အောင်ပန်းမြို့ခန်းမ တည်ဆောက်ရေးအတွက် ပန္နက်ရိုက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, September 13, 2019

အောင်ပန်းမြို့ခန်းမ တည်ဆောက်ရေးအတွက် ပန္နက်ရိုက်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ခန်းမ တည်ဆောက်ရေးအတွက် စက်တင်ဘာလ ၁၂ ရက်က မယ်ခိုတောင်ကျောင်းဆရာတော်မှ ဦးဆောင်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပန္နက်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
"အခုလောလောဆယ်တော့ ဆောက်လုပ်မှုက မစသေးပါဘူး။ မြေကမ္မဝါပဲညှပ်နေတုန်းပေါ့” ဟု မြို့ ဖွံ့ ဖြိုးရေး ဥက္ကဌ ဦးကျော်ဦး မှ ကမ္ဘောဇတိုင်း သို့ပြောသည်။
.
အဆိုပါ ပန္နက်ရိုက်ပွဲသို့ ကလောမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရရှိနှင့် တာဝန်ရှိသူများ၊ အောင်ပန်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နာယကများ၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အောင်ပန်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက် ခဲ့ကြောင်း သိရသည်။
.
“စည်ပင်ဘတ်ဂျက်နဲ့ ဆောက် မှာပါ။ ပထမအရစ်က သိန်း ၂၀၀၀ ပါ။ နောက်တစ်ရစ်က သိန်း ၁၁၀၀ ပါ ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ မြို့ခန်းမ အဆောက်အဦမှာ အလျားပေ ၁၈၀ ၊ အနံပေ ၇၀ ရှိ တစ်ထပ် အဆောက်အဦဖြစ်ပြီး ကုန်ကျငွေ ကျပ်သိန်း ၃၁၀၀ ရှိမည် ဖြစ်ကာ ဟိုက်ဒရိုကွင်း ဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ယူ၍ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
မြို့ခန်းမ တည်ဆောက်ရေးကို စက်တင်ဘာလအတွင်း စတင်၍ တည်ဆောက်သွားမည် ဖြစ်ပြီး ခန်းမ ပြီးစီးပါက အောင်ပန်းမြို့တွင် ပြုလုပ်မည့် တရားပွဲနှင့် အခြားသော အခမ်းအနားများကို ယင်းခန်းမ အ တွင်း၌ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းမြို့သည် ဗြိတိ သျှကိုလိုနီလက်ထက်က မြို့ပိုင်ရုံး စိုက်ရာ မြို့ဖြစ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ဒေသဆိုင်ရာ အချက်အလက်များအရ မြို့လူဦးရေ ၃၀၃၄၇ ဦး ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats