ခရီးလမ်းတွင် တောင်းရမ်းကြသူများနှင့် နိုင်ငံ့ ပုံရိပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, September 6, 2019

ခရီးလမ်းတွင် တောင်းရမ်းကြသူများနှင့် နိုင်ငံ့ ပုံရိပ်

ရဲဘော်မြသိန်း(ဟိုပုံး)
.
လွန်ခဲ့သော သီတင်းတစ်ပတ် ကျော်ကျော် က ကျွန်တော် ဘုရားဖူးခရီးထွက်ပါသည်။ ပုဂံ ဒေသသို့ ဖြစ်ပါသည်။ တောင်ကြီးနှင့် အေးသာ ယာမြို့တို့မှ ထွက်ခွာပြီး ၃ ညအိပ် ၄ ရက်ခရီး ဖြစ်ပါသည်။ တောင်ကြီးမြို့ ခရီးသွားယာဉ် လိုင်းတစ်လိုင်းမှ စီစဉ်ခြင်းဖြစ်ပါသည်။ ပုဂံအနှံ ဘုရားအစုံဖူးပြီး တည်းခိုသည့်နေရာနှင့် စားရေး သောက်ရေးများပါသာမက ပုဂံဒေသကျွမ်းကျင် သူ (အထူးသဖြင့် ဘုရားစေတီသမိုင်းကြောင်း များ ရှင်းလင်းပြောပြနိုင်ပြီး အလျှင်အမြန် ပို့ဆောင်ပေးနေသူ) ပါ စီစဉ်ထားပေးသဖြင့် ကောင်းမွန်သော ခရီးဖြစ်ပါသည်။ နည်းနည်းနှင့် ကျဲကျဲဝိုင်းနိုင်သော ခရီးစဉ်လည်း ဖြစ်ပါသည်။
.
ကျွန်တော်တို့ဘုရားဖူး အဖွဲ့သည် တောင် ကြီး၊ အေးသာယာ၊ ကလောမြို့တို့ကတစ်ဆင့် သာစည်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်းမြို့တို့ မှ ပုပ္ပားတောင်သို့ စတင်ထွက်ခွာခဲ့ပြီး ပုပ္ပား တောင်သို့တက်ခဲ့ကြပါသည်။ ဒေသန္တရ ဗဟုသု တများရရှိပြီး ဘုရားစေတီအချို့ဖူးမျှော်ခဲ့ရပါ သည်။ ထိုမှ ဗျတ္တပန်းဆက်လမ်း အတိုင်း ကျောက်ပန်းတောင်း ပုဂံလမ်းပေါ်သို့ရောက်ကာ ပုဂံသို့ ဆက်လက်ခရီးထွက်ခဲ့ကြပါသည်။ ခရီး စဉ်ပြီးဆုံး၍ အပြန်တွင်တော့ ပုပ္ပားဘက်သို့ မဝင်ဖြစ်တော့ပါ။ ပုဂံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ သာစည်လမ်းအတိုင်း ရှမ်းပြည်နယ်၊ ကလော၊ အေးသာယာ၊ တောင်ကြီးမြို့တို့ပြန် လည်ရောက်ရှိခဲ့ကြပါသည်။ အချိန်အနည်းဆုံး နှင့် အကျိုးဖြစ်ထွန်းမှုအများဆုံး ရရှိသော ခရီး စဉ်ဟု ကျွန်တော်ယူဆလိုက်ပါသည်။ စီးပွား ရေး သဘောပြောရလျှင် တွက်ခြေကိုက်သော ခရီးစဉ်တစ်ခုဖြစ်ပါသည်။
.
ပုဂံသို့ ရောက်ရှိစဉ် ဧရာဝတီမြစ်အနောက် ကမ်းကို စက်လှေဖြင့် ဖြတ်ကူးပြီး တန့်ကြည် တောင်ဘုရားကို ဖူးမြော်ခဲ့ရပါသည်။ ထိုဘုုရား သည် အနော်ရထာမင်းကြီး တည်ခဲ့သော စွယ် တော် ၄ ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သဖြင့် မဖူးမဖြစ်သော ဘုရားစေတီဖြစ်ပါသည်။ အ ခြား အခြားသော တန်ခိုးကြီး ဘုရားစေတီများ အသေးအမွှားဘုရားစေတီများလည်း သတ်မှတ် အချိန်ကိုက် ရောက်ရှိဖူးမျှော်ခဲ့ကြသည်။ ကျွန် တော်သည်ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ဦး ဖြစ်သဖြင့် အလွန်အင်မတန် ဝမ်းမြောက်ဝမ်း သာ ကြည်နူးချမ်းမြေ့မိရပါသည်။
.
သို့သော် ကျွန်တော်သည် ဘုရားဖူးခရီးစဉ် တွင် စိတ်ဖိစီးမှုတစ်ခုဖြစ်ကာ ရင်တွင်း၌ မွန်း ကျပ်နာကျင်မှုများတော့ ဖြစ်ခဲ့ရပါသည်။ လူမျိုး အတွက်သော်လည်းကောင်း၊ နိုင်ငံအတွက် လည်းကောင်းနာကျင်ခြင်းဖြစ်ပါသည်။ ဤနာ ကျင်ခြင်းသည် ဘယ်တော့မှများ ပျောက်ပျက် သွားမည်မသိပါ။
.
ဒီလိုပါ။ ပုပ္ပားကအထွက် ပုဂံသို့ ဦးတည်ရာ ကျောက်ပန်းတောင်း ပုဂံလမ်းသို့အရောက် ဗျတ္တ ပန်းဆက်လမ်း ၁၅ မိုင်ခန့် တစ်လျှောက်တွင် တောင်းရမ်းအော်ဟစ်သူများနှင့် ကြုံကြိုက်ခဲ့ သောကြောင့် ဖြစ်ပါသည်။ ဟုတ်ပါသည်။ သူ တို့သည် ခရီးသည်ကားများလာတိုင်း ''ဟေး ဝါး ဝါး'' ဟုအော်ဟစ်ကြကာ တချို့ကလက်ခုပ် လက်ဝါးတီးကာ လက်များ ဖြန့်ကာ ဖြန့်ကာ တောင်းခံကြခြင်းဖြစ်ပါသည်။ အဝေးမှဖြစ်နေ လျှင် လက်ဖြန့်ခံပြေးလွားလာကြပါသည်။ ခပ် ရှင်းရှင်းပြောရသော် သူတောင်းစားအလုပ် လုပ် ဆောင်ကြသူများ ဖြစ်ပါသည်။ အပြော ရိုင်း သွားလျှင်လည်းကောင်း၊ စာပေဒေါသသင့်သွား လျှင်လည်းကောင်း ခွင့်လွတ်ပါရန် မေတ္တာရပ်ခံ ပါသည်။ သူတို့သည် တစ်နေရာတည်းမဟုတ်ဘဲ လမ်းတစ်လျှောက်နီးပါး၊ ကျောက်ပန်းတောင်း၊ ပုဂံလမ်းမဆီ မရောက်မချင်း ရွာများထဲကထွက် ပြီး ကလေးရောလူကြီးပါတောင်းခံကြခြင်းဖြစ်ပါ သည်။ ကားများပေါ်က ခရီးသွားများကလည်း ပိုက်ဆံများ၊ မုန့်ထုပ်များကို ပစ်ချပေးကမ်းတတ် ကြသည်။ လွန်စွာအရုပ်ဆိုး အကျည်းတန်လှ သော မြင်ကွင်းများဖြစ်သတည်း။
.

.
ကျွန်တော်သည် ရင်ထဲတွင်နာကျဉ်မှုများကို တနုံနုံခံစားရပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေသို့ ရောက်သည့်တိုင် ဘဝင်မကျ စိတ်များ ဖြစ်ပေါ်လျက်ရှိပါသည်။ တကယ်တော့ ပုဂံဘု ရားဖူးသွားခရီးစဉ်သည် ကျွန်တော့်အနေနှင့် ဒု တိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က ၁၉၉၃ ခု နှစ်လောက်က ဖြစ်ခဲ့ပါသည်။ တပ်မတော်အစိုး ရသက်တမ်းအတွင်းဖြစ်ပါသည်။ ထိုမှသမ္မတဦး သိန်းစိန်၊ ထိုမှသမ္မတဦးထင်ကျော်၊ ထိုမှသမ္မတ ဦးဝင်းမြင့်တို့ လက်ထက်အထိဖြတ်သန်းပြီး သ ကာလ အခုပုဂံခရီးသို့ ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်အနေနှင့် အခုလောက်ဆို ဗျတ္တပန်း ဆက်လမ်းမှ တောင်းရမ်းနေသူများ မရှိလောက် တော့ဟု ထင်မြင်ခဲ့ပါသည်။ မေ့မေ့ပျောက် ပျောက်နီးပါး ဖြစ်ခဲ့ပါသည်။ သို့သော်မြေပြင်အ နေအထားအရ ဘာမျှမပြောင်းလဲသေးပါတကား အခုဝေဒနာအသစ်ဖြစ်ရပြန်ပြီကော။ ကျွန်တော့် ရင်ထဲနာကျင်မှုများဆိုသည်မှာ ဒါပဲဖြစ်ပါသည်။ တပ်မတော်အစိုးရ၊ ပြည်ခိုင်ဖြိုးပါတီအစိုးရနှင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအစိုးရတို့ တာဝန်ယူခဲ့ကြသည့်တိုင် အဆိုပါ အမဲကွက်ကို ဘယ်အစိုးရကမျှ ပျောက်ပျက်အောင် မလုပ်ခဲ့ ကြပါချေ။ မလုပ်သေးပါချေ။
.

ကျွန်တော်သည် ပုဂံသို့ရောက်ရောက်ချင်း ညနေပိုင်းက ရေမိုးချိုး ထမင်းစားသောက်ပြီး အချိန်ရသမျှ ကြီးကြပ်စီစဉ်သူများနှင့် ဘုရားစေ တီအချို့ကို လိုက်လံဖူးမျှော်ပါသည်။ ရှင်းလင်း ပြောဆိုသမျှတို့ကို နားထောင်ပါသည်။ ထို့ နောက်ညဘက် တည်းခိုသည့် ဘုန်းကြီးကျောင်း ရောက်သည့်အခါ ယာဉ်မောင်းလူငယ်နှင့် စ ကားလက်ဆုံကျကြပါသည်။ ထိုလူငယ်သည် ဘွဲ့ ရခေတ်ပညာတတ် လူငယ်တစ်ဦးဖြစ်ပါသည်။ အပန်းလည်းပြေ။ အထွေထွေဗဟုသုတလည်း အပြန်အလှန်ရကြပါသည်။ အထူးသဖြင့် ဘုရား ဖူးလာစဉ်က ဗျတ္တပန်းဆက်လမ်းတွင် တွေ့ကြုံ ခဲ့ရသော ကျွန်တော်ရင်နာသည့် အကြောင်း များ။
.
ထိုစဉ်ကယာဉ်မောင်းလူငယ်၏ ဆွေးနွေး ချက်များအရ သူလည်းဗျတ္တပန်းဆက်လမ်းမှ တောင်းရမ်းသူများအကြောင်းကို အမြဲစဉ်းစားမိ ကြောင်း၊ စိတ်လည်းမကောင်းကြောင်း၊တောင်း ရမ်းသူများသည် ရွာအချို့တို့မှဖြစ်ကြောင်း၊ ရွာ တိုင်းမဟုတ်သည့်တိုင် အတော်များများရွာများ  ကဖြစ်ကြောင်း ကလေးလူကြီးယောကျာ်းမိန်းမ အားလုံးမဟုတ်သည့်တိုင် အများစုကတော့ ထို သို့ပင်ထွက်ထွက်ပြီး တောင်းရမ်းကြကြောင်း၊ မ ထူးဆန်းသောအလုပ်ဟု သူတို့ခံယူကြကြောင်း၊ မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တောင်းရမ်းသူ များ ပိုမိုများပြားကြောင်း၊ နေ့ခင်းနေ့လယ် နေပူ ချိန်များတွင် နားနေကြကြောင်း၊ ဗျတ္တပန်းဆက် လမ်းသည် တပ်မတော်အစိုးရလက်ထက်ဖောက် လုပ်ခဲ့ခြင်းဖြစ်၍ ဒေသအကျိုး ရှိကြောင်း၊ ပုဂံ နှင့်ပုပ္ပားအသွားအပြန်ဖြတ်လမ်းဖြစ်ကြောင်း၊ ကျောက်ပန်းတောင်းမြို့ကို ဝင်ရန်မလိုတော့ ကြောင်း သို့သော် မတော်မလျှော်သည့် ဖြစ်စဉ် များလည်း အခုလိုပေါ်လာကြောင်း၊ ထိုသို့သော ဖြစ်စဉ်များကြောင့် နိုင်ငံပုံရိပ်ကို ထိခိုက်ကျဆင်း စေကြောင်း၊ ကမ္ဘာလှည့် ခရီးသွားများ မကြာ မကြာ အသွားအပြန်များရှိ၍ သူတို့ကမေးမြန်း လေ့ရှိကြကြောင်း၊ သူဘယ်လိုပြန်ဖြေ၍ ဘယ် လိုလှည့်ပတ်ပြောဆိုခဲ့သည်များကို ပြန်မပြော လိုတော့ကြောင်း၊ ရှက်ရွံ့သည့်စိတ်က လွှမ်းမိုး လျက်ရှိကြောင်း၊ နိုင်ငံနှင့် သက်ဆိုင်သည့် စိတ် ဓာတ်အရ ထိုသို့ရှက်ရွံ့ခြင်းဖြစ်ကြောင်း၊ အထူး သဖြင့်ညနေပိုင်း နေဝင်ချိန်ဆည်းဆာအလှကို ပုဂံတွင်လည်းကောင်း၊ ပုပ္ပားတွင်လည်းကောင်း၊ နိုင်ငံခြားသားများ ခံစားကြည့်ရှုတတ်ကြ၍ ဖြတ်သန်းဖြတ်လာ အကူးအသန်းများပြား ကြောင်း၊ အခုလိုကမ္ဘာ့ကုလသမဂ္ဂမှ ပုဂံဒေသ ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတွင် ထည့်သွင်းလိုက်သည့်အချိန်၌ ကမ္ဘာလှည့် ခ ရီးသွားများ များသည်ထက် ပိုများလာမှာဖြစ် ကြောင်း၊ တစ်ဖက်က နိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမှာဖြစ်သလို၊ တစ်ဖက်ကလည်းနို်င် ငံပုံရိပ်ကျဆင်းအောင် ထိန်းသိမ်းနိုင်စွမ်းရှိရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့သော တောင်းရမ်းသူ များအရေးကိစ္စသည် ဤဗျတ္တပန်းဆက်လမ်းတွင် သာမဟုတ်ဘဲ မန္တလေး၊ မတ္တရာ၊ တို့မှတောင် ပြုန်းပွဲသွားခရီးစဉ်တွင်လည်းရှိကြောင်း၊ မုံရွာ၊ ယင်းမာပင်တို့မှ အလောင်းတော်ကဿပ ဘု ရားဖူးခရီးစဉ်တွင်လည်းရှိကြောင်းဆွေနွေးပြပါ သည်။ သူကခရီးသွားကားမောင်းသူမို့ သိရှိမှု များပြားပေလိမ့်မည်။ ခိုင်မာသည့်သတင်းအချက် အလက်များလည်း ဖြစ်ပေလိမ့်မည်။ ကျွန်တော် ကတော့ ရင်နာပြီးရင်း ရင်နာရ၊ ရှက်ပြီးရင်းရှက် ရပြန်ပါပြီတည်း။
.
မည်သို့ဆိုစေ ကျွန်တော်သည် အထက်ပါ လမ်းထွက်ပြီး တောင်းရမ်းသူများ အရေးကို သက်ဆိုင်ရာ တာဝန်ရှိလူကြီးများ မသိကြပြီ လောဟု တွေးမိပါသည်။ မသိဟန်ဆောင်နေကြ တာများလား ဟုလည်းသံသယဖြစ်မိပါသည်။ စင်စစ်သက်ဆိုင်ရာ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ဝန် ကြီး ဝန်ကလေးတွေနှင့် မသိရှိတာမဖြစ်နိုုင်ပါ။ နေ့တဓူဝ ကိစ္စဖြစ်နေသောကြောင့်ပါပေ။ ထို့ ပြင် နိုင်ငံတော်အဆင့် သမ္မတအထိလည်း တစ် နည်းမဟုတ် တစ်နည်းသိရှိကြမည်သာဖြစ်သည်။ အသေးအဖွဲဟုဆိုပြီး ပစ်ထားကြသလားဟု လည်း ကျွန်တော်ဆက်တွေးမိပါသည်။ နိုင်ငံ့အ ရေးအရာတစ်ခုတွင် အသေးအဖွဲဟူသည်မရှိဟု အစိုးရရုံးများတွင် ဆောင်ပုဒ်များ ချိတ်ဆွဲထား သည်မဟုတ်ပါလော။ အစိုးရမကောင်းကြောင်း ကလိခြင်းမဟုတ်ပါ။ တက်လာသူအစိုးရများကို မိမိသဘောနှင့်မတွေ့တိုင်း မကောင်းကြောင်း ပြောသည့် အလေ့အကျင့်မျိုး ကျွန်တော့်တွင်မ  ရှိပါ။ သို့တစေ၊ လက်ရှိတာဝန်ယူနေရသော အ စိုးရတွင်တော့ အထက်ပါကိစ္စသည် တာဝန်ရှိ မည်ဖြစ်ပါသည်။ လက်ရှိအစိုးရတာဝန်ရှိသူများ က ဆောင်ရွက်မှ နိုင်ငံအတွက် ဒေသအတွက်အ ကျိုးရှိမည်ဖြစ်ပါသည်။ ရိုးရိုးသားသား အပြုသ ဘော အမြင်ဖြင့် ပြောဆိုခြင်းပါ။
.
ကျွန်တော်သည် နိုင်ငံ့ပုံရိပ်ကို ကျဆင်းထိ ခို်က်စေသော အထက်ပါကိစ္စကို အောက်ခြေရွာ သူရွာသားများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ မြို့သူမြို့သားများကအစ၊ ရပ်မိရပ်ဖများ၊ ရပ်ရွာ ပညာရှိပညာတတ်များ၊ အုပ်ချုပ်ရေးမှူးများအ လယ်၊ နိုင်ငံတော်အစိုးရလူကြီးမင်းများအဆုံး အားလုံးအားလုံး စိတ်ဝင်တစားပြုသင့်ကြပြီဟု ထင်ပါသည်။ ဒီအတိုင်းပစ်ထားလို့ မဖြစ်နိုင်ပါ။ အခြေအနေအရပ်ရပ်ပိုမိုဆိုးရွားလာမည် ဖြစ်ပါ သည်။ အပ်နှင့်ထွင်းရမည့်ကိစ္စသည် ပုဆိန်ဖြင့် ခုတ်ထွင်ရှင်းရမည့် သဘောများရှိလာမည်ဖြစ် ပါသည်။ စတီရီယိုတေးသီချင်း တစ်ပုဒ်ထဲက လို ထိုင်နေလို့တော့ ဘာမှဖြစ်မလာပါ။
.
စာရှုသူခင်ဗျား။ ကျွန်တော်နိဂုံးချုပ်ပါမည်။ သို့မဟုတ်ဒီကိစ္စချည်းပဲထပ်တလဲလဲ တင်ပြသ လိုမျိုး ငြီးငွေ့သွားမှာစိုးသောကြောင့်ပါ။ ကျွန် တော့်တင်ပြချက် မကျွမ်းကျင်သောကြောင့် ဟု ခံယူပါသည်။ ကျွန်တော်တို့တစ်တွေ ဖြစ်နိုင်တာ များကစပြီး (ဥပမာ- အောက်ခြေကသက်ဆိုင် သူများ အောက်ကျနောက်ကျ သိမ်ငယ်စိတ်များ ပပျောက်ပြီး မြင့်မားသည့် စိတ်ဓာတ်များထွန်း ကားရေး၊ အလုပ်အကိုင်များ ဖော်ထုတ်လုပ်ကိုင် ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အား ကစားအရေး၊ စာရေးပေရေးတို့ကို တိုးတက်ဖြစ် ထွန်းရေး စသည့်) တို့ကို စည်းရုံးရေးနည်း၊ အုပ်ချုပ်ရေးနည်း၊ လူထုနည်းတို့ဖြင့် ဘက်စုံက ဆောင်ရွက်ကြလျှင်ဖြင့် ရပ်ရွာအကျိုးစီးပွားများ၊ တိုင်းပြည်အကျိုးစီးပွားများပါ ကျွဲကူးရေပါ ဖြစ် ပေါ်တိုးတက်လာမည် ဖြစ်သလို၊ နိုင်ငံပုံရိပ် သည်လည်း မြင့်မားသည်ထက် မြင့်မားလာမည် ဖြစ်ပါသည်။ ထိုသို့သော အချိန်ကျမှသာ ကျွန် တော့်ရင်ထဲက နာကျင်မှုများသည်လည်း လုံး ဝ ပျောက်ပျယ်သွားမည်ဖြစ်ပါသည်။
=======================================
ခရီးလမ္းတြင္ ေတာင္းရမ္းၾကသူမ်ားႏွင့္ ႏိုင္ငံ့ ပံုရိပ္
ရဲေဘာ္ျမသိန္း(ဟိုပံုး)
.
လြန္ခဲ့ေသာ သီတင္းတစ္ပတ္ ေက်ာ္ေက်ာ္ က ကြၽန္ေတာ္ ဘုရားဖူးခရီးထြက္ပါသည္။ ပုဂံ ေဒသသို႔ ျဖစ္ပါသည္။ ေတာင္ႀကီးႏွင့္ ေအးသာ ယာၿမိဳ႕တို႔မွ ထြက္ခြာၿပီး ၃ ညအိပ္ ၄ ရက္ခရီး ျဖစ္ပါသည္။ ေတာင္ႀကီးၿမိဳ႕ ခရီးသြားယာဥ္ လိုင္းတစ္လိုင္းမွ စီစဥ္ျခင္းျဖစ္ပါသည္။ ပုဂံအႏွံ ဘုရားအစံုဖူးၿပီး တည္းခိုသည့္ေနရာႏွင့္ စားေရး ေသာက္ေရးမ်ားပါသာမက ပုဂံေဒသကြၽမ္းက်င္ သူ (အထူးသျဖင့္ ဘုရားေစတီသမိုင္းေၾကာင္း မ်ား ရွင္းလင္းေျပာျပႏိုင္ၿပီး အလွ်င္အျမန္ ပို႔ေဆာင္ေပးေနသူ) ပါ စီစဥ္ထားေပးသျဖင့္ ေကာင္းမြန္ေသာ ခရီးျဖစ္ပါသည္။ နည္းနည္းႏွင့္ က်ဲက်ဲဝိုင္းႏိုင္ေသာ ခရီးစဥ္လည္း ျဖစ္ပါသည္။
.
ကြၽန္ေတာ္တို႔ဘုရားဖူး အဖြဲ႕သည္ ေတာင္ ႀကီး၊ ေအးသာယာ၊ ကေလာၿမိဳ႕တို႔ကတစ္ဆင့္ သာစည္၊ မိတၴီလာ၊ ေက်ာက္ပန္းေတာင္းၿမိဳ႕တို႔ မွ ပုပၸားေတာင္သို႔ စတင္ထြက္ခြာခဲ့ၿပီး ပုပၸား ေတာင္သို႔တက္ခဲ့ၾကပါသည္။ ေဒသႏၱရ ဗဟုသု တမ်ားရရွိၿပီး ဘုရားေစတီအခ်ိဳ႕ဖူးေမွ်ာ္ခဲ့ရပါ သည္။ ထိုမွ ဗ်တၱပန္းဆက္လမ္း အတိုင္း ေက်ာက္ပန္းေတာင္း ပုဂံလမ္းေပၚသို႔ေရာက္ကာ ပုဂံသို႔ ဆက္လက္ခရီးထြက္ခဲ့ၾကပါသည္။ ခရီး စဥ္ၿပီးဆံုး၍ အျပန္တြင္ေတာ့ ပုပၸားဘက္သို႔ မဝင္ျဖစ္ေတာ့ပါ။ ပုဂံ၊ ေက်ာက္ပန္းေတာင္း၊ မိတၴီလာ၊ သာစည္လမ္းအတိုင္း ရွမ္းျပည္နယ္၊ ကေလာ၊ ေအးသာယာ၊ ေတာင္ႀကီးၿမိဳ႕တို႔ျပန္ လည္ေရာက္ရွိခဲ့ၾကပါသည္။ အခ်ိန္အနည္းဆံုး ႏွင့္ အက်ိဳးျဖစ္ထြန္းမႈအမ်ားဆံုး ရရွိေသာ ခရီး စဥ္ဟု ကြၽန္ေတာ္ယူဆလိုက္ပါသည္။ စီးပြား ေရး သေဘာေျပာရလွ်င္ တြက္ေျခကိုက္ေသာ ခရီးစဥ္တစ္ခုျဖစ္ပါသည္။
.
ပုဂံသို႔ ေရာက္ရွိစဥ္ ဧရာဝတီျမစ္အေနာက္ ကမ္းကို စက္ေလွျဖင့္ ျဖတ္ကူးၿပီး တန္႔ၾကည္ ေတာင္ဘုရားကို ဖူးေျမာ္ခဲ့ရပါသည္။ ထိုဘုုရား သည္ အေနာ္ရထာမင္းႀကီး တည္ခဲ့ေသာ စြယ္ ေတာ္ ၄ ဆူတြင္ တစ္ဆူအပါအဝင္ျဖစ္သျဖင့္ မဖူးမျဖစ္ေသာ ဘုရားေစတီျဖစ္ပါသည္။ အ ျခား အျခားေသာ တန္ခိုးႀကီး ဘုရားေစတီမ်ား အေသးအမႊားဘုရားေစတီမ်ားလည္း သတ္မွတ္ အခ်ိန္ကိုက္ ေရာက္ရွိဖူးေမွ်ာ္ခဲ့ၾကသည္။ ကြၽန္ ေတာ္သည္ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတစ္ဦး ျဖစ္သျဖင့္ အလြန္အင္မတန္ ဝမ္းေျမာက္ဝမ္း သာ ၾကည္ႏူးခ်မ္းေျမ့မိရပါသည္။
.
သို႔ေသာ္ ကြၽန္ေတာ္သည္ ဘုရားဖူးခရီးစဥ္ တြင္ စိတ္ဖိစီးမႈတစ္ခုျဖစ္ကာ ရင္တြင္း၌ မြန္း က်ပ္နာက်င္မႈမ်ားေတာ့ ျဖစ္ခဲ့ရပါသည္။ လူမ်ိဳး အတြက္ေသာ္လည္းေကာင္း၊ ႏိုင္ငံအတြက္ လည္းေကာင္းနာက်င္ျခင္းျဖစ္ပါသည္။ ဤနာ က်င္ျခင္းသည္ ဘယ္ေတာ့မွမ်ား ေပ်ာက္ပ်က္ သြားမည္မသိပါ။
.
ဒီလိုပါ။ ပုပၸားကအထြက္ ပုဂံသို႔ ဦးတည္ရာ ေက်ာက္ပန္းေတာင္း ပုဂံလမ္းသို႔အေရာက္ ဗ်တၱ ပန္းဆက္လမ္း ၁၅ မိုင္ခန္႔ တစ္ေလွ်ာက္တြင္ ေတာင္းရမ္းေအာ္ဟစ္သူမ်ားႏွင့္ ႀကံဳႀကိဳက္ခဲ့ ေသာေၾကာင့္ ျဖစ္ပါသည္။ ဟုတ္ပါသည္။ သူ တို႔သည္ ခရီးသည္ကားမ်ားလာတိုင္း ''ေဟး ဝါး ဝါး'' ဟုေအာ္ဟစ္ၾကကာ တခ်ိဳ႕ကလက္ခုပ္ လက္ဝါးတီးကာ လက္မ်ား ျဖန္႔ကာ ျဖန္႔ကာ ေတာင္းခံၾကျခင္းျဖစ္ပါသည္။ အေဝးမွျဖစ္ေန လွ်င္ လက္ျဖန္႔ခံေျပးလြားလာၾကပါသည္။ ခပ္ ရွင္းရွင္းေျပာရေသာ္ သူေတာင္းစားအလုပ္ လုပ္ ေဆာင္ၾကသူမ်ား ျဖစ္ပါသည္။ အေျပာ ႐ိုင္း သြားလွ်င္လည္းေကာင္း၊ စာေပေဒါသသင့္သြား လွ်င္လည္းေကာင္း ခြင့္လြတ္ပါရန္ ေမတၱာရပ္ခံ ပါသည္။ သူတို႔သည္ တစ္ေနရာတည္းမဟုတ္ဘဲ လမ္းတစ္ေလွ်ာက္နီးပါး၊ ေက်ာက္ပန္းေတာင္း၊ ပုဂံလမ္းမဆီ မေရာက္မခ်င္း ရြာမ်ားထဲကထြက္ ၿပီး ကေလးေရာလူႀကီးပါေတာင္းခံၾကျခင္းျဖစ္ပါ သည္။ ကားမ်ားေပၚက ခရီးသြားမ်ားကလည္း ပိုက္ဆံမ်ား၊ မုန္႔ထုပ္မ်ားကို ပစ္ခ်ေပးကမ္းတတ္ ၾကသည္။ လြန္စြာအ႐ုပ္ဆိုး အက်ည္းတန္လွ ေသာ ျမင္ကြင္းမ်ားျဖစ္သတည္း။
ပုပၸားကအထြက္ ပုဂံသို႔ ဦးတည္ရာ ေက်ာက္ပန္းေတာင္း ပုဂံလမ္းသို႔အေရာက္ ဗ်တၱ ပန္းဆက္လမ္း ၁၅ မိုင္ခန္႔ တစ္ေလွ်ာက္တြင္ ေတာင္းရမ္းေအာ္ဟစ္သူမ်ားႏွင့္ ႀကံဳႀကိဳက္ခဲ့ ေသာေၾကာင့္ ျဖစ္ပါသည္။ ဟုတ္ပါသည္။ သူ တို႔သည္ ခရီးသည္ကားမ်ားလာတိုင္း ''ေဟး ဝါး ဝါး'' ဟုေအာ္ဟစ္ၾကကာ တခ်ိဳ႕ကလက္ခုပ္ လက္ဝါးတီးကာ လက္မ်ား ျဖန္႔ကာ ျဖန္႔ကာ ေတာင္းခံၾကျခင္းျဖစ္ပါသည္။
.
ကြၽန္ေတာ္သည္ ရင္ထဲတြင္နာက်ဥ္မႈမ်ားကို တႏုံႏုံခံစားရၿပီး ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ ေျမသို႔ ေရာက္သည့္တိုင္ ဘဝင္မက် စိတ္မ်ား ျဖစ္ေပၚလ်က္ရွိပါသည္။ တကယ္ေတာ့ ပုဂံဘု ရားဖူးသြားခရီးစဥ္သည္ ကြၽန္ေတာ့္အေနႏွင့္ ဒု တိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္က ၁၉၉၃ ခု ႏွစ္ေလာက္က ျဖစ္ခဲ့ပါသည္။ တပ္မေတာ္အစိုး ရသက္တမ္းအတြင္းျဖစ္ပါသည္။ ထိုမွသမၼတဦး သိန္းစိန္၊ ထိုမွသမၼတဦးထင္ေက်ာ္၊ ထိုမွသမၼတ ဦးဝင္းျမင့္တို႔ လက္ထက္အထိျဖတ္သန္းၿပီး သ ကာလ အခုပုဂံခရီးသို႔ ေရာက္ခဲ့ျခင္းျဖစ္ပါသည္။ ကြၽန္ေတာ့္အေနႏွင့္ အခုေလာက္ဆို ဗ်တၱပန္း ဆက္လမ္းမွ ေတာင္းရမ္းေနသူမ်ား မရွိေလာက္ ေတာ့ဟု ထင္ျမင္ခဲ့ပါသည္။ ေမ့ေမ့ေပ်ာက္ ေပ်ာက္နီးပါး ျဖစ္ခဲ့ပါသည္။ သို႔ေသာ္ေျမျပင္အ ေနအထားအရ ဘာမွ်မေျပာင္းလဲေသးပါတကား အခုေဝဒနာအသစ္ျဖစ္ရျပန္ၿပီေကာ။ ကြၽန္ေတာ့္ ရင္ထဲနာက်င္မႈမ်ားဆိုသည္မွာ ဒါပဲျဖစ္ပါသည္။ တပ္မေတာ္အစိုးရ၊ ျပည္ခိုင္ၿဖိဳးပါတီအစိုးရႏွင့္၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီအစိုးရတို႔ တာဝန္ယူခဲ့ၾကသည့္တိုင္ အဆိုပါ အမဲကြက္ကို ဘယ္အစိုးရကမွ် ေပ်ာက္ပ်က္ေအာင္ မလုပ္ခဲ့ ၾကပါေခ်။ မလုပ္ေသးပါေခ်။
.
ကြၽန္ေတာ္သည္ ပုဂံသို႔ေရာက္ေရာက္ခ်င္း ညေနပိုင္းက ေရမိုးခ်ိဳး ထမင္းစားေသာက္ၿပီး အခ်ိန္ရသမွ် ႀကီးၾကပ္စီစဥ္သူမ်ားႏွင့္ ဘုရားေစ တီအခ်ိဳ႕ကို လုိက္လံဖူးေမွ်ာ္ပါသည္။ ရွင္းလင္း ေျပာဆိုသမွ်တို႔ကို နားေထာင္ပါသည္။ ထို႔ ေနာက္ညဘက္ တည္းခိုသည့္ ဘုန္းႀကီးေက်ာင္း ေရာက္သည့္အခါ ယာဥ္ေမာင္းလူငယ္ႏွင့္ စ ကားလက္ဆံုက်ၾကပါသည္။ ထိုလူငယ္သည္ ဘြဲ႕ ရေခတ္ပညာတတ္ လူငယ္တစ္ဦးျဖစ္ပါသည္။ အပန္းလည္းေျပ။ အေထြေထြဗဟုသုတလည္း အျပန္အလွန္ရၾကပါသည္။ အထူးသျဖင့္ ဘုရား ဖူးလာစဥ္က ဗ်တၱပန္းဆက္လမ္းတြင္ ေတြ႕ႀကံဳ ခဲ့ရေသာ ကြၽန္ေတာ္ရင္နာသည့္ အေၾကာင္း မ်ား။
.
ထိုစဥ္ကယာဥ္ေမာင္းလူငယ္၏ ေဆြးေႏြး ခ်က္မ်ားအရ သူလည္းဗ်တၱပန္းဆက္လမ္းမွ ေတာင္းရမ္းသူမ်ားအေၾကာင္းကုိ အၿမဲစဥ္းစားမိ ေၾကာင္း၊ စိတ္လည္းမေကာင္းေၾကာင္း၊ေတာင္း ရမ္းသူမ်ားသည္ ရြာအခ်ိဳ႕တို႔မွျဖစ္ေၾကာင္း၊ ရြာ တိုင္းမဟုတ္သည့္တိုင္ အေတာ္မ်ားမ်ားရြာမ်ား  ကျဖစ္ေၾကာင္း ကေလးလူႀကီးေယာက်ာ္းမိန္းမ အားလံုးမဟုတ္သည့္တိုင္ အမ်ားစုကေတာ့ ထို သို႔ပင္ထြက္ထြက္ၿပီး ေတာင္းရမ္းၾကေၾကာင္း၊ မ ထူးဆန္းေသာအလုပ္ဟု သူတို႔ခံယူၾကေၾကာင္း၊ မနက္ပိုင္းႏွင့္ ညေနပိုင္းတို႔တြင္ ေတာင္းရမ္းသူ မ်ား ပုိမိုမ်ားျပားေၾကာင္း၊ ေန႔ခင္းေန႔လယ္ ေနပူ ခ်ိန္မ်ားတြင္ နားေနၾကေၾကာင္း၊ ဗ်တၱပန္းဆက္ လမ္းသည္ တပ္မေတာ္အစိုးရလက္ထက္ေဖာက္ လုပ္ခဲ့ျခင္းျဖစ္၍ ေဒသအက်ိဳး ရွိေၾကာင္း၊ ပုဂံ ႏွင့္ပုပၸားအသြားအျပန္ျဖတ္လမ္းျဖစ္ေၾကာင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕ကို ဝင္ရန္မလိုေတာ့ ေၾကာင္း သို႔ေသာ္ မေတာ္မေလွ်ာ္သည့္ ျဖစ္စဥ္ မ်ားလည္း အခုလိုေပၚလာေၾကာင္း၊ ထိုသို႔ေသာ ျဖစ္စဥ္မ်ားေၾကာင့္ ႏိုင္ငံပံုရိပ္ကို ထိခိုက္က်ဆင္း ေစေၾကာင္း၊ ကမၻာလွည့္ ခရီးသြားမ်ား မၾကာ မၾကာ အသြားအျပန္မ်ားရွိ၍ သူတို႔ကေမးျမန္း ေလ့ရွိၾကေၾကာင္း၊ သူဘယ္လိုျပန္ေျဖ၍ ဘယ္ လိုလွည့္ပတ္ေျပာဆိုခဲ့သည္မ်ားကို ျပန္မေျပာ လိုေတာ့ေၾကာင္း၊ ရွက္ရြံ႕သည့္စိတ္က လႊမ္းမိုး လ်က္ရွိေၾကာင္း၊ ႏိုင္ငံႏွင့္ သက္ဆိုင္သည့္ စိတ္ ဓာတ္အရ ထိုသို႔ရွက္ရြံ႕ျခင္းျဖစ္ေၾကာင္း၊ အထူး သျဖင့္ညေနပိုင္း ေနဝင္ခ်ိန္ဆည္းဆာအလွကို ပုဂံတြင္လည္းေကာင္း၊ ပုပၸားတြင္လည္းေကာင္း၊ ႏိုင္ငံျခားသားမ်ား ခံစားၾကည့္႐ႈတတ္ၾက၍ ျဖတ္သန္းျဖတ္လာ အကူးအသန္းမ်ားျပား ေၾကာင္း၊ အခုလိုကမၻာ႔ကုလသမဂၢမွ ပုဂံေဒသ ကို ကမၻာ႔ေရွးေဟာင္းအေမြအႏွစ္စာရင္းတြင္ ထည့္သြင္းလိုက္သည့္အခ်ိန္၌ ကမၻာလွည့္ ခ ရီးသြားမ်ား မ်ားသည္ထက္ ပိုမ်ားလာမွာျဖစ္ ေၾကာင္း၊ တစ္ဖက္က ႏိုင္ငံခရီးသြားလုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးလာမွာျဖစ္သလို၊ တစ္ဖက္ကလည္းႏို္င္ ငံပံုရိပ္က်ဆင္းေအာင္ ထိန္းသိမ္းႏိုင္စြမ္းရွိရမည္ ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ေသာ ေတာင္းရမ္းသူ မ်ားအေရးကိစၥသည္ ဤဗ်တၱပန္းဆက္လမ္းတြင္ သာမဟုတ္ဘဲ မႏၱေလး၊ မတၱရာ၊ တို႔မွေတာင္ ျပဳန္းပြဲသြားခရီးစဥ္တြင္လည္းရွိေၾကာင္း၊ မံုရြာ၊ ယင္းမာပင္တို႔မွ အေလာင္းေတာ္ကႆပ ဘု ရားဖူးခရီးစဥ္တြင္လည္းရွိေၾကာင္းေဆြေႏြးျပပါ သည္။ သူကခရီးသြားကားေမာင္းသူမို႔ သိရွိမႈ မ်ားျပားေပလိမ့္မည္။ ခိုင္မာသည့္သတင္းအခ်က္ အလက္မ်ားလည္း ျဖစ္ေပလိမ့္မည္။ ကြၽန္ေတာ္ ကေတာ့ ရင္နာၿပီးရင္း ရင္နာရ၊ ရွက္ၿပီးရင္းရွက္ ရျပန္ပါၿပီတည္း။
.
မည္သို႔ဆိုေစ ကြၽန္ေတာ္သည္ အထက္ပါ လမ္းထြက္ၿပီး ေတာင္းရမ္းသူမ်ား အေရးကို သက္ဆိုင္ရာ တာဝန္ရွိလူႀကီးမ်ား မသိၾကၿပီ ေလာဟု ေတြးမိပါသည္။ မသိဟန္ေဆာင္ေနၾက တာမ်ားလား ဟုလည္းသံသယျဖစ္မိပါသည္။ စင္စစ္သက္ဆိုင္ရာ ရပ္မိရပ္ဖ၊ အုပ္ခ်ဳပ္ေရးမွဴး၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ တိုင္းေဒသႀကီး ဝန္ ႀကီး ဝန္ကေလးေတြႏွင့္ မသိရွိတာမျဖစ္ႏုိုင္ပါ။ ေန႔တဓူဝ ကိစၥျဖစ္ေနေသာေၾကာင့္ပါေပ။ ထို႔ ျပင္ ႏိုင္ငံေတာ္အဆင့္ သမၼတအထိလည္း တစ္ နည္းမဟုတ္ တစ္နည္းသိရွိၾကမည္သာျဖစ္သည္။ အေသးအဖြဲဟုဆိုၿပီး ပစ္ထားၾကသလားဟု လည္း ကြၽန္ေတာ္ဆက္ေတြးမိပါသည္။ ႏိုင္ငံ့အ ေရးအရာတစ္ခုတြင္ အေသးအဖြဲဟူသည္မရွိဟု အစိုးရ႐ံုးမ်ားတြင္ ေဆာင္ပုဒ္မ်ား ခ်ိတ္ဆြဲထား သည္မဟုတ္ပါေလာ။ အစိုးရမေကာင္းေၾကာင္း ကလိျခင္းမဟုတ္ပါ။ တက္လာသူအစိုးရမ်ားကို မိမိသေဘာႏွင့္မေတြ႕တိုင္း မေကာင္းေၾကာင္း ေျပာသည့္ အေလ့အက်င့္မ်ိဳး ကြၽန္ေတာ့္တြင္မ  ရွိပါ။ သို႔တေစ၊ လက္ရွိတာဝန္ယူေနရေသာ အ စိုးရတြင္ေတာ့ အထက္ပါကိစၥသည္ တာဝန္ရွိ မည္ျဖစ္ပါသည္။ လက္ရွိအစိုးရတာဝန္ရွိသူမ်ား က ေဆာင္ရြက္မွ ႏိုင္ငံအတြက္ ေဒသအတြက္အ က်ိဳးရွိမည္ျဖစ္ပါသည္။ ႐ိုး႐ိုးသားသား အျပဳသ ေဘာ အျမင္ျဖင့္ ေျပာဆိုျခင္းပါ။
.
ကြၽန္ေတာ္သည္ ႏိုင္ငံ့ပံုရိပ္ကို က်ဆင္းထိ ခို္က္ေစေသာ အထက္ပါကိစၥကို ေအာက္ေျခရြာ သူရြာသားမ်ား၊ ရပ္ကြက္သူ၊ ရပ္ကြက္သားမ်ား၊ ၿမိဳ႕သူၿမိဳ႕သားမ်ားကအစ၊ ရပ္မိရပ္ဖမ်ား၊ ရပ္ရြာ ပညာရွိပညာတတ္မ်ား၊ အုပ္ခ်ဳပ္ေရးမွဴးမ်ားအ လယ္၊ ႏိုင္ငံေတာ္အစိုးရလူႀကီးမင္းမ်ားအဆံုး အားလံုးအားလံုး စိတ္ဝင္တစားျပဳသင့္ၾကၿပီဟု ထင္ပါသည္။ ဒီအတိုင္းပစ္ထားလို႔ မျဖစ္ႏိုင္ပါ။ အေျခအေနအရပ္ရပ္ပိုမိုဆိုးရြားလာမည္ ျဖစ္ပါ သည္။ အပ္ႏွင့္ထြင္းရမည့္ကိစၥသည္ ပုဆိန္ျဖင့္ ခုတ္ထြင္ရွင္းရမည့္ သေဘာမ်ားရွိလာမည္ျဖစ္ ပါသည္။ စတီရီယိုေတးသီခ်င္း တစ္ပုဒ္ထဲက လို ထိုင္ေနလို႔ေတာ့ ဘာမွျဖစ္မလာပါ။
.
စာ႐ႈသူခင္ဗ်ား။ ကြၽန္ေတာ္နိဂံုးခ်ဳပ္ပါမည္။ သို႔မဟုတ္ဒီကိစၥခ်ည္းပဲထပ္တလဲလဲ တင္ျပသ လိုမ်ိဳး ၿငီးေငြ႕သြားမွာစိုးေသာေၾကာင့္ပါ။ ကြၽန္ ေတာ့္တင္ျပခ်က္ မကြၽမ္းက်င္ေသာေၾကာင့္ ဟု ခံယူပါသည္။ ကြၽန္ေတာ္တို႔တစ္ေတြ ျဖစ္ႏုိင္တာ မ်ားကစၿပီး (ဥပမာ- ေအာက္ေျခကသက္ဆိုင္ သူမ်ား ေအာက္က်ေနာက္က် သိမ္ငယ္စိတ္မ်ား ပေပ်ာက္ၿပီး ျမင့္မားသည့္ စိတ္ဓာတ္မ်ားထြန္း ကားေရး၊ အလုပ္အကိုင္မ်ား ေဖာ္ထုတ္လုပ္ကိုင္ ေရး၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ အား ကစားအေရး၊ စာေရးေပေရးတို႔ကို တိုးတက္ျဖစ္ ထြန္းေရး စသည့္) တို႔ကို စည္း႐ံုးေရးနည္း၊ အုပ္ခ်ဳပ္ေရးနည္း၊ လူထုနည္းတို႔ျဖင့္ ဘက္စံုက ေဆာင္ရြက္ၾကလွ်င္ျဖင့္ ရပ္ရြာအက်ိဳးစီးပြားမ်ား၊ တိုင္းျပည္အက်ိဳးစီးပြားမ်ားပါ ကြၽဲကူးေရပါ ျဖစ္ ေပၚတိုးတက္လာမည္ ျဖစ္သလို၊ ႏိုင္ငံပံုရိပ္ သည္လည္း ျမင့္မားသည္ထက္ ျမင့္မားလာမည္ ျဖစ္ပါသည္။ ထိုသို႔ေသာ အခ်ိန္က်မွသာ ကြၽန္ ေတာ့္ရင္ထဲက နာက်င္မႈမ်ားသည္လည္း လံုး ဝ ေပ်ာက္ပ်ယ္သြားမည္ျဖစ္ပါသည္။

No comments:

Post a Comment

Journal Download

Photo of three cats