အောင်ပန်းတွင် ဆေးပစ္စည်းရောင်းချရငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် အရောင်းမန်နေဂျာအား အမှုဖွင့် တရားစွဲဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, September 28, 2019

အောင်ပန်းတွင် ဆေးပစ္စည်းရောင်းချရငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် အရောင်းမန်နေဂျာအား အမှုဖွင့် တရားစွဲဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ဆေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချခဲ့သည့် ကုမ္ပဏီပိုင် ဆေးပစ္စည်း တန်ဖိုးငွေများကို ကုမ္ပဏိသို့ မအပ်ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သူ အရောင်းမန်နေဂျာကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ လွှဲပြောင်းလာမှုအရ အောင်ပန်းနယ်မြေရဲစခန်းမှ အမှုဖွင့်တရားစွဲဆို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အလွဲသုံးစားပြုသူအား တောင်ဥက္ကလာပရဲစခန်းမှ () ၁၁၄၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ ဖြင့် စက်တင် ဘာလ ၂၃ ရက်က အမှုဖွင့်ဖမ်းဆီးခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ဥပဒေရုံးမှ အောင်ပန်းမြို့တွင် တရားစီရင်ပိုင်ခွင့် ရှိကြောင်း အကြံပြုပြန်ကြားချက်အရ စက်တင်ဘာလ ၂၇ ရက်တွင် အောင်ပန်းနယ်မြေရဲစခန်းမှ ()၁၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၀၈ ဖြင့် တရားစွဲတင်ရခြင်းဖြစ်ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိုးဝင်းထံက သိရသည်။
.
ရန်ကုန်က စစ်ချက်အတိုင်း ဒီမှာ တရားစွဲတင်တာပါ။ ဒီမှာစစ်တာမဟုတ်ပါဘူး။ ကုမ္ပဏီကဆေးတွေ ရောင်းပြီး အလွဲသုံးတယ်လို့ သိရပါတယ်ဟု ရဲအုပ်စိုးဝင်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
Grand Agrocare ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ရက်တွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ နယ်မြေ () နေ ကောင်းမြတ်သူ (၃၁ နှစ်) အား အရောင်းမန်နေဂျာအဖြစ် ခန့်အပ်၍ အောင်ပန်းမြို့ရှိ ဆေးဆိုင်များသို့ ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချစေခဲ့ရာ ရောင်းချရငွေ ၄၈၂၀၀၀၀ ကျပ်ကိုလည်းကောင်း၊ ကုမ္ပဏီမှ ၉၁၁၅၉၆၀၀ ကျပ် တန်ဖိုးရှိ ဆေးပစ္စည်းများကို လည်းကောင်း ထုတ်ယူကာ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခဲ့ခြင်းဖြစ်သဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats