အာဏာရှင် ဗလာဒီမာ ပူတင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, September 23, 2019

အာဏာရှင် ဗလာဒီမာ ပူတင်


စိုင်းကွမ်းမိုင်း
.
ကမ္ဘာ့စက်မှု အင်အားကြီး ၇ နိုင်ငံမှ ခေါင်း ဆောင်များ တက်ရောက်သည့် G-7 ထိပ်သီး စည်းဝေးပွဲတွင် သြဇာအာဏာ ကြီးမားသော ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအား မြင်တွေ့ခဲ့ရ ခြင်း မရှိပေ။ ထိုသူကား ရုရှားသမ္မတ ဗလာဒီ မာပူတင်ပင် ဖြစ်သည်။
.
အာဏာကို တင်းကြပ်စွာ ချုပ်ကိုင်ထားခြင်း
ရုရှားသမ္မတ ပူတင်သည် ကမ္ဘာ့ခေါင်း ဆောင်ကြီးများ၏ အဆိုပါ ထိပ်သီးစည်းဝေးပွဲ သို့ တက်ရောက်ခွင့် ကင်းမဲ့ခဲ့သည်မှာ ၅ နှစ် ကျော်ပင် ဖြစ်သည်။ သို့သော် အမေရိကန်သမ္မ တ ဒေါ်နယ်ထရမ့်၏ တိုက်တွန်းမှုကြောင့် ရု ရှားပြန်လည်ပါဝင်လာကာ G-7 မှ G-8 သို့ပြန် လည်ဖြစ်လာနိုင်ချေရှိသည်။ ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ကရိုင်းမီးယားဒေသအားကျူးကျော် နယ်ချဲ့မှုကြောင့် စက်မှုထိပ်သီးစည်းဝေးပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ အကယ်၍ ရုရှားသာ ပြန်လည်ပါဝင်ခွင့် ရှိလာပါက သမ္မတပူတင်အ တွက်မဟာ အောင်မြင်မှုကြီး တစ်ခုဖြစ်လာပေ မည်။ ရုရှားထောက်လှမ်းရေးအဖွဲ့ FSB ၏ ထင်ရှားမှု မရှိသော ညွှန်ကြားရေးမှူးဘဝမှ နေ ၍ ၁၉၉၉ ခုနှစ်တွင် ယာယီသမ္မတ၊ ၂ဝဝဝပြည့် နှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိကာ သမ္မတ ဖြစ်လာသော ဗလာဒီမာပူတင်သည် ထိုအချိန် မှစ၍ ယနေ့ထက်တိုင် နိုင်ငံရေးအာဏာကို တင်းကြပ်စွာ ချုပ်ကိုင်ထားလျက်ရှိသည်။
.
ရုရှားသည် ကွန်မြူနစ်ဝါဒ ကျဆုံးခဲ့သော ၁၉၉၂ ခုနှစ်မှ နောက်ပိုင်းတွင် ဒီမိုကရေစီ၏ အရသာကို စတင်ခံစားခဲ့ရပြီး ပူတင်၏ ဆယ်စု နှစ် ၂ ခုကြာ အုပ်စိုးမှုအောက်တွင် အာဏာရှင် စနစ်ဆီသို့ ပြန်လည်ကာ ရောက်ရှိခဲ့တော့ သည်။ ထိုအုပ်စိုးမှုအောက်တွင် အာဏာရှင်စ နစ်အဖြစ် ပြန်လည်ကာ အကောင်အထည်ဖော် ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။
.
နိုင်ငံရေးသြဇာကို အမြတ်ထုတ်ယူခဲ့ခြင်း
ပူတင်သည် ကမ္ဘာ့နိုင်ငံရေးတစ်ခုလုံးအား လှုပ်ခတ်စေရန်အတွက် စွမ်းဆောင်နိုင်ခဲ့သည် ကို တွေ့ရသည်။ သူသည် ဂျော်လှီယာ၊ ချေ ချင်းညာနှင့် ကရိုင်းမီးယားတို့ကို ကျူးကျော် တိုက်ခိုက်ခဲ့သည်။ FSB ထောက်လှမ်းရေးအဖွဲ့ ဟောင်းဖြစ်သည့် ဗြိတိန်နိုင်ငံသား လစ်ဗီနမ် အား လုပ်ကြံသတ်ဖြတ်ကာ ဆာဂေးစကရီပယ် တို့ကိုလည်း သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သေး သည်။ ထို့ပြင် မလေးရှားပိုင် လေကြောင်း လိုင်း MH-17 လေယာဉ်ပျက်ကျပြီး ခရီးသည် ၂၉၈ ဦး သေဆုံးသွားရမှုတွင်လည်း ရုရှား၏ ပ ယောဂ မကင်းခဲ့ချေ။
.
ယာယီသမ္မတအဖြစ် တာဝန်ယူနေစဉ် ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် မော်စကိုအ ပါအဝင် မြို့ကြီး ၃ မြို့၌ ပေါက်ကွဲမှု ကြီးမားစွာ ပေါ်ပေါက်ခဲ့ကာ အသက်ပေါင်း ၃၀၀ ကျော်ဆုံး ရှုံးခဲ့ရသည်။ ထိုအခါတွင် ပူတင်သည် ချေချင်း ညာဒေသ ခွဲထွက်ရေးသမားများ၏ လက်ချက် ဟု စွပ်စွဲကာ ချေချင်းညာ ဒုတိယစစ်ပွဲကို စ တင်စေခဲ့သည်။
.


.
သမိုင်းပညာရှင် ဒေါက်တာယူရီဖယ်ရှစ တင်ကီကမူ ထိုဗုံးခွဲတိုက်ခိုက်မှုများကို သမ္မတ ပူတင်ကပင် နောက်ကွယ်မှ ကြိုးကိုင်ခဲ့ပြီး ဒုတိ ယချေချင်းညာ စစ်ပွဲဖြင့် နိုင်ငံရေးသြဇာကို အမြတ်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ သည်။
.
ရေခြားမြေခြားအထိ
ပူတင်သည် ယာယီသမ္မတ တာဝန်ယူချိန် တွင် လူထုထောက်ခံမှု ၅၁ ရာခိုင်နှုန်းသာ ရရှိ ပြီး ရွေးကောက်ပွဲ အနိုင်ရရှိရန် သေချာမှု မရှိ ၍ ချေချင်းညာစစ်ပွဲဖြင့် လူထုထောက်ခံမှုကို ရယူနိုင်ခဲ့သည်။ ယခင်သမ္မတ ဘောရစ်ယယ် ဆင်သည်လည်း ၁၉၉၆ ခုနှစ်တွင် ပထမချေ ချင်းညာစစ်ပွဲအား ဖန်တီးကာ လူထုထောက်ခံ မှု ရရှိရန် ဖန်တီးခဲ့သည်ဟု ဒေါက်တာ ယူရီက ဆက်လက် ပြောဆိုသည်။
.
သမ္မတပူတင်အတွက် ဗုံးခွဲတိုက်ခိုက်မှု ပြု လုပ်ပေးခဲ့သူသည် FSB ထောက်လှမ်းရေးအေး ဂျင့်လစ်ဗီနန်ကို ဖြစ်သည်ဟု ဒေါက်တာယူရီ က ပြောဆိုသည်။ လစ်ဗီနန်ကိုသည် ၂၀၁၆ ခု နှစ်တွင် အဆိပ်ခတ်ခံရပြီး လန်ဒန်မြို့၌ နှုတ် ပိတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုလုပ်ရပ် သည် သမ္မတ ပူတင်ကိုယ်တိုင် စီစဉ်ကာ အ မိန့်ပေးညွှန်ကြားခဲ့သည်။
.

ရေခြားမြေခြား အထိတိုင်
ပူတင်သည် အာဏာရရှိလာချိန်မှ စ၍ မိမိ ကို ဝေဖန်သူများ အားလုံးကို နှုတ်ပိတ်သတ် ဖြတ်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။ သူ့လက်ထက်တွင် FSB အေးဂျင့်များ၏ လုပ် ကြံခြင်း ခံရသည်။ အတိုက်အခံမှာ ၁၄ ဦးထိ ပင် ရှိခဲ့သည်ဟု ယုံကြည်ရသည်။ အဓိက အ တိုက်အခံတစ်ဦးဖြစ်သော ဘီရီဇော့ဗ်စကီး သည်လည်း ၂၀၁၃ ခုနှစ်တွင် သူ၏ နေအိမ်၌ မိမိကိုယ်မိမိ ကြိုးဆွဲချသေသည့် ပုံစံဖြင့် သံသ ယဖြစ်ဖွယ် သေဆုံးခဲ့ရသည်။
.
၂၀၁၈ ထဲမှာပင် ရုရှားသည် နှစ်ဘက်ချွန် ထောက်လှမ်းရေးသမားဖြစ်သော စကရီပယ် နှင့် သူ၏ သမီးတို့အား ဗြိတိန်လေဆိပ်၌ အာ ရုံကြောအဆိပ်ဖြင့် လုပ်ကြံခဲ့သည်။ သို့သော် ကံကောင်းထောက်မသဖြင့် ၂ ဦးစလုံးပင် သေ ဘေးမှ လွတ်ကင်းခဲ့သည်။ ရုရှားထောက်လှမ်း ရေးအဖွဲ့သည် ယင်းတို့အား သစ္စာဖောက်သွား သူ မည်သူ့ကိုမဆို ရေခြားမြေခြားထိတိုင် အောင် လိုက်လံစုံစမ်းကာ သတ်ဖြတ်လေ့ရှိဟု ဒေါက်တာယူရီက ပြောဆိုသည်။
.
ပူတင်သည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လူ့အခွင့်အရေးများကို အလေးမထား ဂရုမ စိုက်သူတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေးအာ ဏာရလာသည့် အချိန်မှစ၍ သတင်းမီဒီယာ တိုက်ပိုင်ရှင် သူဌေးကြီးများကို ယင်း၏ သြဇာ ခံလက်ကိုင်တုတ် ဖြစ်စေရန်အတွက် သတင်း စာများကို ချုပ်ကိုင်ခဲ့သည်။ ထိုသို့ ချုပ်ကိုင်မှု ကြောင့် ပူတင်သည် ပြည်သူလူထု အမြင်၌အ ရည်အချင်းရှိသူ စွမ်းဆောင်ရည် မြင့်မားသူ ဖြောင့်မတ်တည်ကြည်သူ တစ်ဦးဖြစ်ကြောင်း ပုံရိပ်ထင်မြင်လာစေသည်။ ယနေ့ခေတ်တွင် ပူတင်သည် အင်တာနက်ကိုပင် ထိန်းချုပ်ကာ လူထု၏ ထင်မြင်ယူဆချက်များကို လွှမ်းမိုးစေ ရန် ကြိုးပမ်းအားထုတ်လျက်ရှိပေသည်။
.
အတုအယောင် ရွေးကောက်ပွဲ
ရုရှား၏ ရွေးကောက်ပွဲများအဆက်မပြတ် ကျင်းပလျက်ရှိသော်လည်း ထိုရွေးကောက်ပွဲ သည် အတုအယောင် ရွေးကောက်ပွဲများသာ ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ကို FSB ထောက်လှမ်းရေးအဖွဲ့က ကြိုးကိုင်ထားသည်။ ဒေသန္တာရ ရွေးကောက်ပွဲများ၌ပင် အလိမ်အ ညာများဖြင့် ရှုပ်ထွေးလာခဲ့သည်။ ရုရှားပြည် ၏ စီးပွားရေးတွင်မူ ရေနံသဘာဝဓာတ်ငွေ့နှင့် စက်မှုကုန်ကြမ်းပစ္စည်းများ ရောင်းချရမှုအပေါ် တွင် မှီခိုနေရဆဲဖြစ်သည်။
.
သမ္မတပူတင် လက်ထက်ပထမဆုံး ၂ နှစ် တွင် ကမ္ဘာ့ရေနံစျေး မြင့်တက်လာမှုကြောင့် ရုရှားတို့၏ စီးပွားရေးလည်း တိုးတက်လာခဲ့ သည်။ ရေနံစျေး ပြန်လည်တည်လာပြီး ၂၀၀၈ ခုနှစ်တွင်မူ ရုရှား၏ စီးပွားရေးသည်လည်း တ ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာသည်။ ထိုအခါ ပူတင်သည် အနောက်နိုင်ငံများ၏ စီးပွားရေး ကြွယ်ဝချမ်းသာမှုသို့ အမီလိုက်နိုင်မည်မဟုတ် ကြောင်း သိလာခဲ့သည်။ ပူတင်သည် ယခင်က နိုင်ငံရေး ချုပ်ကိုင်မှုများအား စီးပွားရေးတိုး တက်မှုဖြင့် ဖုံးကွယ်ခဲ့သည်။ စီးပွားရေးတိုး တက်မှု ရပ်တန့်သွားသောအခါတွင် ပူတင် သည် မျိုးချစ်စိတ်၊ အမျိုးဂုဏ် ဇာတိဂုဏ်တို့ ဖြင့် ရုရှားနိုင်ငံသားများကို ထပ်မံလှည့်ဖြား သွေးဆောင်လေတော့သည်။ ပူတင်သည် ဆို ဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခဲ့ရမှုကို ဝမ်း နည်းကြေကွဲနေသူ ဖြစ်သည်။ သူသည် ကွန်မြူ နစ်ဝါဒကို အလိုမရှိသော်လည်း တစ်ကွဲတစ် ပြားဖြစ်သွားသည့် ဆိုဗီယက်နယ်မြေကောင်း များကို ပြန်လည်စုစည်းလိုသူ ဖြစ်သည်။ အချို့ သော ဆိုဗီယက်နယ်မြေကောင်းများကို ပြန် လည်ရယူကာ ယခင်အတိုင်း ပြန်လည်ဖြစ်လာ စေရန် ကြိုးပမ်းလျက်ရှိသည်။ အချို့သော အ စိုးရသည် စီးပွားရေးပြဿနာများမှနေ၍ လူထု ကို အာရုံလွှဲရန် စစ်ပွဲများဆင်လေ့ရှိသော်လည်း ချေချင်းညာ ဂျော်ဂျီယားနှင့် ကရိုင်းမီးယားတို့ ကို ပူတင်မှ ကျူးကျော်တိုက်ခိုက်နေခြင်းသည် အခြေအနေ မကောင်းခြင်းကြောင့် မဟုတ်ဘဲ ဆိုဗီယက် ပြည်ထောင်စုအား ပြန်လည်၍ ထူ ထောင်ရေး အိပ်မက်ကြောင့်သာ ဖြစ်သည်။ နိုင်ငံတကာမှ ဝိုင်းပယ်ခြင်း ခံရကာ စီးပွားရေး တွင် တိုးတက်လာခြင်း မရှိသော်လည်း သမ္မတ ပူတင်၏ ချမ်းသာကြွယ်ဝမှုသည် ၂၀၀၇ ခုနှစ် ၌ ပေါင်စတာလင် ၃၂ ဘီလီယံမှသည် ၂၀၁၈ တွင် ပေါင်စတာလင် ဘီလီယံ ၁၃၀ ထိ တိုး တက်လာခဲ့တော့သည်။ သူသည် ရုရှားနိုင်ငံ အား အနှစ် ၂၀ ခန့် အုပ်ချုပ်ခဲ့ရပြီး ဖြစ်သော် လည်း နိုင်ငံ၏ စီးပွားရေးပိုင်းတွင် တိုးတက်မှု  ကင်းမဲ့ကာ ဆင်းရဲတွင်းသို့ တဖြည်းဖြည်းချင်း ကျဆင်းလာရသည်။
.
နိုင်ငံရေးသုတေသီ အင်ဒရူးဖောက်ဆော က ပူတင်သည် တိုင်းပြည်စီးပွားရေး ပြုပြင် ပြောင်းလဲမှုအား မပြုလုပ်ဘဲ ယင်းနှင့် ယင်း၏ အပေါင်းအသင်း ဆွေစဉ်မျိျုးဆက်များ ကြွယ် ဝချမ်းသာရေးအတွက်သာ ပိုမိုအာရုံစိုက်လုပ် ကိုင်လျက်ရှိသည်။ ပြည်သူလူထုသည်ကား နစ်နာသည်ထက် နစ်နာနေရပေသည်။ လာ မည့် ၂၀၂၄ ခုနှစ်တွင်ကား လက်ရှိဝန်ကြီးချုပ် မက်ဗီဒက်အား အာဏာလွှဲပြောင်းပေးမည်ဟု ထင်မြင်သည်။ သို့သော် ရုရှားနိုင်ငံအား FSB ကသာ ထာဝရ ချုပ်ကိုင်နေသရွေ့ ကာလပတ် လုံးမည်သည့် အပြောင်းအလဲမျှ ဖြစ်လာမည် မဟုတ်ဟု ဒေါက်တာယူရီမှ ဆက်လက် သုံး သပ်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats