အောင်ပန်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကုသနိုင်ရေးအတွက် အကြိုအဆင့် စမ်းသပ်ရှာဖွေခြင်းနှင့် နှစ်သိမ့် ဆွေးနွေးပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, September 5, 2019

အောင်ပန်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကုသနိုင်ရေးအတွက် အကြိုအဆင့် စမ်းသပ်ရှာဖွေခြင်းနှင့် နှစ်သိမ့် ဆွေးနွေးပွဲ ပြုလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့် ဦးဆောင်သည့် ပြည်နယ်/ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာနှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်များတွင် အောင်ပန်းမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစမ်းသပ်ကုသ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှော်ကရေးအသင်း ခေတ္တဥက္ကဌ ဒေါ်ညိုညိုလွင်ထံမှ သိရသည်။
.
“ပြည်နယ်တစ်ခုလုံးမှာ စမ်းသပ်ပြီးတာ အမျိုးသမီး ၁၆၂၀၀ ကျော်ပါပြီ။ အဝေးဆုံးဆိုရင် လောက်ကိုင်အထိပေါ့။ စက် ၂ လုံးနဲ့ စမ်းသပ်တာဖြစ်ပါတယ်။ ပြီးးခဲ့တဲ့ တစ်ခေါက်က လင်းခေးခရိုင်မှာ လုပ်ပေးခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိကတော့ ကျိုင်းတုံကို သွားပါမယ်” ဟု ဒေါ်ညိုညိုလွင်က ပြောသည်။
.
အောင်ပန်းမြို့တွင် အရပ်၊ ဌာန၊ တပ်များရှိ အမျိုးသမီး ၁၀၀၀ ကျော်ခန့်ကို စမ်းသပ်ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံအရ အမျိုးသမီး ၁၀၀ ဦးတွင် ၂ ဦးမှ ၃ ဦးအထိ ရောဂါဖြစ်ပွားမှု တွေ့ရသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် ၆ ဦးအထိ တွေ့ခဲ့ရပြီး အကြိုအဆင့်ဖြစ်သည့် ကျွဲနို့ပိုးကို တစ်ပါတည်း သတ်ပေးကြောင်း သိရသည်။
.
အဆိုပါ ပိုးသတ်စက်များကို အလှူရှင်များရှိသည့် ညောင်ရွှေ၊ လားရှိုး၊ မူဆယ်နှင့် လောက်ကိုင်မြို့ရှိ ဆေးရုံများတွင် တပ်ဆင်အသုံးပြုသွားရန် ရှိနေပြီး ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကမ႓ာတွင် ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်သငြဖ့် အကြိုအဆင့်တွင် ကုသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 .
သားအိမ်ခေါင်းကင်ဆာရောဂါမှာ အကြိုအဆင့်တွင် ကုသနိုင်သော်လည်း ရောဂါရင့်ပြီးနောက် ကုသရန် မလွယ်ကူကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ကျိုင်းတုံနှင့် မိုးမိတ်ခရိုင်များတွင် ရောဂါရှာဖွေစမ်းသပ်မှု ပြုလုပ်ရန် ကျန်ရှိနေသဖြင့် လာမည့် အောက်တိုဘာလအတွင်း မိုင်းဆတ်နှင့် မိုင်းတုံမြို့များသို့ သွားရောက်ကုသရန် ရှိကြောင်း ၎င်းမှ ဆက်လက် ပြောဆိုခဲ့သည်။
.
လက်ရှိတွင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းလုပ်ငန်း၌ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးမှ သားဖွားမီးယပ် ပါရဂူ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါ်ချယ်ရီစန်း ဦးဆောင်သည့် အဖွဲ့ဝင် ဆရာဝန်ကြီးများနှင့် သူနာပြုများမှ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
.
============================================================
ေအာင္ပန္းတြင္ သားအိမ္ေခါင္းကင္ဆာေရာဂါ ကုသႏိုင္ေရးအတြက္ အႀကိဳအဆင့္ စမ္းသပ္ရွာေဖြျခင္းႏွင့္ ႏွစ္သိမ့္ ေဆြးေႏြးပြဲ ျပဳလုပ္
.
မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕တြင္ စက္တင္ဘာလ ၅ ရက္၊ နံနက္ပိုင္းက ရွမ္းျပည္နယ္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းႏွင့္ ျပည္နယ္အမ်ိဳးသမီးေရးရာအဖြဲ႕၊ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနတို႔မွ ပူးေပါင္း၍ သားအိမ္ေခါင္းကင္ဆာ အႀကိဳအဆင့္ စမ္းသပ္ရွာေဖြကုသျခင္းႏွင့္ ႏွစ္သိမ့္ေဆြးေႏြး ပညာေပးျခင္းတို႔ကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ေဒၚနန္းေရႊျမင့္ ဦးေဆာင္သည့္ ျပည္နယ္/ခ႐ိုင္ မိခင္ႏွင့္ကေလး ေစာင့္ေရွာက္ေရးအသင္း၊ အမ်ိဳးသမီးေရးရာႏွင့္ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ အထူးကုဆရာဝန္ႀကီးမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ စက္တင္ဘာလ ၅ ရက္ႏွင့္ ၆ ရက္မ်ားတြင္ ေအာင္ပန္းၿမိဳ႕၌ သားအိမ္ေခါင္းကင္ဆာေရာဂါ အႀကိဳစမ္းသပ္ကုသ ေဆာင္ရြက္ေပးလ်က္ ရွိသည္ဟု ျပည္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာ္ကေရးအသင္း ေခတၱဥကၠဌ ေဒၚညိဳညိဳလြင္ထံမွ သိရသည္။
.
“ျပည္နယ္တစ္ခုလံုးမွာ စမ္းသပ္ၿပီးတာ အမ်ိဳးသမီး ၁၆၂၀၀ ေက်ာ္ပါၿပီ။ အေဝးဆံုးဆိုရင္ ေလာက္ကိုင္အထိေပါ့။ စက္ ၂ လံုးနဲ႔ စမ္းသပ္တာျဖစ္ပါတယ္။ ၿပီးးခဲ့တဲ့ တစ္ေခါက္က လင္းေခးခ႐ိုင္မွာ လုပ္ေပးခဲ့ပါတယ္။ လာမယ့္ စက္တင္ဘာလ ၂၁ ရက္ကေန ၂၃ ရက္အထိကေတာ့ က်ိဳင္းတံုကို သြားပါမယ္” ဟု ေဒၚညိဳညိဳလြင္က ေျပာသည္။
.
ေအာင္ပန္းၿမိဳ႕တြင္ အရပ္၊ ဌာန၊ တပ္မ်ားရွိ အမ်ိဳးသမီး ၁၀၀၀ ေက်ာ္ခန္႔ကို စမ္းသပ္ကုသေပးသြားမည္ျဖစ္ၿပီး ၎တို႔၏ အေတြ႕အၾကံဳအရ အမ်ိဳးသမီး ၁၀၀ ဦးတြင္ ၂ ဦးမွ ၃ ဦးအထိ ေရာဂါျဖစ္ပြားမႈ ေတြ႕ရေသာ္လည္း ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕တြင္ ၆ ဦးအထိ ေတြ႕ခဲ့ရၿပီး အႀကိဳအဆင့္ျဖစ္သည့္ ကၽြဲႏို႔ပိုးကို တစ္ပါတည္း သတ္ေပးေၾကာင္း သိရသည္။
.
အဆိုပါ ပိုးသတ္စက္မ်ားကို အလွဴရွင္မ်ားရွိသည့္ ေညာင္ေရႊ၊ လား႐ိႈး၊ မူဆယ္ႏွင့္ ေလာက္ကိုင္ၿမိဳ႕ရွိ ေဆး႐ံုမ်ားတြင္ တပ္ဆင္အသံုးျပဳသြားရန္ ရွိေနၿပီး ျပည္နယ္အတြင္းရွိ အမ်ိဳးသမီးမ်ား ေရာဂါျဖစ္ပြားမႈ မရွိေစေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ ကမ႓ာတြင္ ဒုတိယအျဖစ္အမ်ားဆံုး ေရာဂါျဖစ္သျငဖ့္ အႀကိဳအဆင့္တြင္ ကုသႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

.
သားအိမ္ေခါင္းကင္ဆာေရာဂါမွာ အႀကိဳအဆင့္တြင္ ကုသႏိုင္ေသာ္လည္း ေရာဂါရင့္ၿပီးေနာက္ ကုသရန္ မလြယ္ကူေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အတြင္း က်ိဳင္းတံုႏွင့္ မိုးမိတ္ခ႐ိုင္မ်ားတြင္ ေရာဂါရွာေဖြစမ္းသပ္မႈ ျပဳလုပ္ရန္ က်န္ရွိေနသျဖင့္ လာမည့္ ေအာက္တိုဘာလအတြင္း မိုင္းဆတ္ႏွင့္ မိုင္းတံုၿမိဳ႕မ်ားသို႔ သြားေရာက္ကုသရန္ ရွိေၾကာင္း ၎မွ ဆက္လက္ ေျပာဆိုခဲ့သည္။
.
လက္ရွိတြင္ သားအိမ္ေခါင္းကင္ဆာ အႀကိဳအဆင့္ စမ္းသပ္ရွာေဖြကုသျခင္းလုပ္ငန္း၌ အမ်ိဳးသမီးႏွင့္ ကေလး ေဆး႐ံုႀကီးမွ သားဖြားမီးယပ္ ပါရဂူ အထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒၚခ်ယ္ရီစန္း ဦးေဆာင္သည့္ အဖြဲ႕ဝင္ ဆရာဝန္ႀကီးမ်ားႏွင့္ သူနာျပဳမ်ားမွ လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။
.

No comments:

Post a Comment

Journal Download

Photo of three cats