ပိုလန်နိုင်ငံ၏ ဒုံးကျည် ကာကွယ်ရေးစနစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, September 18, 2019

ပိုလန်နိုင်ငံ၏ ဒုံးကျည် ကာကွယ်ရေးစနစ်


စိုင်းကွမ်းမိုင်း
.
၂၀၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံသည် ဥရောပ ဒေသတွင် ခိုင်မာမှု အရှိဆုံး ကြံ့ခိုင်မှု အကြီး ဆုံး ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက် မည့်သဘောတူညီချက်၌ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ သို့သော်လည်း ယခုလများအတွင်း ထိုသဘောတူညီချက်ပါအစီအစဉ်များကို နောက်ပြန်လှည့်နေကြောင်း ဖော်ပြသည့် လက္ခဏာများကို ပိုလန်နိုင်ငံက ဖော်ပြနေခြင်း သည် မှားယွင်းကြောင်း၊ သဘောတူထားသည့် အတိုင်း ဒုံးကျည်ကာကွယ်ရေးနစ်ကို  ရှေ့ဆက် အကောင်အထည်ဖော်ခြင်းသည် ပိုလန်နိုင်ငံ၏ လုံခြုံရေး အတွက်သာမက ဥရောပနှင့် အ နောက်နိုင်ငံများ၏ ကာကွယ်ရေးအတွက် ပါ အရေးကြီးကြောင်း အတ္တလန္တိတ် ကောင်စီ၏ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ စကောင်းစ ရော့ဖ်စင်တာ၏ ဒုတိယညွှန်ကြားရေးမှူး မက် သရူးက ရိုအန်နစ်က Defence 24 .com ဝက်ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။
.
လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်
၂၀၁၈ ခုနှစ်တွင် ပိုလန်သမ္မတ ဒုဒါး၏ ကြေညာချက်တွင် Wislar and Narru အမည် ရှိ အဆင့် ၂ ဆင့် ပါသော လေကြောင်းနှင့် ဒုံး ကျည်ကာကွယ်ရေးစနစ် နှစ်မျိုးပါဝင်သည့် ကာကွယ်ရေးစနစ် တစ်ခုကို ဝယ်ယူပြီးပူးပေါင်း တည်ဆောက်မည့် လုပ်ငန်းအတွက် ဒေါ်လာ  ၄ ဒသမ ၇၅ ဘီလီယံ ကျခံရန် သဘောတူညီ ထားသည်။ Wislar System သည် စွမ်းရည် မြင့် PAC-3 ဒုံးကျည်ပါဝင်သည့် Patrirot လေ  ကြောင်း ကာကွယ်ရေးစနစ်ဖြစ်သည့် Narru System တွင် တန်ဖိုးနည်းသည့် Inter ceptor တစ်လွှာပါဝင်ပြီး အစ္စရေးတို့ အသုံးပြုသည့် David's Sling ဒုံးကျည်နှင့် ဆင်တူသည့် Sky- ceptor ဒုံးကျည်လည်း ပါဝင်သည်သည်။ ထို  Wislar နှင့် Narru System စနစ် ၂ ဆင့်ကို လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် တို့ကို ပူးပေါင်းထားသည်။ စစ်ပွဲအတွင်း ကွပ် ကဲထိန်းချုပ်စနစ်ဖြင့် ပေါင်းစပ်ထားသည်။ ထို ပေါင်းစပ်စနစ်သည် အစွမ်းထက်ပြီး အဆင့်ခွဲ ခြားထားနိုင်သည့် ကုန်ကျစရိတ် သက်သာ သော လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး အတွက် ဆောင်ရွက်နိုင်သည်။
.
ပိုလန်နိုင်ငံသည် အဓိက အခန်းကဏ္ဍ
ထိုသို့ ရှုပ်ထွေးသည့် ဒုံးကျည်စနစ် ကာ ကွယ်ရေးစနစ်အသစ် တည်ဆောက်ရေးသည် အမေရိကန် ပြည်ထောင်စုနှင့် ပိုလန်နိုင်ငံအ ကြား ဆက်ဆံရေးသည် အဓိကကျသည့် ဦး စားပေးချက် ဖြစ်သည်။ ဥပမာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် အမေရိကန်သမ္မတ ထရမ့်နှင့် ပိုလန်သမ္မတ ဒုဒါးတို့ နှစ်ဦး၏ ဝါရှင် တန် ဒီစီအိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးစဉ် ထိုဒုံးကျည်ကာကွယ်ရေးစနစ်က အဓိက ဆွေး နွေးမှုအကြောင်းရင်း အချက်တစ်ခု ဖြစ်ခဲ့ သည်။ လေကြောင်းနှင့် ဒုံးကျည် ၂ ခုစလုံး ကာကွယ်သည့်စနစ် ရရှိရေးအတွက် ပိုလန်နိုင် ငံက ဥရောပဒေသ အကျိုးငှါ ဦးဆောင်ဆွေး နွေးကြခြင်းသည် အံ့သြဖွယ်ရာ မဟုတ်ချေ။ ဥရောပ လုံခြုံရေး၌ ပိုလန်နိုင်ငံသည် မကြာမြင့် သေးမီကာလတွင်မှ စတင်ကာ အဓိကအခန်း ကဏ္ဍမှ ပါဝင်လာခဲ့ရခြင်းသည် ဆီလျော်သင့် မြင့်မြတ်သည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း သိ သာထင်ရှားလှသည်။ NATO အဖွဲ့ဝင်နိုင်ငံအ သီးသီးက ပြည်တွင်းအသားတင် ထုတ်လုပ်မှု GDP ၏ ၂ ရာခိုင်နှုန်းစီအား ကာကွယ်ရေးအ တွက် သုံးစွဲရမည့် ကတိကဝတ်ရရန် ကြိုးပမ်း ရခြင်းအတွက် ပိုလန်နိုင်ငံအား အသိအမှတ် ပြုရမည်ဖြစ်သည်။ Fort Trump ၏ အစီအစဉ် သစ် တည်ဆောက်ရေး ဆွေးနွေးပွဲဖြစ်မြောက် ရန်နှင့် NATO အဖွဲ့၏ ကာကွယ်ရေးစခန်းအ  တွက် Aegis Ashore ပဲ့ထိန်းဒုံးကျည်စနစ် ဖြန့် ကျက်မှု အရေအတွက်လည်း ပိုလန်က ကြိုး ပမ်းလုပ်ဆောင်ခဲ့သည်။
.
ပိုလန်ဒုံးကျည်ကာကွယ်ရေးစနစ် အစီအ စဉ်များစွာသည် ၂၀၂၄ ခုနှစ် မတိုင်မီ ရည်ရွယ် ထားသည့်အတိုင်း လုပ်ငန်းလည်ပတ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ F-35 လေယာဉ်များ ဝယ်ယူ မှု အစီအစဉ် အပါအဝင် ပိုလန်နိုင်ငံ၏ ကာ ကွယ်ရေးစနစ်များအရ ပိုလန်အစိုးရအဖွဲ့သည် Wislar and Narru System တပ်ဆင်မည့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပြီး အချို့စွမ်း ရည်နှင့် အစိတ်အပိုင်းများကို ဖျက်ဆီးရန် စဉ်း စားနိုင်ဖွယ် ရှိနေသည်။ ထိုသို့ စဉ်းစားကာ ဆောင်ရွက်ခြင်းသည် ပိုလန်အမျိုးသား ကာ ကွယ်ရေးနှင့် နေတိုးအဖွဲ့၏ အရှေ့ပိုင်းနိုင်ငံ များ ကာကွယ်ရေးအပေါ် ဆိုးရွားသည့် အကျိုး အပြစ်များ သက်ရောက်လာစေနိုင်သည်။
.


.
အုပ်စုများ ကွဲပြဲလာစေရန်
ယခုနှစ်များအတွင်း ရုရှားသည် အိမ်နီး ချင်း ယူကရိန်းနှင့် ဂျော်လှီးယားနိုင်ငံများကို ကျူးကျော်ပြီး ဥရောပဒေသတစ်ခုလုံးအား အ တင်းအကြပ် ဖိအားပေးမှုများဖြင့် အုပ်စုကွဲပြဲ စေရန် ဖန်တီးနေခြင်း ဖြစ်သည်။ နေတိုးကာ ကွယ်ရေး အစီအစဉ် ရေးဆွဲသူများအတွက် စိုးရိမ်မှု အရှိဆုံး ကိစ္စရပ်သည် ရုရှားသမ္မတပူ တင်က ယူကရိန်းအား ကျူးကျော်သည့် ပုံစံ အတိုင်း ဘော်လ်တစ်နိုင်ငံများ ဖြစ်ကြသည့် အက်စကိုးဗီးယား လက်ဗီးယားနှင့် လစ်သူရေး နီးယားတို့အား ကျူးကျော်ရန် ကြိုးစားအား ထုတ်မှုပင် ဖြစ်သည်။ နေတိုးမဟာမိတ်များကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်းသည် ပူတင် အတွက် အဓိက အောင်ပွဲတစ်ရပ် ဖြစ်ပြီး နေ တိုးမဟာမိတ် ဖွဲ့ခြင်းကိုလည်း ထိရောက်စွာ အဆုံးသတ်ရာလည်း ရောက်သည်။ ထိုတိုက် ခိုက်မှုမျိုး ဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ် ခြင်းသည် နေတိုး၏ ထိပ်တန်းဦးစားပေးဖြစ်ပြီး ထိရောက်စွာ ဟန့်တားနိုင်ခြင်းကား ကောင်း မွန်သည့် ကာကွယ်ရေးစနစ်ဖြစ်သည်။ ထို့  ကြောင့် အမေရိကန်နှင့် မဟာမိတ်များသည် ဘော်လ်တစ်ဒေသရပ်ဝန်းသို့ ရုရှားမှ ကျူး ကျော်မှု မပြုနိုင်စေရေးအတွက် အလေးအနက် ထားကာ စီစဉ်ရာ၌ ပိုလန်သည် အဓိကကျ သည့် အခန်းကဏ္ဍသို့ ရောက်ရှိလာသည်။ ပို လန်သည် ဥရောပဒေသရပ်ဝန်း၏ ဗဟိုအချက် အခြာအသစ် ဖြစ်လာသည်။ နေတိုးအဖွဲ့၏ အ ရှေ့ပိုင်းနိုင်ငံများအနက် ပိုလန်သည် အကြီး ဆုံးနိုင်ငံဖြစ်ပြီး ကိုယ်ပိုင်ကာကွယ်ရေး စွမ်း ရည်ရှိသည်။ စစ်ဖြစ်ခဲ့လျှင် မြောက်အမေရိကန် နှင့် ဥရောပမှ အမေရိကန်နှင့် မဟာမိတ်တပ် များသည် ဘော်လ်တစ်ဒေသသို့ ပိုလန်နိုင်ငံ နယ်နိမိတ်အား အဓိက လမ်းကြောင်းအဖြစ် ဖြတ်သန်း ဝင်ရောက်ရမည် ဖြစ်သည်။ ထိုသို့ သော အရေးပါမှုကြောင့် ပိုလန်သည် ရုရှားဒုံး ကျည် တိုက်ခိုက်မှု၏ အဓိက ပစ်မှတ်ဖြစ်လာ သည်။
.

ရုရှား၏ အတင်းအကြပ် ဖိအားပေးမဟာဗျူ ဟာ
၂၀၁၉ ခုနှစ် အမေရိကန်၏ ဒုံးကျည်ကာ ကွယ်ရေး သုံးသပ်ချက်တွင် နေတိုးအဖွဲ့ကို ဆန့်ကျင်မည့် ရုရှား၏ အတင်းအကြပ် ဖိအား ပေးမဟာဗျူဟာတွင် ထိုးစစ်ဆင်နိုင်သည့် အ မျိုးအစား များစွာသော အဆင့်မြှင့် ဒုံးကျည် စနစ်များက အဓိကနေရာ၌ ပါဝင်နေခြင်း ဖြစ် သည်။ ထို ဒုံးကျည်များသည် ရုရှား၏ မဝင်ရ မဖြတ်ရ ကန့်သတ်နိုင်သည့် စွမ်းရည်ထူထောင် ရာတွင် ပါဝင်ပြီး ဥရောပ ဒေသတွင်း စစ်ပွဲများ တွင် နေတိုးအား အနိုင်ယူနိုင်ရန် ကူညီပေးနိုင် သည်။ စစ်ပွဲစသည်နှင့် ပိုလန်ပိုင်နက် (သို့မ ဟုတ်) အခြားနေရာမှ ဝင်ရောက်လာမည့် နေတိုးတပ်ဖွဲ့များကို ဘောလ်တစ်ဒေသသို့ မရောက်မီ ဒုံးကျည်များဖြင့် ပစ်လွှတ်ကာ နေ တိုးအင်အားကို လျှော့ချမည်ဖြစ်သည်။ ဥရော ပ အနောက်ပိုင်းမှ နေတိုးမဟာမိတ်နိုင်ငံများ က ရုရှားအား ကြောက်ရွံ့တုန်လှုပ်စေရန်ရည် ရွယ်၍ နေတိုးတပ်ဖွဲ့များနှင့် ပိုလန်ရှိ နေတိုးစစ် စခန်းများကို နျူကလီးယား လက်နက်များအား အကန့်အသတ်ဖြင့် အသုံးပြုတိုက်ခိုက်ခြင်းမျိုး ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု မှန်းဆနေကြသည်။
.
မဟာဗျူဟာဆိုင်ရာ ပြဿနာ
ထိုသို့သော ခြိမ်းခြောက်မှုအား ကာကွယ် နိုင်စေရန် ပိုလန်နိုင်ငံတွင်း၌ အခိုင်ခ့ံဆုံး ဒုံး ကျည်ကာကွယ်ရေးစနစ် တည်ဆောက်ရေးအ တွက်ဆိုလျှင် များစွာကြိုးပမ်းရန် လိုအပ်လျက် ရှိသည်။ ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုကို ခုခံ ခြင်း၊ နေတိုးတပ်ဖွဲ့ဝင်များကို ကာကွယ်ခြင်း နေတိုးစစ်ဆင်ရေး လုပ်ငန်းများ ပြီးမြောက်ရန် ဆက်လက်၍ ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်း တို့ကို ပိုလန်ဒုံးကျည်ကာကွယ်ရေး စနစ်၏ ဟန့်တားနိုင်စွမ်းရှိမှုကြောင့် ပူတင်၏ စတင် တိုက်မည့် အလားအလာများ လျော့နည်းစေ ရန် တည်ထောင်ဖန်တီးရမည်ဖြစ်သည်။ ဘော် လ်တစ်ဒေသအား ကာရံထားသည့် နေတိုး၏ ကာကွယ်မှုကို တိုးဖောက်နိုင်မည်ဆိုသည့် မျှော်လင့်ချက် မရှိပါက ပူတင်အတွက် အောင် မြင်နိုင်သည့် လမ်းကြောင်း မရှိနိုင်ချေ။ ထိုသို့ သော မဟာဗျူဟာဆိုင်ရာ ပြဿနာသည် အ မေရိကန်ပြည်ထောင်စုနှင့် ပိုလန်နိုင်ငံတို့၏ ဘုံ ပြဿနာဖြစ်သည်။ ထို့ကြောင့် ပိုလန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များသည် မဟာမိတ်များနှင့် ပိုလန်အား ကာကွယ်ပေးမည့် နေတိုးအဖွဲ့၏ ကတိကဝတ်ကို ဖော်ပြသည်။ သင်္ကေတဖြစ် ကြောင်း ထို့ကြောင့် မဟာမိတ်များသည် ပူး ပေါင်းတိုက်ခိုက်ခြင်း လေကြောင်းနှင့် ဒုံးကျည် ကာကွယ်ရေးစနစ်များ ပေါင်းစည်းထားသည့် ဆက်နွယ်မှုကို အားဖြည့်ပေးခြင်း စသည်တို့ ကို အရှိန်မြှင့် ဆောင်ရွက်သွားရန် များစွာလို အပ်သည်ဟု နေတိုးအဖွဲ့၏ တပ်မှူးဂျန်နရယ် မော့လ်ဝီးက ဆိုသည်။
.
ပိုလန်တွင် တည်ဆောက်မည့် လေ ကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်သည် ရုရှား၏ စစ်မဟာဗျူဟာကို ဟန့်တားရာ၌ အ ရေးပါကြောင်း ဖော်ပြသည့် အကောင်းဆုံး အထောက်အထားသည် ပိုလန်ဒုံးကျည် ကာ ကွယ်ရေးစနစ်များအပေါ် လွန်မင်းစွာ မနှစ်မြှုပ် ကြောင်း ရုရှားအာဏာပိုင်များက အကြိမ်ကြိမ် အခါခါ ထုတ်ပြောဆိုနေခြင်း ဖြစ်သည်။ ဥပမာ ဒုံးကျည်ကာကွယ်ရေးစနစ်အား ပိုလန်တွင် ဖြန့်ကြက်ကာ ချထားခြင်းဖြင့် ပိုလန်သည် ရု ရှား၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ဟု ၂၀၁၆ ခုနှစ်က ပူတင်မှ သတိပေးခြိမ်းခြောက်ခဲ့ဖူး သည်။ အတိုချုပ်ဆိုရလျှင် ရုရှားလေကြောင်း နှင့် ဒုံးကျည်တိုက်ခိုက်ရေးတို့ ပေါင်းစပ်ပြီး အ ဆင့်မြှင့် ရှုပ်ထွေးလာစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ထို ဒုံးကျည်များ ဖြန့်ကြက်ချထားမှု ကို ကာကွယ်ရန်အတွက် ပိုလန်နှင့် နေတိုးအ ဖွဲ့သည် ရုရှားစနစ်နှင့် စွမ်းရည်တူညီသည့် အ ဆင့်ဆင့် ပါဝင်သော ကာကွယ်ရေးစနစ်များ လိုအပ်ကြောင်း မက်သရူးကရိုနစ်၏ ဆောင်း ပါးတွင် ဖော်ပြထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats