲ့ လှည်းပေါ်က သီချင်းရှင် တော့ အခါခါ လွမ်းရဦးမယ် ထင်ပါတယ်။
.

အခါဦး မိုးတွေရွာတဲ့ လမ်းမပေါ် လွမ်း လွမ်းဆွေးဆွေး သီချင်းတစ်ပုဒ် ထပ်ရောက် လာတယ်။ ငိုနေမယ် မိုးသည်းထဲမှာ။ သီချင်း က တကယ့်ကို ငြိမ့်ငြိမ့်လေး။ လူတွေအမြင် မှာရေတွေ ထင်ကာနေမယ် ဝင်္ကပါလမ်း လျှောက်ကာရယ် ငိုနေမယ် မိုးသည်းထဲမှာ ကွယ်။ ရင်ဘတ်ထဲ တဆတ်ဆတ် လာတရိုက် တဲ့ မိုးသည်းထဲမှာ နားထောင်ရင်း တိုင်ကွန်ကြီး တစ်ယောက် သွားသတိရမိတယ်။ စီးပွားရေး အခက်အခဲကြောင့် မျက်ရည်တောက်တောက် ကျနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ မြန် မာနိုင်ငံမှာ ရှိတယ်တဲ့။ ထိုင်နေရင်း မနက် ၁ နာရီလောက် နိုးရင်လူက သရဲခြောက်သလို ဖြစ်နေတယ်။ မျက်ရည်တောက်တောက် ကျ ပြီး ငါဘယ်လို ရပ်တည်ရမလဲ ဆိုပြီး နေနေရတဲ့ အနေအထားရှိတယ်ဆိုပဲ။ မြေမကျကောင်းတဲ့ မျက်ရည်တွေနဲ့ ပုလဲခနေတော့ ပြည်သူတွေ က အိုးစည်ဗုံမောင်း တီးပြီး ကပြရမယ့်အတိုင်း။
.
ထားတော့။ မိုးသည်းရာသီ သီချင်းတွေ ဆီ ရောက်။ မိုးသည်းထဲမှာ မျက်ရည်တောက် တောက် ကျတဲ့တိုင်ကွန်ကြီး သနားမိတာနဲ့ လိုရင်းကို တော်တော်နဲ့ မရောက်တော့ဘူး။ အဓိကရေးမယ့် အကြောင်းအရာက မိုးနဲ့ပတ် သက်နေတော့ နည်းနည်းလေး ပေရှည်သလို ဖြစ်သွားတာပါ။ ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ကြီးမှာ အခုရက်ပိုင်း မိုးတော်တော် ကောင်းပါတယ်။ ရွာလိုက်တိုင်း ရေပါတယ်။ တောင်ကြီးမြို့တောင်ပေါ်မှာ ရွာတဲ့မိုးကြောင့် အနိမ့်ပိုင်း ဖြစ်တဲ့ အေးသာယာ၊ ရွှေညောင်အ စရှိတဲ့ မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ် တယ်လို့ သတင်းတွေ ကြားရပါတယ်။ တောင် ကြီးမြို့ပေါ် ရပ်ကွက်တချို့လည်း မိုးသည်းတဲ့ အချိန်အိမ်ထဲ ရေဝင်တာ၊ မြေပြိုမှု ဖြစ်ပွားတာ တွေ ရှိပါတယ်။ တောင်ပေါ်မိုးက အစိုး ရတတ် တာ မဟုတ်။ ဘယ်အချိန် ဘယ်လောက် ရာ ခိုင်နှုန်း ရွာမယ်ဆိုတာ ကြိုသိဖို့လည်း အခက် သားလား။
.
မိုးရာသီ မိုးရွာတာ မထူးဆန်းပေမယ့် မိုး ရွာတိုင်း လမ်းပျက်တာတော့ နှစ်စဉ်လို ဖြစ်နေ ပါတယ်။ (အမှန်တော့ ကျန်တဲ့ အချိန်တွေ လည်း မကောင်းပါဘူး)။ နှစ်တိုင်း လမ်းပျက် ကြီးတွေ မြင်ရတော့ လမ်းခင်းတဲ့ အစိုးရနဲ့ လမ်းခင်း လုပ်သား မရှိတဲ့ တိုင်းပြည်လို့တောင် ထင်ရမယ့် အတိုင်းပါ။ တောင်ကြီးတစ်မြို့လုံး မှာ ရှိတဲ့ ရပ်ကွက်အတွင်း လမ်းတွေ ကြည့် ရင် ပိုတောင် သိသာပါတယ်။ ဘယ်လမ်းတစ် ကြောင်းမှ လမ်းစဉ်မီ ပြည့်ဝတဲ့လမ်း မရှိပါဘူး။ (ဘောစိကြီးတွေ စုနေတဲ့ လမ်းကတော့ တစ် မျိုးပေါ့)။ လမ်းမပေါ် ကားတက်မောင်းကြည့်။ ဆောင့်လိုက်တဲ့ ချိုင့်ခွက်ဆိုတာ လှတောသား တွေတောင် စာချိုးလို့ မီနိုင်မယ် မထင်ဘူး။ ဆိုင်ကယ်မောင်းတဲ့အချိန် ဆောင့်ချက်တွေ ကြမ်းလွန်းလို့ ဆိုင်ကယ်လက်ကိုင်နဲ့ အမေပေး ထားတဲ့ ဘယ်ညာလက်တစ်စုံ ပြုတ်မထွက် အောင် မနည်းဂဟေဆက်ထိန်း မောင်းကြရ တာ။
.

မိုးရာသီ မိုးရွာတာ မထူးဆန်းပေမယ့် မိုး ရွာတိုင်း လမ်းပျက်တာတော့ နှစ်စဉ်လို ဖြစ်နေ ပါတယ်။ (အမှန်တော့ ကျန်တဲ့ အချိန်တွေ လည်း မကောင်းပါဘူး)။ နှစ်တိုင်း လမ်းပျက် ကြီးတွေ မြင်ရတော့ လမ်းခင်းတဲ့ အစိုးရနဲ့ လမ်းခင်း လုပ်သား မရှိတဲ့ တိုင်းပြည်လို့တောင် ထင်ရမယ့် အတိုင်းပါ။

"လမ်းပျက်တဲ့ အဓိက အကြောင်းရင်းက ရေနုတ်မြောင်း ကောင်းကောင်း မရှိတာလည်း ပါတယ်။ မလုပ်ကြတာပေါ့။ မိုးတွင်း မိုးရွာတာ နဲ့ လမ်းမတွေပေါ် ရေအပြည့် စီးနေတာ။ ရပ် ကွက်ထဲမှာ ခင်းထားတဲ့ လမ်းတွေက နဂိုတည်း ကအဆင့်မီတာ မဟုတ်ဘူး။ကတ္တရာလမ်းလို့ နာမည်ခေါ်လို့ရရုံလောက် ခင်းထားတော့ ရေ နည်းနည်းတိုးတာနဲ့ ပျက်ပြီ။ ဒီရက်ပိုင်းတောင် ကြီးမှာ မိုးတော်တော်ကောင်းတယ်။ ရေလည်း တော်တော်ပါတယ်။ လမ်းဘေးရေမြောင်းတွေ မကောင်းတော့ လမ်းပေါက်တွေ လိုက်ဖာ လည်း ရေတိုးအား မခံနိုင်တာနဲ့ ခဏခဏပြန် ပျက်သွားတယ်။ နောက်လူတွေက ကိုယ့်အိမ် ရှေ့ရေမြောင်းကို ကိုယ်တိုင်လုပ်ရကောင်းမှန်း မသိကြဘူးထင်တယ်။ ကိုယ့်အသိစိတ်ဓာတ် နဲ့ ကိုယ့်အိမ်ရှေ့ကို နိုင်သလောက် လုပ်ကြရင် လမ်းတွေ ဒီလောက် ပျက်မှာ မဟုတ်ဘူး"လို့ ချမ်းသာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
.
ရပ်ကွက်တွင်း လမ်းတွေ ပျက်ရတဲ့ အဓိ ကအကြောင်းရင်းက ရေနုတ်မြောင်း ကောင်း ကောင်း မရှိလို့ပါ။ နာမည်ခံမည်ကာမတ္တ ကတ္တ ရာလမ်းတွေ မပျက်အောင်နဲ့ ရေမြောင်း ကောင်းဖို့ ရပ်ကွက်အတွင်း နေထိုင်သူတွေမှာ လည်း တာဝန်ရှိပါတယ်။ ကိုယ်နေတဲ့နေရာ ကိုယ့်ပတ်ဝန်းကျင် ကိုယ်တိုင် မလုပ်ရင် ဘယ် သူကမှ လာလုပ်ပေးမှာ မဟုတ်ပါဘူး။ နေရာ တကာ အစိုးရချည်း လက်ညိုးထိုးနေလို့က တော့ အရိမေတ္တယျဘုရား ဖူးဖို့စောင့်ရသလို သာ ဖြစ်နေပါလိမ့်မယ်။ သူတို့ခမျာ ရှိစုမဲ့စု မူး စုပဲစုနဲ့ လုပ်ပေးရတာဆိုတော့ ပြည်သူတွေအ တွက် အလျင်မီတယ် မရှိပါဘူး။ နောက်စိတ် ကူးပေါက်တဲ့နေရာ အဆင်ပြေသလို လုပ်နေ ကြတာဆိုတော့ တကယ်လိုအပ်တဲ့ နေရာတွေ လွတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြည်သူ့လို အပ်ချက် ဖြည့်ဆည်းမယ့် ဘတ်ဂျက်ဆိုတာ မြန်မာနိုင်ငံမှာ နောက်ဆုံးရောက်နေသလား တောင် ထင်ရပါတယ်။
.
ရေနုတ်မြောင်း မကောင်းလို့ လမ်းပျက် စီးမှု အများဆုံး ဖြစ်နေတဲ့အတွက် ရပ်ကွက် အတွင်း ရေမြောင်းတွေ ရေစီးရေလာကောင်း အောင်၊ လမ်းမပေါ် ရေမလျှံအောင်လုပ်ဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ် မြေမှူး၊ ဆယ်အိမ်မှူးတွေမှာလည်း တာဝန်ရှိပါ တယ်။ ရပ်ကွက်အတွင်း ဖြစ်နေပျက်နေတာ တွေကို လိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ် တာဝန်ယူထားတဲ့ ရပ်ကွက်၊ နယ်မြေအတွင်း လိုအပ်ချက်တွေ ရှိနေရင် ဝိုင်းဝန်းဖြေရှင်းလို့ ရတာကို ဖြေရှင်းပြီး၊ မနိုင်ဝန်ဖြစ်နေရင် သက် ဆိုင်ရာ အစိုးရကို တင်ပြတောင်းဆိုလို့ ရပါ တယ်။ ရပ်ကွက်အတွင်းက ရေမြောင်း မ ကောင်းတာလောက်တော့ ထိပ်ပိုင်းတာဝန်ရှိ သူတွေ ချက်ချင်း မသိနိုင်ပါဘူး။ ရပ်ကွက်အုပ် ချုပ်ရေးမှူးနဲ့ နယ်မြေမှူးတွေ လုပ်ရမယ့် အ လုပ်ပါ။ အထက်က ခိုင်းတာလောက် စောင့် လုပ်မယ်ဆိုရင်တော့ အဲဒီ ရပ်ကွက်တိုးတက် ကောင်းမွန်စရာ လမ်းမမြင်ပါဘူး။
.

ရပ်ကွက် အတွင်း ရေမြောင်းတွေ ရေစီးရေလာကောင်း အောင်၊ လမ်းမပေါ် ရေမလျှံအောင်လုပ်ဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ် မြေမှူး၊ ဆယ်အိမ်မှူးတွေမှာလည်း တာဝန်ရှိပါ တယ်။ ရပ်ကွက်အတွင်း ဖြစ်နေပျက်နေတာ တွေကို လိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ် တာဝန်ယူထားတဲ့ ရပ်ကွက်၊ နယ်မြေအတွင်း လိုအပ်ချက်တွေ ရှိနေရင် ဝိုင်းဝန်းဖြေရှင်းလို့ ရတာကို ဖြေရှင်းပြီး၊ မနိုင်ဝန်ဖြစ်နေရင် သက် ဆိုင်ရာ အစိုးရကို တင်ပြတောင်းဆိုလို့ ရပါ တယ်။

"ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက ကျွန်မတို့ နေတဲ့လမ်းကို အားလုံးဝိုင်းပြီး ပြင်ကြတယ်။ ငွေကြေးတတ်နိုင်တဲ့ လူက ငွေကြေးစိုက် တယ်။ မတတ်နိုင်တဲ့ လူက လုပ်အားပေးကြ တယ်။ တစ်လမ်းလုံး ပျက်နေတဲ့ ချိုင့်ခွက်တွေ ကို ကွန်ကရစ်နဲ့ လိုက်ဖာတယ်။ အဲဒီအချိန်က လမ်းကသွားလို့ လာလို့ အဆင်ပြေပေမယ့် အ ခုမိုးလည်း ကျရော ချိုင့်ခွက်တွေ ပြန်ဖြစ်ကုန် တယ်။ မိုးရွာတာနဲ့ လမ်းပေါ်မှာ ရေကအပြည့်။ တချို့ အိမ်တွေက ရေမြောင်း မလုပ်ကြဘူး။ ပိတ်နေရင်လည်း ဒီအတိုင်း မဆယ်ဘဲထားကြ တယ်။ အမှန်တော့ ကိုယ့်အိမ်ရှေ့က ရေ မြောင်းကို ကောင်းအောင်လုပ်ဖို့ လိုအပ်ပါ တယ်။ လမ်းပျက်ကြီးကို နှစ်တိုင်းတော့ ဝိုင်း ပြင်ကြပါတယ်။ အဓိကကျတဲ့ ရေမြောင်း ကောင်းအောင် မလုပ်တော့ ဘယ်လောက်ပြင် ပြင် ပျက်နေဦးမှာပဲ" လို့ နှစ်စဉ် ငွေကြေးစိုက် ထုတ်လမ်းပြင်နေတဲ့ ချမ်းသာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
.

လမ်းတစ်ခု ကောင်းဖို့ အစိုးရကော၊ လမ်း အသုံးပြုသူတွေမှာပါ တာဝန်ရှိပါတယ်။ သက် ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ လမ်းတစ်ခု ခင်းတဲ့နေရာမှာ ကျပ်ပြည့်တဲ့ လမ်းတွေ ဖြစ် အောင် တစ်ခါတည်း ခင်းဖို့ လိုအပ်ပါတယ်။ တစ်ဖာလုံ တတ်နိုင်ရင် တစ်ဖာလုံကိုပဲ ပြည့် ပြည့်ခင်းဖို့ လိုအပ်တာပါ။ တစ်မိုင်စာလောက် ကောင်းအောင် လုပ်နိုင်မယ့် ပစ္စည်းနဲ့ ဆယ် မိုင်လောက် ခင်းနေလို့ကတော့ ခင်းသမျှလမ်း တိုင်း ကျပ်ပြည့်လာမှာ မဟုတ်ပါဘူး။ လမ်းအ သုံးပြုသူတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာပျက် လက်စ လမ်းတွေ အခြေအနေ ထပ်မဆိုး အောင် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ မိုးရွာ တိုင်း ရေတိုးအားနဲ့ လမ်းမပျက်အောင် ရေစီး မြောင်းတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒီမိုးဒီလေ နဲ့ မိုးတွေ စုန်းစုန်းချုပ်နေသရွေ့တော့ မိုးတွေ သည်းတိုင်း လမ်းမတွေ မျက်ရည်တောက် တောက်ကျနေဦးမယ်လို့ ထင်မြင်မိကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats