အောင်ပန်းတွင် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်သည့် မြေယာများအား မူလတောင်သူများသို့ ပြန်လည်ပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, September 8, 2019

အောင်ပန်းတွင် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်သည့် မြေယာများအား မူလတောင်သူများသို့ ပြန်လည်ပေးအပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက စက်မှုဝန်ကြီး ဌာနမှ စွန့်လွှတ်သည့် မြေယာများအား မူလတောင်သူများထံ အခမ်းအနားဖြင့် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
“အရင်က စက်မှု (၁) မြင်းမွေးမြူရေးလုပ်တဲ့ ဟဲဟိုးကမြေယာ ၁၆၉ ဒသမ ၁၂ ဧကမှာ လမ်းဧရိယာ ၆ ဒသမ ၆ ဧကနဲ့ ချောင်းမြောင်းဧရိယာ ၈ ဒသမ ၆ ဧကကို ဖယ်ပြီး ကျန်တဲ့ ၁၅၄ ဒသမ ၂၇ ဧကကို မူလတောင်သ ၁၂၄ ဦး ထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃) ပေးအပ်တာဖြစ်ပါတယ်။ ဒါ့အပြင် ကလောမြို့နယ် One State One Township Project ရဲ့ အမှိုက်ကင်းစင်ရေးနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေး ဆောင်ရွက်ချက်တွေကို ရှင်းလင်းဆွေးနွေး ခဲ့ပါတယ်” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်အမှာ စကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်သူဗဟိုပြု၍ ကောင်းမွန်သောအုပ်ချုပ်ရေး ယန္တရား တည်ဆောက်နိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် One State One Township Project စီမံကိန်းကို ကလောမြို့နယ်တွင် အကောငင်အထည်ဖော်ခြင်းဖြစ် ကြောင်း၊ ပြည်သူလူထု၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CSO များ၊ NGO များနှင့် ပူးပေါင်းကာ လူထု၏အခြေခံလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မှုကြောင့် ရလဒ်ကောင်းများ ရရှိလာကြောင်း ပြောကြားခဲ့သည်။
.
ကလောမြို့နယ် One State One Township Project ၏ အမှိုက်ကင်းစင်ရေးနှင့် မူးယေ်ဆယါ ကင်းစင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အမှိုက်ပုံး ၁၀၀၊ တောင်ကြီးမြို့၊ ချယ်ရီကွင်းဟိုတယ်မှ အမှိုက်ပုံး ၃၀၊ ရတနာနန်းတော် ဟိုတယ်မှ အမှိုက်ပုံး ၃၀၊ တောင်ကြီးခရိုင်စီမံခန့်ခွဲမှုကော်မတီမှ အမှိုက်ပုံး ၂၅ ပုံးနှင့် အခြားအလှူရှင်များမှ ငွေကျပ် ၁၆ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
.
စက်မှုဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်သည့် မြေယာများ ပြန်ည်ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုပုံးမြို့၊ ပုန်းအင်း ကျေးရွာ၊ ဝါးရုံပင်ကျေးရွာ၊ ဘော်နင်ေးကျးရွာအုပ်စု၊ မြက်ဆက်တောင်ကျေးရွာ၊ ညောင်ခါးရှည် ကျေးရွာများမျ တောင်သူကိုယ်ားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်မှုနှင့် ပတ်သက်၍ ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာမှ တောင်သူ ဦးကြည်ငယ်က စက်မှုဝန်ကြီးဌာနက အမှန်တကယ် အသုံးပြုမည့်မြေထက် ပိုလျှံသော မြေဧရိယာများကို ပြန်လည်စွန့်လွှတ် အပ်နှံပေးသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats