အောင်ပန်းမြို့၌ ပအိုဝ်းလူငယ်ညီလာခံအကြို တွေ့ဆုံပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, September 17, 2019

အောင်ပန်းမြို့၌ ပအိုဝ်းလူငယ်ညီလာခံအကြို တွေ့ဆုံပွဲ ပြုလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက ပအိုဝ်လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
ပအိုဝ်းလူငယ်ညီလာခံ(အကြို) တက်ရောက်နိုင်ရန်အတွက် ကလောမြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားလူငယ် မောင်မယ်များ တွေ့ဆုံ၍ ညိနှိုင်းတိုင်ပင်ကြခြင်းဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ခွန်ထွိုက်ခမ်း က ပြောသည်။
.
ကလောမြို့နယ်က အရွေးခံရတဲ့ ပအိုဝ်းလူငယ် မောင်မယ်တွေအနေနဲ့ တောင်ကြီး၊ နောင်တရားတို့မှာ လုပ်မယ့် အကြို ညီလာခံတွေမှာ တက်ရောက်ရမှာဖြစ်ပြီး အဲဒီညီလာခံတွေကနေ ညီလာခံကြီးကိုတက်ဖို့ ထပ်ဆင့်ရွေးချယ် သွားမှာဖြစ်ပါတယ်ဟု ခွန်ထွိုက်ခမ်းက ပြောဆိုခဲ့သည်။
.
ညီလာခံမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းတိုင်းဒေသကြီးမှ ပအိုဝ်းလူငယ်များ တွေ့ဆုံပွဲ ပြုလုပ်ခြင်းဖြစ်၍ ညီလာခံအကြို တွေ့ဆုံပွဲများကိုပြုလုပ်လျက်ရှိရာ လာမည့် စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ရက်များတွင် မောက်မယ်၌ အကြိုတွေ့ဆုံပွဲ ပြုလုပ်သွားရန်ရှိကြောင်း ၎င်းထံမှ သိရသည်။
.
အခမ်းအနားတွင် ကလောမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးထွန်းချိန်၊ ဥက္ကဌ ဦးခွန်သူတော် တို့က အမှာစကား ပြောကြားပြီး ပအိုဝ်းလူငယ် ညီလာခံ တက်ရောက်နိုင်ရန် ကလောမြို့နယ် ပအိုဝ်းလူငယ် ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်း၊ မြို့နယ် ပအိုဝ်းလူငယ် အဖွဲ့  ဖွဲ့စည်းနိုင်ရန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
.
နွေရာသီပအိုဝ်းစာပေသင်ကြားရေးမှာ မိဘအုပ်ထိိန်းသူတွေကပါ ၀ိုင်းကူကြဖို့က လိုအပ်တဲ့စာရွက်စာတမ်း ရုပ်ပြတွေကအစ ပံ့ပိုးကြဖို့ဆွေးနွေးဖြစ်ပါတယ်။ ညီလာခံအကြိုကိုတက်ဖို့ အောင်ပန်း လူငယ် ဦး ကျန်ပါတယ်။ ကလောလူငယ်အဖွဲ့အစည်းအတွက် ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်းစဉ်၊ မူဝါဒတွေကို အမြန်ဆုံးရွေးချယ်သွားဖို့ ရှိပါမယ်ဟု ကလောမြို့နယ်ပအိုဝ်းလူငယ်အဖွဲ့ဥက္ကဌအဖြစ်ရွေးချယ်ခံရသူ ခွန်ထွိုက်ခမ်းက ပြောသည်။
.
ကလောမြို့နယ်ပအိုဝ်းလူငယ်အဖွဲ့စည်းကို လူငယ် ၁၇ ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တောင်ကြီး၊ နောင်တရား၊ ကျောက်တလုံးဒေသများမှ လေ့လာသူများနှင့် ကလောမြို့နယ်အတွင်း ရှိ မြို့ရွာများမှ ပအိုဝ်းလူငယ် စုစုပေါင်း ၂၁၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats