ဂျပန်နိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပါမောက္ခ အောင်ပန်းနာရေးကူညီမှုအသင်းသို့ လာရောက်လေ့လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 8, 2019

ဂျပန်နိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပါမောက္ခ အောင်ပန်းနာရေးကူညီမှုအသင်းသို့ လာရောက်လေ့လာ



စုလှိုင်
.
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံခြားဘာသာ လေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ Keiko Tosa သည် စက်တင်ဘာလ ၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အောင်ပန်းနာရေးကူညီမှု အသင်းသို့ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
.
.
“နာရေးလုပ်ငန်းစဉ်တွေ၊ မီးသဂြိုဟ်စက် အကြောင်းတွေ၊ နာရေးနဲ့ ပတ်သက်တာတွေ၊ မြို့ရဲ့ လိုအပ်ချက် တွေ မေးသွားတယ်။ အဲဒီနေ့က နာရေး ၃ ခုရှိတော့ သူကိုယ်တိုင် ကားပေါ်မှာ လိုက်လာပြီး မီးသဂြိုဟ်တာကိုလည်း ကိုယ်တိုင်လိုက်ကြည့်ခဲ့တယ်။ ကျွန်တော်တို့ နာရေးရုံးခန်းနဲ့ ဂိုဒေါင်တွေပါ ကြည့်သွားတယ်။ သူကိုယ်တိုင် မလှူနိုင် ပေမဲ့ လှူနိုင်မယ့် အလှူရှင်တွေကို ပြောပေးမယ်။ တတ်နိုင်သလောက် အောင်ပန်းနာရေးကူညီမှုအသင်းကို ကူညီ မယ်လို့ ပြောသွားပါတယ်” ဟု အောင်ပန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစိုးနိုင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ပါမောက္ခ Keiko Tosa သည် ရွှေညောင်နှင့် ကလောမြို့များသို့လည်း သွားရောက်လေ့လာခဲ့ ကြောင်း သိရသည်။
.
အောင်ပန်းမြို့တွင် လာရောက်လေ့လာရာ၌ မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်တီ ဥက္ကဌ ဦးကျော်ဦးနှင့် တာဝန် ရှိသူများမှ လိုအပ်သည်များကို ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရသည်။
.
ထို့နောက် နိုင်ငံခြားဘာသာရပ်များ လေ့လာရေးတက္ကသိုလ် ပါမောက္ခ Keiko Tosa က အထူးကျေးဇူး တင်ရှိကြောင်းနှင့် ဂျပန်နိုင်ငံမှ ကျောင်းသား/သူများ၊ ပြည်သူများအား အောင်ပန်းနာရေးကူညီမှုအသင်း၏ ဆောင်ရွက်ချက်၊ ကြိုးပ်းမှုများကို ပြန်လည်ပြောပြပြီး အသင်း၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats