အောင်ပန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, September 24, 2019

အောင်ပန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ ဦးမောင်ကြီး၏ ဆောက်လုပ်ဆဲ ထပ်အဆောက်အဦ ထပ်မြောက် ၂၄ ပေ ခန့်တွင် အလုပ်လုပ်ကိုင်နေသူ အောင်ပန်းမြို့၊ ရပ်ကွက် () နေ အောင်မင်းဦး (၃၀ နှစ်) သည် စက်တင်ဘာလ ၂၄ ရက်၊ ညနေ နာရီခန့်တွင် လုပ်ငန်းခွင် သုံးရန်အတွက် အရှည် ၄၀ ပေရှိ သံချောင်းအား ဆွဲယူစဉ် အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်နေ လက်သမား အောင်ဆန်းဦး (၂၄ နှစ်) မှ ကူညီဆွဲယူခဲ့ရာ အဆောက်အဦရှေ့ ပေခန့်အကွာတွင် သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်ကြိုးအား ထိမိကာ ဓါတ်လိုက်ခဲ့ သဖြင့် အောင်ဆန်းဦးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊၊ ဝဲ/ယာပေါင်နှစ်ဖက် မီးလောင်ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး အောင်မင်းဦးမှာ ယာခြေသလုံးနှင့် ယာလက်မောင်းမီးလောင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
.
အဆောက်အဦအနေနဲ့ ဆောက်လုပ်ကြောင်း လျှပ်စစ်ဌာနကို အကြောင်းကြားထားတာတော့ မရှိဘူး။ အခုက ဓါတ်လိုက်တယ်ဆိုပေမဲ့ မီးပြတ်သွားတာတွေ လဲမရှိဘူး။ အထက်ဌာနတော့ ဖြစ်စဉ်အတိုင်း တင်ပြထားပါတယ်ဟု အောင်ပန်းမြို့ လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ ဦးကျော်ကျော်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
အဆိုပါအမှုမှ အောင်ဆန်းဦးအား သေဆုံးစေပြီး ကိုယ်တိုင် ဒဏ်ရာရရှိစေသူ အောင်မင်းဦးအား အား ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats